ဒီစီ ရုပ်စုံ

ဒီစီ ရုပ်စုံ အင်ကော်ပိုရေးရှင်း (DC Comics, Inc. သို့မဟုတ် DC) သည် အမေရိကန် ကာတွန်းရုပ်ပြစာအုပ်ကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းသည် Warner Bros. Discovery. ၏ လက်အောက်ခံလုပ်ငန်းဖြစ်သော DC Entertainment ၏ ဖြန့်ချိရေး အစိတ်အပိုင်းဖြစ်ပြီး Time Warner ကုမ္ပဏီမှပင် ပိုင်ဆိုင်သည်။[၄][၅][၆][၇] ၎င်း၏ ပထမဆုံး လူသိများသော ကာတွန်းရုပ်ပြစာအုပ်များမှာ Action ComicsDetective ComicsAll Star Comics နှင့် Sensation Comics တို့ဖြစ်သည်။ ၎င်းတို့သည် စူပါမင်း (1938)၊ Batman (1939) နှင့် Wonder Woman (1941) စသည့် ရုပ်စုံစာစောင်တို့ကို မိတ်ဆက်ပေးရန် မရှိမဖြစ်လိုအပ်သည်။ DC Comics သည် "စူပါဟီးရိုး" ရုပ်ပြစာအုပ်များ ဖန်တီးခြင်းကြောင့် လူသိအများဆုံး၊ အကြီးဆုံးနှင့် ရှေးအကျဆုံး အမေရိကန် ကာတွန်းရုပ်ပြစာအုပ်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ ဒီစီ (DC) ဟူသော အမည်အောက်တွင် ၎င်းတို့၏ ပထမဆုံး ကာတွန်းရုပ်ပြစာအုပ်ကို ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ခေတ်သစ်အနုပညာဘာသာရပ်ဖြစ်သော ဂရပ်ဖစ်ပညာတွင် အလွန်ကျော်ကြားသည်။[၈]

DC Comics, Inc.
ဒီစီ ရုပ်စုံ၏ လက်ရှိ လိုဂိုအမှတ်တံဆိပ် (၂၀၁၆ ခုနှစ်တွင် ပြန်လည်မိတ်ဆက်ခဲ့သည်။)
မိခင် ကုမ္ပဏီဒီစီ ဖျော်ဖြေရေး
အခြေနေActive
တည်ထောင်ခဲ့၁၉၃၄; ၉၀ နှစ် အကြာက (၁၉၃၄)[၁]
(as National Comics Publications)

၁၉၆၁; ၆၃ နှစ် အကြာက (၁၉၆၁)
(as National Periodical Publications)

၁၉၇၇; ၄၇ နှစ် အကြာက (၁၉၇၇)
(as DC Comics)
တည်ထောင်သူMalcolm Wheeler-Nicholson
မူလနိုင်ငံအမေရိကန်ပြည်ထောင်စု
ရုံးချုပ် တည်နေရာ4000 Warner Blvd., Burbank, California
ဖြန့်ဝေခြင်း
အရေးပါ ပုဂ္ဂိုလ်
  • Jim Lee (President, Publisher, CCO)
  • Anne DePies (SVP, General Manager)
  • Marie Javins (EIC)
ပုံနှိပ်ထုတ်ဝေမှု အမျိုးစားထုတ်ဝေမှုများ စာရင်း
Fiction genres
  • Superhero
  • Fantasy
  • Science fiction
  • Action
  • Adventure
ImprintsList of imprints
ပိုင်ဆိုင်သူWarner Bros. Discovery
No. of employees~230[၃]
တရားဝင် ဝဘ်ဆိုဒ်www.dc.com

၎င်း၏ထုတ်ဝေမှုအများစုတွင် ဒီစီ စိတ်ကူးယဉ် ဇာတ်လမ်းကမ္ဘာမှ ဇာတ်ကောင်များဖြစ်သော စူပါမင်းလင်းနို့လူသားဝမ်းဒါး ဝွန်းမင်း၊ ဖလက်ရှ်၊ အက်ကွာမင်း၊ ဂရင်း လန်တန် နှင့် ဆိုက်ဘော့ တို့ကဲ့သို့ ကျော်ကြားပြီး အထင်ကရရှိသော စူပါဟီးရိုးများစွာကို ဖော်ပြထားသည်။ ၎င်းသည် Justice League ၊ the Justice Society of America ၊ Justice League Dark ၊ Doom Patrol နှင့် Teen Titans တို့ အပါအဝင် ထင်ရှားသော စူပါဟီးရိုးအဖွဲ့များကိုလည်း ဖွဲ့စည်းထားသည်။ ထိုမျှမက Lex Luthor ၊ Joker ၊ Cheetah ၊ Reverse-Flash ၊ Black Manta ၊ Sinestro နှင့် Darkseid စသည့် နာမည်ကြီး စူပါဗီလိန် မျိုးစုံကိုလည်း ထည့်သွင်းပါရှိသည်။ ကုမ္ပဏီသည် WatchmenV for VendettaFables အပါအဝင် ဒီစီ စိတ်ကူးယဉ် ဇာတ်လမ်းကမ္ဘာနှင့်သက်ဆိုင်မှု-မရှိသော အကြောင်းအရာများကို Vertigo နှင့် ယခု ဒီစီ အနက်ရောင်စာတမ်းတံဆိပ် အောက်မှ ထုတ်ဝေခဲ့သည်။

သမိုင်း

Pulp စာရေးဆရာ Malcolm Wheeler-Nicholson သည် အမျိုးသားမဟာမိတ်ဖြန့်ချိရေးလုပ်ငန်းများ (National Allied Publications) ကို ၁၉၃၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ နောက်တစ်နှစ်တွင် ကုမ္ပဏီသည် သတင်းစာတွင် ကာတွန်းအကွက်များကို ပြန်လည်ပုံနှိပ်ခြင်းထက် လုံး၀အသစ်သော ရုပ်ပြ စာအုပ်ကို ပထမဆုံးထုတ်ပြခဲ့သည်။ ငွေကြေးလိုအပ်နေသည့်အတွက် Wheeler-Nicholson သည် မဂ္ဂဇင်းထုတ်ဝေသူများ Harry Donenfeld နှင့် Jack Liebowitz တို့နှင့် ပူးပေါင်းကာ Detective Comics, Inc. ကို ၁၉၃၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ Wheeler-Nicholson သည် Donenfeld နှင့် Liebowitz တို့အား အကြွေးများကို ပြန်မဆပ်နိုင်ခဲ့သဖြင့် ကုမ္ပဏီမှ ထုတ်ပယ်ခံခဲ့ရသည်။ ၁၉၄၀ ခုနှစ်များအတွင်း ပေါင်းစပ်မှုများ ဆက်တိုက်ပြုလုပ်ခြင်းဖြင့် National Periodical Publications (NPP) ဟုခေါ်သော ကုမ္ပဏီအသစ်ကို တည်ထောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် NPP ကို Kinney National Company မှ ဝယ်ယူခဲ့ပြီး ၎င်းကိုလည်း Warner Brothers-Seven Arts မှ ဝယ်ယူခဲ့သည်။ ၎င်း၏သမိုင်းကြောင်းများစွာအတွက် ကုမ္ပဏီကို DC Comics ဟု လူသိများသော်လည်း ၁၉၇၇ ခုနှစ်အထိ အဆိုပါအမည်ကို တရားဝင်ခံယူခဲ့ခြင်း-မရှိပေ။[၁][၉][၁၀]

ဒီစီ ရုပ်စုံ၏ အထူးထုတ် မီဒီယာ ထုတ်ခွင့်ရ ထုတ်ကုန်များ

စူပါမင်း

  • Action Comics
  • Superman

လင်းနို့လူသား

  • Detective Comics
  • Batman

Wonder Woman

  • All Star Comics
  • Sensation Comics
  • Wonder Woman

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ