ဗဟိုဥရောပဒေသ စံတော်ချိန်

ဗဟိုဥရောပ စံတော်ချိန်(အင်္ဂလိပ်: Central European Time) (CET) သည် Coordinated Universal Time (UTC) ထက် ၁ နာရီမျှ ရှေ့ရောက်နေသော စံတော်ချိန်ဖြစ်သည်။ UTC မှ Time offset ကို UTC+01:00 ဟု ရေးသားသည်။ ဤစံတော်ချိန်ကို ဥရောပရှိ ဒေသအများအပြားနှင့် မြောက်အာဖရိကမှ နိုင်ငံအနည်းငယ်တို့မှ အသုံးပြုသည်။ ဗဟိုဥရောပစံတော်ချိန်ကို အလယ်ဥရောပ စံတော်ချိန် (Middle European Time, MET, German: MEZ) နှင့် အရပ်သုံးအမည်များဖြစ်သော ဘာလင် စံတော်ချိန်(Berlin Time)၊ ဘရပ်ဆဲလ် စံတော်ချိန်(Brussels Time)၊ မက်ဒရစ် စံတော်ချိန်(Madrid Time)၊ ပဲရစ် စံတော်ချိန်(Paris Time)၊ ရောမ စံတော်ချိန်(Rome Time) နှင့် ဝါဆော စံတော်ချိန်(Warsaw Time) ဟူ၍ သိရှိထားကြသည်။

ဥရောပတိုက်ရှိ အချိန်ဇုန်များ:
ခရမ်းရောင်ဖျော့ဖျေ အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
ခရမ်းရောင် အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1)
အနီရောင် ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1)
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2)
အဝါရောင် အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2)
ရွှေ အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2)
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3)
အစိမ်းရောင်ဖျော့ဖျော့ မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3)
အရောင်ဖျော့များသည် တနှစ်ပတ်လုံး စံတော်ချိန် တစ်ခုတည်းသာ အသုံးပြုသော ဒေသများအား ရည်ညွှန်းပြီး အရောင်ရင့်များသည် နွေရာသီစံတော်ချိန်အား အသုံးပြုသော ဒေသများအား ရည်ညွှန်းသည်။

၁၅ ဒီဂရီ အရှေ့လောင်ဂျီတွဒ်မျဉ်းသည် အချိန်ဇုန်၏ ကမ္ဘာသုံးစနစ်တွင် UTC+01:00 အတွက် ဗဟိုဝင်ရိုးမျဉ်းဖြစ်သည်။[၁]

၂၀၁၁ တွင် ဥရောပသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် မတ်လ နောက်ဆုံး တနင်္ဂနွေနေ့မှ အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အထိ နွေရာသီစံတော်ချိန် (နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်)အား အသုံးပြုကြသည်။ ထို့ကြောင့် CET ဧရိယာအတွင်းရှိ နိုင်ငံများသည် နွေရာသီအတွက် ဗဟိုဥရောပ နွေရာသီစံတော်ချိန် (Central European Summer Time၊ CEST -- UTC+02:00)အား ပြောင်းလဲအသုံးပြုကြသည်။

အာဖရိကတိုက်တွင် UTC+01:00 အား အနောက်အာဖရိက စံတော်ချိန်(West Africa Time၊ WAT)ဟု ခေါ်ဆိုကြပြီး နိုင်ငံပေါင်းများစွာမှ တစ်နှစ်ပတ်လုံးအသုံးပြုကြသည်။[၂] အယ်လ်ဂျီးရီးယားနိုင်ငံမော်ရိုကိုနိုင်ငံနှင့် တူနီးရှားနိုင်ငံတို့သည်လည်း အသုံးပြုကြပြီး ဗဟို‌ဥရောပ စံတော်ချိန်အဖြစ် ညွှန်းဆိုသုံးနှုန်းကြသည်။[၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ