ဆီယာ

ဆီယာ ကိတ် အစ်ဆိုဘယ်လ် ဖားလား (အင်္ဂလိပ်: Sia Kate Isobelle Furler; ၁၈ ဒီဇင်ဘာ ၁၉၇၅ ဖွား)[၂] သည် သြစတြေးလျနွယ်ဖွား အမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး ဆီယာ (အင်္ဂလိပ်: Sia) ဟူသော ရိုးရိုးရှင်းရှင်းအမည်ပြောင်ဖြင့် လူသိများသည်။ သူမသည် အက်ဒလိတ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ သူမသည် "Clap Your Hands" ၊ "Chandelier" ၊ "Cheap Thrills" ၊ "Unstoppable" ၊ Flo Rida နှင့်တွဲဖက်၍ "Wild Ones" ၊ ပြင်သစ် ဒီဂျေသမား David Guetta နှင့်တွဲဖက်၍ "Titanium" စသည့် သီချင်းများဖြင့် လူသိများသည်။ ၎င်းတို့ထဲမှ နောက်ဆုံးထွက်ရှိခဲ့သော သီချင်း သုံးပုဒ်သည် ကမ္ဘာတစ်ဝှမ်းလုံး၏ ထိပ်တန်းသီချင်းဆယ်ပုဒ်စာရင်းဝင်ခဲ့သည်။

ဆီယာ
၂၀၀၆ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ
ဇာတိ အမည်Sia
မွေးဖွားဆီယာ ကိတ် အစ်ဆိုဘယ်လ် ဖားလား
အင်္ဂလိပ်: Sia Kate Isobelle Furler)

(1975-12-18) ၁၈ ဒီဇင်ဘာ၊ ၁၉၇၅ (အသက် ၄၈)
အက်ဒလိတ်မြို့ဩစတြေးလျနိုင်ငံတောင်ပိုင်း
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေးဆရာ
  • အသံ သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၅ – လက်ရှိ
အိမ်ထောင်ဖက်(များ)Erik Anders Lang (လက်ထပ် 2014; ကွာရှင်း 2016)
Dan Bernad (လက်ထပ် 2023)
သားသမီး
ရရှိသည့်ဆုများစာရင်းအပြည့်အစုံကြည့်ရန်
ဂီတခရီးလမ်း
ဂီတဟန်
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်siamusic.net
လက်မှတ်

မိသားစု

ဆီယာ သည် လိင်တူရော လိင်ကွဲပါ စိတ်ဝင်စားသူဖြစ်သည်။[၃] သူမသည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် Erik Anders Lang နှင့် လက်ထပ်ခဲ့သည်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် လမ်းခွဲကြောင်းကြေငြာခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆီယာ သည် မွေးစားစောင့်ရှောက်မှုစနစ်မှ ကြီးပြင်းလာသည့် ယောက်ျားလေးနှစ်ဦးကို မွေးစားခဲ့ကြောင်း ထုတ်ဖော်ကြေငြာခဲ့သည်။[၄]

ကျန်းမာရေး

သူမသည် စိတ်နှစ်ခွဖြစ်တတ်သော စိတ်ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။[၅]

အလုပ်များ

ဆီယာ သည် ရီဟာနားUnapologetic ဟုအမည်ရသည့် ၂၀၁၂ ခုနှစ်ထွက် တေးအယ်လ်ဘမ်ထဲတွင် ပါဝင်သော "Diamonds" တေးသီချင်းကို ပူးတွဲရေးသားခဲ့သည်။[၆] သူမသည် Knowles နှင့် ထုတ်လုပ်သူ Ammo တို့နှင့်အတူ Beyoncé ၏ ပဉ္စမမြောက် တေးအယ်လ်ဘမ် Beyoncé (2013) ၏ ပထမဆုံးသီချင်း "Pretty Hurts" ကို ပူးတွဲရေးသားခဲ့သည်။

၂၀၁၈ ခုနှစ်ထွက် အန်နီမေးရှင်းရုပ်ရှင်ဖြစ်သော Peter Rabbit ရုပ်ရှင်ကားတွင် ဆီယာ သည် ဇာတ်ကောင် မစ္စ Tiggy-Winkle အဖြစ်် အသံနှင့်သရုပ်ဆောင်ခဲ့သည်။

သူမသည် ၂၀၂၁ ခုနှစ်တွင် သူမကိုယ်တိုင် တွဲဖက်ရေးသားပြီး စီစဉ်ရိုက်ကူးခဲ့သော ဂီတ ရုပ်ရှင်ကို ထုတ်ဝေခဲ့သည်။ သူမသည် ၎င်း၏ ဇာတ်ဝင်တေး ဆယ်ပုဒ်ကို ကိုယ်တိုင် ရေးခဲ့သည်။[၇]

အယ်လ်ဘမ်များ

  • Healing Is Difficult (2001)
  • Colour the Small One (2004)
  • Some People Have Real Problems (2008)
  • We Are Born (2010)
  • 1000 Forms of Fear (2014)
  • This Is Acting (2016)
  • Everyday Is Christmas (2017)
  • Music – Songs from and Inspired by the Motion Picture (2021)
  • Reasonable Woman (2024)

ကိုးကား

ပြင်ပလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ