ဘီဘီစီ

ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ဘီဘီစီ) (အင်္ဂလိပ်: British Broadcasting Corporation) သည် ယူနိုက်တက်ကင်းဒမ်း၏ အရေးပါသော ပြည်သူ့အကျိုးပြု ရုပ်သံဌာနတစ်ခုဖြစ်သည်။ ဝန်ထမ်း ၂၃,၀၀၀ ခန့်ရှိသည့် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရုပ်သံဌာနလည်းဖြစ်သည်။[၁][၂][၃] ဘီဘီစီဌာနချုပ်သည် လန်ဒန်မြို့တွင် တည်ရှိပြီး တော်ဝင်ချာတာအရ သီးခြားလွတ်လပ်စွာ လည်ပတ်သည့် သတင်းမီဒီယာဖြစ်သည်။[၃] ဘီဘီစီသည် အဓိကအားဖြင့် ယူကေအတွင်းရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုလိုင်စင်ကြေးဖြင့် ရပ်တည်သည်။ ယင်းလိုင်စင်ကြေးကို ဗြိတိသျှအစိုးရမှ နှစ်စဉ်သတ်မှတ်ပြီး ပါလီမန်မှ သဘောတူ အတည်ပြုပေးသည်။[၄] [၅][၆]

ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း
British Broadcasting Corporation
လုပ်ငန်းရုပ်သံထုတ်လွှင့်မှု
တည်ထောင်သည့်နှစ်October 1922
ဌာနချုပ်လန်ဒန်မြို့, ယူနိုက်တစ် ကင်းဒမ်း
ဝန်ဆောင်မှု ဧရိယာကမ္ဘာတဝန်း
အရေးပါ ပုဂ္ဂိုလ်များSir Michael Lyons ဆာမိချယ်လ် လီယွန်စ်
(Chairman, BBC Trust)
Mark Thompson
(Director-General)
ဝန်ဆောင်မှုရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်း
ဝက်ဘ်ဆိုက်www.BBC.co.uk

၁၉၃၂ ခုနှစ် ဒီဇင်ဘာလတွင် ဘီဘီစီ အင်ပါယာ ဆားဗစ်(BBC Empire Service) ဗွေဆော်ဦး ထုတ်လွှင့်ချက်များ စတင်ခဲ့ချိန်မှစ၍ ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ် (BBC World Service) သည် ပြင်ပနိုင်ငံများသို့ ရေဒီယို အစီအစဉ်များကို တိုက်ရိုက်သော်လည်းကောင်း အခြားဒေသမှတဆင့်သော်လည်းကောင်း လွှင့်ထုတ်ပေးသည်။ နောက်ပိုင်းတွင် ရုပ်မြင်သံကြား အစီအစဉ်များကိုလည်း ထုတ်လွှင့်လာပြီး ယနေ့တွင် အင်တာနက်ပေါ်တွင် ကြည့်ရှုနားဆင်နိုင်ရန် စီစဉ်ထားသည်။

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ