ပိုင်လူမျိုး

ပိုင် သို့မဟုတ် ပါအိပ် ( ပိုင် : Baipho, /pɛ̰˦˨xo̰˦/ (白和); အသံထွက်[pɛ̀tsī] )သည် အရှေ့အာရှလူမျိုးစုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရှိ ဌာနေတိုင်းရင်းသားဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံမှတရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၆ ခုအနက် တစ်ခုဖြစ်သည်။ ၂၀၁၀ခုနှစ်လူဦးရေစာရင်းအရ ပိုင်လူမျိုးဦးရေ ၁.၉၃၃.၅၁၀ဦးရှိသည်။ [၂]

ပိုင်
白族
ပိုင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီး
လူဦးရေ စုစုပေါင်း
၁,၈၅၈,၀၆၃[၁]
အများစု နေထိုင်သည့် နေရာ
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်အများဆုံးနေထိုင်ကြသည်။ (တာလီ ဧရိယာ)၊ ကွေ့ကျိုးပြည်နယ် (ပိကျယ်ဧရိယာ) နှင့် ဟူနန်ပြည်နယ် (သင်းကြီဧရိယာ)
ဘာသာစကား
ပိုင်, မန်ဒရင်း
ကိုးကွယ်မှု
ဗုဒ္ဓဘာသာ၊ Benzhuism၊ တာအိုဘာသာ နှင့် ခရစ်ယာန်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဟန်တရုတ် • ဟွေ
Other တရုတ်တိဘက်နွယ်လူမျိုး

အမည်များ

ပိုင်လူမျိုးများသည် အဖြူရောင်ကို အလေးအမြတ်ထားသဖြင့် မိမိတို့ကိုယ်ကို "Baipzix" ( pɛ˦˨ tsi˧, Baizi, 白子), "Bai'ho" ( pɛ˦˨ xo˦, Baihuo, 白伙), "Bai yinl" ( pɛ˦˨ ji˨˩, Baini, 白尼) သို့မဟုတ် "Miep jiax" ဟု ခေါ်ဆိုကြသည်။ ပိုင်လူမျိုးသည် တရုတ်ဘာသာတွင် 'လူဖြူ'ဟု အဓိပ္ပာယ်ရသည်။ ၁၉၅၆ ခုနှစ်တွင် တရုတ်အာဏာပိုင်များက သူတို့ကိုပိုင်လူမျိုးဟု သတ်မှတ်လိုက်ပါသည်။

တည်နေရာ

ပိုင်ဗိသုကာ

ပိုင်လူမျိုးများသည် အများအားဖြင့် ယူနန် ( တာလီဒေသ)နှင့်အိမ်နီးချင်း ကွေ့ကျိုး ( ပိကျယ် ဒေသ)၊ ဟူနန်( သင်ကြီးဒေသ) တို့တွင်နေထိုင်ကြသည်။ လူဦးရေ (၂) သန်းအနက် ၈၀ ရာနှုန်းသည်ယူနန်ပြည်နယ် ရှိ တာလီပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တွင်နေထိုင်ကြသည်။

ဘာသာစကား

၂၀၀၃ခုနှစ်ခန့်မှန်းခြေ ကောက်ယူထားသောစာရင်းအရ ပိုင်ဘာသာစကားကို ပိုင်လူမျိုး (၁,၂၄၀,၀၀၀)ခန့်အပြင် ၎င်းနှင့်ဆက်နွယ်သည့် လူမျိုးစုအနွယ် အားလုံးတွင်ပြောဆိုကြသည်။ အချိန်ကြာမြင့်စွာ တရုတ်ဘာစကားလွှမ်းမိုးမှုကြောင့် ပိုင်ဘာသာစကား၏ မူလရင်းမြစ်ကို ရှာဖွေရန်ခက်ခဲနေပါသည်။ဤကိစ္စသည် ပညာရှင်များအကြား အငြင်းပွားစရာတစ်ခုဖြစ်သည်။ ထိုဘာသာကို ရှေးတရုတ်စာနှင့် ညီအစ်မစာ သို့မဟုတ် သီးခြားအုပ်စုတစ်ခု (များသောအားဖြင့် တရုတ် - တိဘက် မိသားစုတွင်ပါဝင်သည် )ဟု အဆိုပြုထားသည်။[၃]

ပိုင်တို့သည် သူတို့ကိုယ်သူတို့ ပိုင်ဇိ၊ ပိုင်နိ သို့မဟုတ် ပိုင်ဟွော်ဟု ခေါ်ဆိုကြလေ့ရှိသည်။ ၎င်းတို့တွင် ဟန်စကားလုံး မင်ကျာ(တာလီမှ ပိုင်တို့ကို ခေါ်ဝေါ်သောအမည်) အပါအဝင် အခြားနာမည် ၆၀လုံး ရှိပါသေးသည်။ တန်နှင့် ဆောင်မင်းဆက်လကါထက်၌ ပိုင်ကို တရုတ်အရေးအသားဖြင့်ရေးသားခဲ့ခြင်းနည်းတူ ဂျပန်စာ၌လည်း တရုတ်စာလုံးများကို Man'yōgana (万叶假名) ဂျပန်ရေးသားဖို့ရန် အသုံးပြုခဲ့ကြသည်။ လက်တင်အခြေပြုအရေးအသားစနစ်ကို ၁၉၅၇ ခုနှစ်တွင်တီထွင်ခဲ့သည်။

ထင်ရှားသောပိုင်လူမျိုးများ

  • သွန်စိဖိင် (段思平) - တာလီနိုင်ငံကို တည်ထောင်ခဲ့သည်။
  • ချန်းညိချိင် (谌贻琴 ) - ကွန်မြူနစ်ပါတီဒုတိယအတွင်းရေးမှူး၊ ကွေ့ကျိုး ပြည်နယ်အုပ်ချုပ်ရေးမှူး
  • ဝင်ရှိကျီ (王希季) - လေကြောင်းအင်ဂျင်နီယာ၊ Long March 1 ဒုံးပျံကိုဒီဇိုင်းဆွဲသူ
  • Xu Lin (zh) (徐琳) - ဘာသာဗေဒ၊ ခေတ်သုံးဘာသာစကားကိုခေတ်သစ်သဒ္ဒါကိုတည်ထောင်သူ နှစ်ဦးအနက်တစ်ဦး ဖြစ်သည်။
  • ယင်ချာဝ်ယွေ(杨超越) - အဆိုတော်
  • ယင်လိဖိင် (杨丽萍) - အကသမား
  • ယင်ရုင်(楊蓉) - မင်းသမီး
  • ယင် ယွန်တာဝ် (楊雲濤) - ကချေသည်
  • ကျင်လေကျိန်ကျု (张乐进求) -ပိုင်၏ ဒဏ္ဍာရီဘိုးဘေး
  • ကျင်လိကျူ (张丽珠) - မီးယပ်အထူးကု
  • ကျင်ကျယ်ဘာဝ် (张结宝) - ယူနန်ပြည်နယ်အနောက်မြောက်ပိုင်းတွင် 1920 ကျော်တွင် တက်ကြွစွာပါဝင်ခဲ့သည်။
  • ကျာဝ်ဖှန် (趙藩) - ပညာရှင်၊ စာလုံးအလှရေးသူနှင့်ကဗျာဆရာ
  • ကျာဝ်ရှီမိင် (赵式铭) - ပိုင်ဘာသာစကားကို စနစ်တကျလေ့လာခဲ့သည့် ပထမဦးဆုံးပညာရှင်။
  • ကျာဝ်ယန်ဆွန် (赵衍荪) - ဘာသာဗေဒပညာရှင်၊ ခေတ်သစ်ပိုင်ဘာသာစကား၏ သဒ္ဒါကိုတည်ထောင်သူနှစ်ဦး အနက်မှတစ်ဦး ဖြစ်သည်။
  • ကျိုးပါဝ်ကျုင်(周保中) - တရုတ်အရှေ့မြောက်ပိုင်းတွင်ဂျပန်တို့ကျူးကျော်မှုကိုဆန့်ကျင်တိုက်ခိုက်ခဲ့သည့်စစ်ဗိုလ်ချုပ်ကြီး။


ကိုးကား

ရင်းမြစ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ