ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်

ဗဟိုဥရောပ နွေရာသီစံတော်ချိန်(အင်္ဂလိပ်: Central European Summer Time)(CEST)၊ အချို့အခြေအနေများ၌ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Time၊ CEDT))ဟု ညွှန်းဆို၊ ကို ဗဟိုဥရောပ စံတော်ချိန်(CET; UTC+01:00)အား အသုံးပြုသော အချို့သော ဥရောပနိုင်ငံများတွင် နွေရာသီ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်အဖြစ် အသုံးပြုကြသည်။ ၎င်းသည် UTC+02:00နှင့် ကိုက်ညီမှရှိပြီး အရှေ့ဥရောပ စံတော်ချိန်၊ ဗဟိုအာဖရိက စံတော်ချိန်တောင်အာဖရိက စံတော်ချိန်အီဂျစ် စံတော်ချိန်နှင့် ရုရှားနိုင်ငံတွင် အသုံးပြုသော ကာလင်နင်ဂရတ်ဒေသစံတော်ချိန်တို့နှင့်လည်း တူညီသည်။[၁]

ဥရောပတိုက်ရှိ အချိန်ဇုန်များ:
ခရမ်းရောင်ဖျော့ဖျေ အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
ခရမ်းရောင် အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1)
အနီရောင် ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1)
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2)
အဝါရောင် အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2)
ရွှေ အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2)
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3)
အစိမ်းရောင်ဖျော့ဖျော့ မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3)
အရောင်ဖျော့များသည် တနှစ်ပတ်လုံး စံတော်ချိန် တစ်ခုတည်းသာ အသုံးပြုသော ဒေသများအား ရည်ညွှန်းပြီး အရောင်ရင့်များသည် နွေရာသီစံတော်ချိန်အား အသုံးပြုသော ဒေသများအား ရည်ညွှန်းသည်။

အမည်များ

ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အခြားသောအမည်များအဖြစ် အလယ်ဥရောပ နွေရာသီစံတော်ချိန်(Middle European Summer Time၊ MEST)[၂]၊ ဗဟိုဥရောပ နေ့အလင်းရောင်ထိန်းသိမ်းသော စံတော်ချိန်(Central European Daylight Saving Time၊ CEDT)[၃] နှင့် ဘရာဗိုချိန် (နေတိုး သဒ္ဒဗေဒအက္ခရာ၏ ဒုတိယမြောက်အက္ခရာ) အစရှိသဖြင့် အသုံးပြုကြသည်။[၄]

အသုံးပြုသည့်ကာလ

၁၉၉၆ ခုနှစ်မှစ၍ ဥရောနွေရာသီစံတော်ချိန်အား 01:00 UTC (02:00 CET နှင့် 03:00 CEST) တွင် မတ်လ နောက်ဆုံးတနင်္ဂနွေနေ့နှင့် 01:00 UTC တွင် အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အတွင်း ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများတွင် တသမတ်တည်းမဟုတ်ပဲ သတ်မှတ်ခဲ့သည်။[၅]

၂၀၂၁ မှစ၍ ဥရောပတွင် နွေရာသီစံတော်ချိန်အား ပယ်ဖျက်ပြီး ဆောင်းရာသီစံတော်ချိန်အား တနာရီရှေ့တိုး၍ တနှစ်ပတ်လုံး အချိန်အား ထိန်းသိမ်းရန် အဆိုပြုချက်များ ရှိခဲ့သည်။[၆]


အသုံးပြုမှုများ

ဖော်ပြပါနိုင်ငံများနှင့် ဒေသများအတွင် ပုံမှန်အားဖြင့် ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုကြသည်။[၇]

ဖော်ပြပါနိုင်ငံများတွင် ယခင်က ဗဟိုဥရောပ နွေရာသီစံတော်ချိန်အား အသုံးပြုခဲ့သည်။

ဆက်လက်ကြည့်ရှုရန်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ