နို့လက်ဖက်ရည်မဟာမိတ်

အွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှု

နို့လက်ဖက်ရည်မဟာမိတ် (အင်္ဂလိပ်: Milk Tea Alliance) သည် အွန်လိုင်းဒီမိုကရေစီလှုပ်ရှားမှုပုံစံဖြစ်သည်။ ထိုမဟာမိတ်ကို ဟောင်ကောင်ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့၏ အင်တာနက်အသုံးပြုသူများမှ တည်ထောင်ခဲ့ကြသည်။[၂] မြန်မာနိုင်ငံသည်လည်း အာဏာသိမ်းပိုက်ခြင်းကို ဆန္ဒပြရာတွင် ထိုမဟာမိတ်၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[၃] အစပိုင်းတွင် တရုတ်အင်တာနက် troll များကိုသရော်ရန်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုပုံစံဖြစ်လာခဲ့သည်။[၄] ဖိလစ်ပိုင်အိန္ဒိယမလေးရှားအင်ဒိုနီးရှားဘီလာရုဇ်နှင့် အီရန်နိုင်ငံများတွင်လည်း ထိုလှုပ်ရှားမှုမှာ လူသိများလာကြသည်။[၅]

အင်တာနက်အသုံးပြုသူများမှ ပြုလုပ်ထားသောနို့လက်ဖက်ရည်မဟာမိတ်အလံ (ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံတို့၏ နို့လက်ဖက်ရည်အရောင်များဖြစ်ကြသည် (ဝဲမှယာ))[၁]
နို့လက်ဖက်ရည်မဟာမိတ်နိုင်ငံများ (အိန္ဒိယနိုင်ငံကို တစ်ခါတစ်ရံထည့်သွင်းလေ့ရှိသည်)

အမည်ဖြစ်ပေါ်ပုံ

နို့လက်ဖက်ရည်ကို တရုတ်နိုင်ငံအားဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများက လက္ခဏာအဖြစ်အသုံးပြုခဲ့ကြသည်။ ထိုနိုင်ငံများတွင် လက်ဖက်ရည်ကိုနို့ဖြင့်ဖျော်၍ သောက်သုံးကြပြီး တရုတ်နိုင်ငံတွင်မူ နို့မထည့်ဘဲ လက်ဖက်ရည်အတိုင်း (မြန်မာအခေါ်အားဖြင့် ရေနွေးကြမ်း) သာ သောက်သုံးသောကြောင့်ဖြစ်သည်။[၆] ထိုင်ဝမ်၏ Bubble Tea ခေါ် ပုလဲလုံးနို့လက်ဖက်ရည်၊ ဟောင်ကောင်၏ နို့လက်ဖက်ရည်နှင့် ထိုင်းလက်ဖက်ရည်တို့သည် အလွန်ဆင်တူကြသည်။ [၇][၂]

နောက်ခံသမိုင်း

External images
Milk Tea Alliance memes published by "奶茶通俗學 Milktealogy" Facebook[၁]


ထိုင်းနိုင်ငံသားတို့၏ ဟောင်ကောင်နှင့်ထိုင်ဝမ်တို့ကိုထောက်ပံ့မှုကြောင့် ဒီမိုကရေစီအတွက်လှုပ်ရှားသူများနှင့် တရုတ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများလည်း ပါဝင်လာခဲ့ကြသည်။[၈][၇] ဟောင်ကောင်နှင့်ထိုင်ဝမ်တို့မှ တွစ်တာအသုံးပြုသူများသည်လည်း ထိုင်းတွစ်တာအသုံးပြုသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။[၉] ပါလဘီ မွန်ဆီ (Pallabi Munsi) သည် ထိုသို့နိုလက်ဖက်ရည်မဟာမိတ်သည် တရုတ်ပြားငါးဆယ်ပါတီအား စိန်ခေါ်မှုကို "တရုတ်အင်တာနက် troll များအား အာရှမှပြန်လည်တွန်းကန်ခြင်း" ဟူ၍ဆိုခဲ့သည်။[၁၀]

တုံ့ပြန်မှု

တရုတ်အစိုးရသည်ထိုမဟာမိတ်ကို အမေရိကန်အစိုးရမှစီမံထားသော အရောင်တော်လှန်ရေး (color revolution) တစ်မျိုးဖြစ်သည် ဟူ၍အပြစ်တင်ဝေဖန်ခဲ့သည်။[၁၁]

ကျမ်းကိုး

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ