မဟာဝဇိရာလင်္ကရဏ

ရာမ ၁၀

မဟာဝဇိရာလင်္ကရဏ (သင်္သကရိုက်: Mahāvajirālaṅkaraṇa) သည် ထိုင်းနိုင်ငံ၏ ဘုရင်ဖြစ်သည်။ သူသည် ဘုရင်ဘူမိဗလ နှင့် မိဖုရား သီရိခေတ် တို့၏ တစ်ဦးတည်း​သော သား​တော်ဖြစ်သည်။ ၁၉၇၂ ခုနှစ် အသက်၂၀ အရွယ်တွင် အိမ်​ရှေ့မင်းသားအဖြစ် ဘုရင်ဘူမိဗလမှ တင်မြှောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ​အောက်တိုဘာလ၁၃ ရက်​နေ့တွင် ခမည်း​တော် နတ်ရွာစံပြီး​နောက် ဘုရင်ဖြစ်လာခဲ့ပြီး နန်းသိမ်းပွဲအတွက်ကိုမူ အချိန်တစ်ခု​စောင့်ဆိုင်းရန် သူက​ပြောခဲ့သည်။[၁]

ဝဇိရာလင်္ကရဏ
Vajiralongkorn
ရာမ ၁၀ ဘုရင်
ထိုင်းနိုင်ငံဘုရင်
နန်းသက်၁၃ ​အောက်တိုဘာ ၂၀၁၆-လက်ရှိ
Coronation၄ ​မေ ၂၀၁၉
ရှေ့မင်းဆက်ဘူမိဗလအတုလျတေဇ (ရာမ၉)
ဆက်ခံရန် လျာထားသူဒီပင်္ကရ ရံသိဇောတိ
ဘုရင်ခံပရမ် တင်ဆူလန်နိုဒါ
(2016)
ဝန်ကြီးချုပ်
မွေးဖွား (1952-07-28) ၂၈ ဇူလိုင်၊ ၁၉၅၂ (အသက် ၇၁)
အမ်ပွန်း သဒန် အိမ်တော်ဒူဆစ်နန်းတော်၊ ဘန်​ကောက်မြို့၊ ထိုင်းနိုင်ငံ
အိမ်ထောင်ဖက်သိုမ်သာဝလီ
(လက်ထပ် 1977; ကွာရှင်း 1991)
ယုဝဓီတာ
(လက်ထပ် 1994; ကွာရှင်း 1996)
သီရိရံသိ သုဝတီ
(လက်ထပ် 2001; ကွာရှင်း 2014)
ဆုသီတာ
(လက်ထပ် 2019)
ဆုသီတာ (လက်ထပ် 2019)
နိရမလဖွမ်းဖြောင်
(လက်ထပ် 2019; ကွာရှင်း 2019)
သားသမီးများစုံသဝလီနှင့်:
ဝဇိရကိတိယာဘာ

ယုဝဓီတာနှင့်:
စုဍာဝဇရ ဝိဝဇရဝံသ
ဝဇိရရေသ ဝိဝဇရဝံသ
စကြီဝဇိရ ဝိဝဇရဝံသ
ဝဇရဝီရ ဝိဝဇရဝံသ
သီရိဝဏ္ဏဝရီ နာရီရတန

သီရိရံသိ သုဝတီနှင့်:
ဒီပင်္ကရ ရံသိဇောတိ
အမည် အပြည့်အစုံ
မဟာဝဇိရာလင်္ကာရဏ ပဒိန္ဒြာဒေဗယဝရာင်

ကူရ်

ထိုင်း: มหาวชิราลงกรณ บดินทรเทพยวรางกูร

RTGSမဟာဝချိရာလောင်ကွန်းဘော်ဒင်ထရာထိဗယဝရာခွန်း
စံအိမ်မဟီတလ (ချက္ကရီမင်းဆက်)
ခမည်းတော်ဘူမိဗလအတုလျတေဇ (ရာမ၉)
မယ်တော်သီရိခေတ်
ကိုးကွယ်မှုဗုဒ္ဓဘာသာ
လက်မှတ်

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်​နေ့တွင် ပလ္လင်ကို သိမ်းပိုက်ခဲ့သည်။ သူ၏ ခမည်း​တော်ကို ၂၀၁၇ခုနှစ် ​အောက်တိုဘာ ၂၆ရက်​နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်။[၂][၃][၄]သူ၏ နန်းသိမ်းဘိသိတ်ပွဲကို ၂၀၁၉ခုနှစ် ​မေလ ၄ရက်မှ ၅ရက်အထိကျင်းပခဲ့သည်။ [၅] ဘုရင်ဖြစ်ချိန် ၂၀၁၆ ခုနှစ်က သက်​တော် ၆၁ နှစ်ရှိပြီဖြစ်၍ သူသည် နန်းတက်ချိန်တွင် အသက်အကြီးဆုံး ထိုင်းဘုရင် ဖြစ်လာခဲ့သည်။

ဘဝအစနှင့် ပညာ​ရေး

သူ့ကို ၁၉၅၂ခုနှစ် ဇူလိုင်လ၂၈ရက်​နေ့ ည​နေ ၅နာရီ ၄၅မိနစ်အချိန်တွင် ဒူဆစ်နန်းတော်၌ ဖွားမြင်ခဲ့သည်။[၆]မင်းသား တစ်နှစ်သားအရွယ်တွင် ဘုန်းကြီးတစ်ပါးမှ "Vajiralongkorn Borommachakkrayadisonsantatiwong Thewetthamrongsuboriban Aphikhunuprakanmahittaladunladet Phumiphonnaretwarangkun Kittisirisombunsawangkhawat Borommakhattiyaratchakuman" (ထိုင်း: วชิราลงกรณ บรมจักรยาดิศรสันตติวงศ เทเวศรธำรงสุบริบาล อภิคุณูประการมหิตลาดุลเดช ภูมิพลนเรศวรางกูร กิตติสิริสมบูรณ์สวางควัฒน์ บรมขัตติยราชกุมาร)ဟု အမည်​ပေးခဲ့သည်။ ဘုရင်ဘူမိ​ဘော၏ ဒုတိယ​မြောက်က​လေးဖြစ်ကာ တစ်ဦးတည်း​သောသားဖြစ်သည်။

ချစ်တရာလန်ဒါ​ကျောင်းတွင် ၁၉၅၆ခုနှစ်မှစ၍ ပညာသင်ခဲ့သည်။ ၇တန်း​အောင်မြင်ပြီး​နောက် ဗြိတိန်နိုင်ငံရှိ ပုဂ္ဂလိက​ကျောင်းများတွင် တက်​​ရောက်ခဲ့သည်။ ၁၉၇၀ခုနှစ် ဩဂုတ်လတွင် ဆစ်ဒနီမြို့ရှိ ဘုရင့်​ကျောင်း​တော်တွင် ငါးပတ်ကြာ စစ်သင်တန်း တက်​ရောက်ခဲ့သည်။ [၇]

၁၉၇၂ခုနှစ်တွင် ဩစ​တြေးလျနိုင်ငံ ကမ်ဘီရမြို့ရှိ ​တော်ဝင်စစ်​ကောလိပ်သို့ ဝင်ခွင့်ရခဲ့သည်။ ထို​ကျောင်းတွင် သူသည် ဩစ​တြေးလျစစ်တပ်၏ စစ်​ရေး​လေ့ကျင့်မှုများနှင့်အတူ နယူး​ဆောက်​ဝေးတက္ကသိုလ်မှ ဘွဲ့ပညာ​ရေးတို့ကို သင်ကြားခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ဗိုလ်အဖြစ် ပြန်တမ်းဝင်ခဲ့ပြီး စာ​ပေပွဲဖြင့်ဘွဲ့ရခဲ့သည်။ [၇]

၁၉၈၂ခုနှစ်တွင် ဆူခိုထိုင်းတက္ကသိုလ်မှ ဥပ​ဒေဘွဲ့ဖြင့် ​နောက်ထပ်ဘွဲ့တစ်ခုရရှိခဲ့သည်။

နန်း​​မွေနန်းလျာနှင့် လူမှု​ရေးလုပ်ငန်းများ

၁၉၇၂ခုနစ် ဒီဇင်ဘာလ၂၈ရက်​နေ့တွင် ဝဇိရာလင်္ကရဏမင်းသားအား အိမ်​ရှေ့မင်းသားအဖြစ် သတ်မှတ်ခဲ့သည်။ ထို့​ကြောင့် ချက္ကရီမင်းဆက်၏ တတိယ​မြောက် အိမ်​ရှေ့မင်းသားဖြစ်လာသည်။[၈]

သူသည် ထိုင်း​တော်ဝင်စစ်တပ်တွင် တာဝန်ထမ်း​ဆောင်​နေစဉ်ကပင် ပြည်နယ်များသို့အလည်အပတ်သွား​ရောက်ခြင်း၊ခမည်း​တော်ဘုရင်ကိုယ်စား အခမ်းအနားများတက်​ရောက်ခြင်းများကို လုပ်​ဆောင်ခဲ့သည်။

သာသနာ့​​ဘောင် ဝင်​ရောက်ခြင်း

၁၉၇၈ခုနှစ် နိုဝင်ဘာ၆ရက်​နေ့ အသက်၂၆နှစ်အရွယ်တွင် သာသနာ့ဘောင်အတွင်း ​​ခေတ္တဝင်​ရောက်ခဲ့သည်။"ဝဇိရာလင်္ကရဏော" ("Vajirālaṅkaraṇo")ဘွဲ့​တော်ဖြင့် ၁၅ရက်ကြာ ဦးဇင်းဝတ်ခဲ့သည်။[၉]

စစ်ပညာသင်ဘဝနှင့် စစ်မှုထမ်း​ဆောင်ခြင်း

၂၀၀၃ခုနှစ် ဇွန်လ၁၂ရက်​နေ့က​ အ​မေရိကန်နိုင်ငံ၊ ပင်တဂွန်စစ်ဌာနချုပ်​တွင် ​တွေ့​ရ​သော အ​မေရိကန်ကာကွယ်​ရေးဒုဝန်ကြီးနှင့် မင်းသား​လောင်ကွန်း

ပညာများသင်ယူပြီး​နောက် ​တော်ဝင်ထိုင်းစစ်တပ်တွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ၁၉၇၇တွင် အရာရှိနှင့် ဗိုလ်ချုပ်ကြီး​ကောလိပ်ကို တက်​ရောက်ခဲ့သည်။ အ​​မေရိကန်၊ ဗြိတိသျှ၊ ဩစ​တြေးလျစစ်တပ်များနှင့် အချိန်ကာလများစွာ ​လေ့ကျင့်ခဲ့သည်။ သူသည် ​လေယာဉ်နှင့် ဟတ်စကီး​မောင်းရန် အရည်အချင်းပြည့်မီသူဖြစ်သည်။ ၁၉၇၈ခုနှစ်တွင် ဘုရင့်ကိုယ်ရံ​တော်တပ်ဖွဲ့၏​ ခေါင်း​ဆောင်ဖြစ်လာသည်။ ထိုနှစ်​နှောင်းပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာအတိုင်း သာသနာ့​ဘောင်သို့ ​ခေတ္တဝင်ခဲ့သည်။[၁၀]ဖခင်ဖြစ်သူမှာ အသက်အရွယ်ရလာသည်နှင့် မင်းသား​လောင်ကွန်းမှာ အခမ်းအနားများစွာကို ကိုယ်စား တက်​ရောက်ခဲ့သည်။ ဘုရင်ကြီး၏ နှစ်၈၀ပြည့်ပွဲ​တော် ​နောက်တစ်ရက်တွင် ၂၀၀၇ ဘန်​ကောက်ပွဲ​တော်ကို ဖွင့်လှစ်​ပေးခဲ့သည်။

ကျန်းမာ​ရေးကဏ္ဍ

သူသည် "အိမ်​ရှေ့မင်းသား​ဆေးရုံများ"ကို တည်​ထောင်ခဲ့သည်။ အများပြည်သူမှလှူဒါန်း​သော အလှူ​ငွေများနှင့် ​ဝေးလံ​သော​ဒေသများမှ ပြည်သူများကို ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးရန်ဖြစ်သည်။ ၁၉၇၇ခုနှစ်တွင် ​နေရာ၂၁​နေရာတွင် ​ဆေးရုံများဖွင့်ပြီးဖြစ်သည်။[၁၁]

လယ်ယာစိုက်ပျိုး​ရေးကဏ္ဍ

မယ်​တော်သီရိ​ခေတ်နှင့် မင်းသား​လောင်ကွန်း

သူသည် စိုက်ပျိုး​ရေးကဏ္ဍတွင်ပါ စိတ်ဝင်စားပြီး "Mobile Agricultural Clinic Project" ကိုလုပ်​ဆောင်ခဲ့သည်။ ဤစီမံကိန်းသည် လယ်သမားများကို အထွက်​ကောင်း​စေရန်နှင့် လယ်သမားပြဿနာများကို ​ဖြေရှင်း​ပေးနိုင်သည်။ ကျွမ်းကျင်ပညာရှင်များစွာက အပင်များ၊ ဆည်​မြောင်းများ၊ ငါးဖမ်းခြင်းများ စသည်တို့အတွက် ကူညီကြသည်။ [၁၁]

ထိုအဖွဲ့သည် အကူအညီလိုအပ်​သော ​နေရာများသို့ လျင်မြန်စွာသွားနိုင်သည်။ ဤစီမံကိန်းဖြင့် လယ်သမားများကို နည်းပညာအသစ်များဖြင့် အထက်နှုန်း​ကောင်း​အောင် ​ဆောင်ရွက်​ပေးနိုင်ခဲ့သည်။[၁၁]

လွန်ခဲ့​သောနှစ်များတွင် မင်းသား​လောင်ကွန်းသည် ဘုရင်ဘူမိ​ဘောအစား လယ်ထွန်မင်္ဂလာပွဲများကို တက်​ရောက်ခဲ့သည်။ ထိုပွဲ​တော်သည် ထိုင်းလယ်သမားများအတွက် အဓိပ္ပာယ်ပြည့်ဝ​သောပွဲဖြစ်သည်။[၁၁]

ပညာ​ရေးကဏ္ဍ

သူသည် က​လေးများ၏ အဆင့်မီသင်ကြားနိုင်​ရေးတွင်ပါဝင်ပက်သက်ခွင့်နှင့် နှစ်ရှည်သင်ကြား​ရေးစီမံကိန်းကို အစပြုခဲ့သည်။ [၁၂]သူသည် ရာဇာဘတ်တက္ကသိုလ်နင့် အထူး​​ဆောင်ရွက်ခဲ့သည်။ ထိုတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူက​ပြောကြားသည်မှာ ၁၉၇၈ခုနှစ်မှ စတင်ကာ တက္ကသိုလ်၏လက်​​အောက်ရှိ ​ကျောင်းများအားလုံး၏ ဘွဲ့နှင်းအခမ်းအနားများတွင် သဘာပတိအဖြစ်​ဆောင်ရွက်သည်။ ခန့်မှန်း​ခြေအရ ၃၅နှစ်အတွင်း လူ​ပေါင်း ၂၁၀၀၀၀၀ကို ဘွဲ့​ပေးနိုင်ခဲ့သည်။ ထို့အပြင် သူသည်နှစ်တိုင်း ပညာသင်ဆုအတွက် ဘတ်၄၂သန်း လှူဒါန်း​လေ့ရှိသည်။ [၁၂]

အားကစားကဏ္ဍ

တစ်ချိန်က သူ့ကို "​ဘောလုံးမင်းသား"ဟု လူသိကြ​သော်လည်း ယခုတွင် စက်ဘီးစီးမှုများ​ကြောင့် အမည်​ပြောင်းလဲခဲ့သည်။ ငယ်စဉ်ကပင် အားကစားတွင် စိတ်အားထက်သန်ခဲ့သည်။ ၁၁နှစ်အရွယ်တွင် မြင်းစီးသင်ခဲ့ပြီး မကြာမီတွင် မြင်းစီးနိုင်လာသည်။ ပြည်တွင်း၊ ပြည်ပတွင် ပညာသင်​နေစဉ် သူငယ်ချင်းများနှင့် ​ဘောလုံး၊ရတ်ဘီ၊ ​​လှေ​လှော်များ ကစား​လေ့ရှိသည်။

မင်းသားသည် ဟွာဟင်းရှိ နန်း​တော်တွင်​နေထိုင်စဉ်အခါက ဖခင်ဘူမိ​ဘော၊ အစ်မ​တော် ဥပ္ပလရတနာတို့နှင့်အတူ ​ရွက်​လှေ​လှော်​လေ့ရှိသည်။ သူ၏ အားကစားကို ချစ်မြတ်နိုးမှုမှာ နတ်ရွာစံ ဘုရင်ဘူမိ​ဘောထံမှ အ​မွေရရှိခြင်းပင်ဖြစ်သည်။[၁၃]

စိုးစံခြင်း

ဝဇိရာလင်္ကရဏ ထိုင်းမင်းဆက်တို့၏နန်းတက်ပွဲ 2019

ဆက်ခံခြင်း

၂၀၀၇ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ အိမ်​ရှေ့မင်းသား ဝဇိရာလင်္ကရဏကို ဘုရင်အဖြစ် ဆက်ခံနိုင်ရန် တင်ပြခြင်းအတွက် လွှတ်​တော်ဥက္ကဋ္ဌကို ထိုင်းအစိုးရမှ ညွှန်ကြားခဲ့သည်။ ပြဇာဓိပက​နောက်ပိုင်း ထိုင်းနိုင်ငံတွင်​မွေးဖွား​သော ပထမဆုံးဘုရင်ဖြစ်သည်။[၁၄]ဘူမိ​ဘောဘုရင် နတ်ရွာစံပြီး​နောက် ဘုရင်ဖြစ်လာ​သော်လည်း သူက နန်းတက်ရန် အချိန်တစ်ခုကို ​စောင့်ရန်​ပြောကြားခဲ့သည်။ [၁]ဘူမိ​ဘောဘုရင် နတ်ရွာစံအပြီး ရက်၅၀ အကြာ ဒီဇင်ဘာ၁ရက်​နေ့တွင် ဘုရင်ခံ ပရမ် မှ ဦး​ဆောင်ကာ ဝဇိရာလင်္ကရဏကို ချက္ကရီမင်းဆက်၏ ၁၀ဆက်​မြောက်ဘုရင်အဖြစ် နန်းတက်ရန် တင်ပြခဲ့သည်။[၁၅]ဝဇိရာလင်္ကရဏက လက်ခံခဲ့ပြီး ရုပ်မြင်သံကြား ထုတ်ပြန်ချက်အရ "ဘုရင်ကြီး၏ဆန္ဒနှင့် ထိုင်းပြည်သူများ၏ အကျိုးအတွက် နန်းတက်မည်ဖြစ်​ကြောင်း" ​ကြေညာခဲ့သည်။ [၁၆][၁၇]သို့​သော် ခမည်း​တော်၏ ​တော်ဝင်မီးသင်္ဂြိုဟ်ခြင်း အခမ်းအနား မပြီးဆုံးမီအထိ ​နေဦးမည်ဖြစ်သည်။ လက်ရှိတွင် သူ၏ အဓိကစံအိမ်​တော်မှာ ဒူဆစ်နန်းတော်အတွင်းမှ အမ်ပွန်း စသမ် အိမ်တော်ဖြစ်ကာ ၂၀၁၁ခုနှစ် ​နော့သဘူရီနန်း​တော်မှ ​ပြောင်းလာခဲ့ချိန်ကပင် စံမြန်းခဲ့သည်။[၁၈]

​ဈေးဝယ်စင်တာတစ်ခုရှိ ဘုရင်ဝဇိရာလင်္ကရဏ၏ ရုပ်ပုံကို ၂၀၁၇ခုနှစ်က​တွေ့ရစဉ်

ပရီဗီ​ကောင်စီအဖွဲ့ဝင်များ ခန့်အပ်ခြင်း

ဘုရင်ဘူမိ​ဘော၏ ပရီဗီ​ကောင်စီအဖွဲ့ဝင်များ အနားယူပြီး​နောက် ဘုရင်သစ် ဝဇိရာလင်္ကရဏက သူ၏​ကောင်စီအသစ်ကို အဖွဲ့ဝင်၁၀ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

နိုင်ငံ​ရေးတွင် ပါဝင်ခြင်း

ထိုင်းအာဏာသိမ်းစစ်အစိုးရ၏ လွှတ်​တော်သည် ၂၀၁၄ကြားဖြတ်အ​ခြေခံဥပ​ဒေကို ပြင်ဆင်ရန် တညီတညွတ်တည်း မဲ​ပေးခဲ့ကြသည်။​လူတချို့က ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအသစ်သည် စစ်တပ်ကို အာဏာပိုရ​စေ​ကြောင်း ​ဝေဖန်ကြသည်။[၃] ၂၀၁၇ ​အ​ခြေခံဥပ​ဒေကို ၂၀၁၆ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့ကြသည်။၂၀၁၇ ဧပြီ၆ရက်​နေ့တွင် ဘုရင် ဝဇိရာလင်္ကရဏက လက်မှတ်​ရေးထိုးခဲ့သည်။[၁၉][၃] ဘုရင်ဝဇိရာလင်္ကရဏတွင် ​တော်ဝင်အိမ်​တော်များနှင့် ​တော်ဝင်အ​စောင့်အ​ရှောက်များ အတွက် အာဏာအပြည့်အဝရှိသည်။[၂၀]

ပုဂ္ဂိုလ်​ရေးဘဝ

ရတ်ချဒမ်နိုအန်ရိပ်သာလမ်း​ပေါ်မှ ဘုရင်၏ရုပ်ပုံ


ထိမ်းမြားခြင်းနှင့် သားသမီးများ

မိသားစု

၁၉၇၇ခုနှစ် ဇန်နဝါရီ၃ရက်​နေ့တွင် မိခင်ဘက်မှ ဝမ်းကွဲ​တော်စပ်သူ စုံသဝလီနှင့် ထိမ်းမြားခဲ့သည်။ သူတို့တွင် ၁၉၇၈ခုနှစ်၌ ဝဇိရကိတိယာဘာဟူ​သော သမီးတစ်​ယောက်ထွန်းကားသည်။ ၁၉၇၀​နှောင်းပိုင်းနှစ်ကာလများမှစ၍ သရုပ်​ဆောင် ယုဝဓီတာနှင့်အတူ ​နေထိုင်ကာ က​လေး၅​ယောက်ထွန်းကားခဲ့သည်။ သို့​သော် စုံသဝလီက နှစ်​အ​​တော်ကြာ​အောင် ကွာရှင်း​ပေးခြင်းမရှိခဲ့​​ပေ။ ၁၉၉၃ခုနှစ် ဇန်နဝါရီလမှသာ တရားရုံးတွင် ကွာရှင်းခဲ့ကြသည် ။ ဇူလိုင်လတွင်မှသာ အပြီးသတ်ကွာရှင်းနိုင်ခဲ့သည်။ စုံသဝလီနှင့် သမီးဖြစ်သူမှာ ​တော်ဝင်အခမ်းအနားများတွင် အ​ရေးပါ​သော​နေရာမှ ပါဝင်​နေဆဲဖြစ်သည်။

ဝဇိရာလင်္ကရဏသည် ယုဝဓီတာနှင့် မင်းသား စုဍာဝဇရ မဟီတလကို ၁၉၇၉ခုနှစ် ဩဂုတ်လ၂၉ရက်​နေ့တွင် ဖွားမြင်သည်။ ထို့​နောက် သား၃​ယောက် သမီး၁​ယောက်ဖွားမြင်ပြန်သည်။ ၁၉၉၄ခုနှစ်တွင် နန်း​တော်၌တရားဝင် လက်ထပ်ခဲ့သည်။ သူတို့ကို ဘုရင်ဘူမိ​ဘောနှင့် မယ်​တော်ကြီး သီရိနဂရိန္ဒြာတို့က ​ကောင်းချီး​ပေးခဲ့​သော်လည်း မိဖုရား သီရိ​ခေတ်မပါဝင်ခဲ့​​ပေ။ လက်ထပ်ပြီး​နောက် ဝဇိရာလင်္ကရဏနှင့်အတူ အခမ်းအနားများ တက်​ရောက်ခဲ့သည်။ လက်ထပ်ပြီး ၂နှစ်အကြာတွင် မင်းသားက ယုဝဓီတာကို ​အသက်၆၀အရွယ် ​လေတပ်မှဗိုလ်နှင့် ​ဖောက်ပြန်​သည့် စွပ်စွဲသည့် ကိစ္စနှင့် ယုဝဓီတာသည် ဗြိတိန်နိုင်ငံသို့ ရုတ်တရက်ထွက်ခွာသွားသည်။[၂၁] ​နောက်ပိုင်းတွင် မင်းသားသည် သမီး​တော်ကို အဓမ္မပြန်​ခေါ်ခဲ့ပြီး ယုဝဓီတာနှင့် သား​​လေး​ယောက်၏ နိုင်ငံကူးလက်မှတ်များနှင့် ​တော်ဝင်အ​ဆောင်အ​ယောင်များကို ရုပ်သိမ်းခဲ့သည်။ ထို့​နောက် ယုဝဓီတာနှင့်သားများသည် အ​​မေရိကန်သို့ ​ပြောင်းခဲ့ကြသည်။[၂၂]

၂၀၀၁ခုနှစ် ​ဖေ​ဖော်ဝါရီလ၁၀ရက်​နေ့တွင် တတိယအကြိမ် လက်ထပ်ခဲ့သည်။သီရိရံသိ သုဝတီနှင့် လက်ထပ်ခြင်းကို ၂၀၀၅အ​စောပိုင်းမှသာ လူသိရှင်ကြား ထုတ်ပြခဲ့သည်။ သား​တော် ဒီပင်္ကရ ရံသိဇောတိကို ၂၀၀၅ခုနှစ် ဧပြီ၂၉ရက်​နေ့တွင် ဖွားမြင်ခဲ့သည်။ သား​တော်မှာ ချက်ချင်းပင် မင်းသားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့​သော် ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် သီရိရံသိ သုဝတီ၏မိသားစုကို ​တော်ဝင်အမည်များရုပ်သိမ်း​ပေးရန် မင်းသား​လောင်ကွန်းက ပြည်ထဲ​ရေးဝန်ကြီးဌာနသို့ စာ​ရေး အ​ကြောင်းကြားခဲ့သည်။ အ​ကြောင်းမှာ မိသားစုဝင်၇​ယောက်မှာ အကျင့်ပျက်ခြစားမှုနှင့် စွပ်စွဲခံရခြင်း​ကြောင့်ဖြစ်သည်။[၂၃]​နောက်လတွင် သီရိရံသိ သုဝတီသည် ​တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်ကာ တရားဝင်ကွာရှင်းခဲ့ကြသည်။ သီရိရံသိ သုဝတီသည် ​လျော်​ကြေးအဖြစ် ဘတ်သန်း၂၀၀ရရှိခဲ့သည်။

သားသမီးများ

ဘုရင် မဟာဝဇိရာလင်္ကရဏ၏ သားသမီးများ[၂၂]
အမည်​မွေးရက်မှတ်ချက်
စုံသဝလီနှင့် (၁၉၇၇လက်ထပ်၊၁၉၉၁ကွာရှင်း)
ဗဂျာကီတီရာဗာ (1978-12-07) ၇ ဒီဇင်ဘာ၊ ၁၉၇၈ (အသက် ၄၅)
သုစာရိဏီ ဝိဝဇရဝံသနှင့် (၁၉၉၄ လက်ထပ်၊၁၉၉၆ကွာရှင်း)
စုဍာဝဇရ ဝိဝဇရဝံသ (1979-08-29) ၂၉ ဩဂုတ်၊ ၁၉၇၉ (အသက် ၄၄)ဂျသာဗာဂျရာ မဟီတလအဖြစ်​မွေးဖွား
ဝဇိရရေသ ဝိဝဇရဝံသ (1981-05-27) ၂၇ မေ၊ ၁၉၈၁ (အသက် ၄၂)ဗချာစွန် မဟီတလအဖြစ်​မွေးဖွား
စကြီဝဇိရ ဝိဝဇရဝံသ (1983-02-06) ၆ ဖေဖော်ဝါရီ၊ ၁၉၈၃ (အသက် ၄၁)ချကရီဝတ် မဟီတလအဖြစ်​​မွေးဖွား
ဝဇရဝီရ ဝိဝဇရဝံသ (1985-06-14) ၁၄ ဇွန်၊ ၁၉၈၅ (အသက် ၃၈)ဗချဝီ မဟီတလအဖြစ်​မွေးဖွား
သီရိဝဏ္ဏဝရီ နာရီရတန (1987-01-08) ၈ ဇန်နဝါရီ၊ ၁၉၈၇ (အသက် ၃၇)ဘူစီယာနာဘီဂျာ မဟီတလအဖြစ်​မွေးဖွား
သီရိရံသိ သုဝတီနှင့် (၂၀၀၁ လက်ထပ်၊၂၀၁၄ ကွာရှင်း)
ဒီပင်္ကရ ရံသိဇောတိ (2005-04-29) ၂၉ ဧပြီ၊ ၂၀၀၅ (အသက် ၁၈)နန်း​မွေနန်းလျာ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ