ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသောငှက်များ

ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသောငှက်များ
Temporal range: Eocene–Present
PreЄ
Є
O
S
D
C
P
T
K
Pg
N
Possible Cretaceous record
Buller's albatross (Thalassarche bulleri)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Aves
Clade:Austrodyptornithes
မျိုးစဉ်:Procellariiformes
Fürbringer, 1888[၁]
မျိုးရင်းများ

†Diomedeoididae
Procellariidae
Diomedeidae
Hydrobatidae
Oceanitidae

ဇီဝမျိုးစုံမျိုးကွဲ
4 extant families, 23 genera, 125 species

ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသောငှက်များ[မှတ်စု ၁] (Procellariiformes) /prɒsɛˈlɛəri.ɪfɔːrmz/ ငှက်မျိုးစဉ်တွင် မျိုးရင်း ၄ ခု ပါဝင်ပြီး မျိုးစိတ်ပေါင်း ၁၂၅ ခု ပါဝင်သည့် ပင်လယ်ငှက်များ ဖြစ်ကြသည်။ ယင်းတို့ကို ကမ္ဘာအနှံ့ သမုဒ္ဒရာများတွင် တွေ့နိုင်ပြီး နယူးဇီလန်တွင် မျိုးစိတ်မူကွဲအများဆုံးဖြင့် တွေ့ရသည်။ သားပေါက်သည့်မူလအသိုက်သို့ နှစ်ပေါင်းများစွာ ပြန်လာလေ့ရှိကြပြီး ငှက်စုံတွဲများသည် နှစ်ပေါင်းများစွာ သို့မဟုတ် သူတို့၏ဘဝတစ်သက်တာ ပေါင်းသင်းလေ့ရှိကြသည်။ ဥ ၁ လုံးတည်းသာ ဥတတ်ကြပြီး ငှက်အဖိုနှင့်အမ နှစ်ကောင်စလုံး သားပေါက်ကို စောင့်ရှောက်ပြုစုကြသည်။ အခြားငှက်များထက် သားဖောက်ကာလ ကြာမြင့်ပြီး အပျံတတ်မြောက်ပါက မိဘစောင့်ရှောက်မှု မရှိတောပေ။ မျိုးစိတ်ပေါင်းများစွာသည် ငါးဖမ်းလုပ်ငန်းများ၊ ယင်းငှက်တို့၏ ကျက်စားရာနေရာတွင် ငှက်မျိုးစိတ်သစ် ဝင်လာခြင်း အစရှိသည်တို့ကြောင့် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့်မျိုးစိတ်အဖြစ် ရောက်ရှိလာကြသည်။ သိပ္ပံပညာရှင်များ၊ အစိုးရများ၊ တံငါသည်များက ယင်းငှက်တို့အပေါ်ကျရောက်သည့်အန္တရာယ်အား လျော့ချရန် သဘောတူညီချက်တစ်ခုကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။


မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ