မုခ်ခုံး

အနုပညာသမိုင်း ဗိသုကာအတတ်ကို ပြန်လည်ကြည့်ရှုလျှင် ရောမခေတ်နှင့် ထိုနောက်တွင် ပေါ်ပေါက်လာသော အဆောက်အအုံများ၌ မုခ်ခုံးများ အသုံးများခဲ့သည်ကို တွေ့မြင်ရပေသည်။ ရောမ ဘုရားရှိခိုးကျောင်းကြီးများ၊ ဇာတ်ရုံဝိုင်းကြီးများ၊ တမံဆည်ရိုးရေကာတာကြီးများ စသော အဆောက်အအုံများတွင် မုခ်ခုံးမပါလျှင် မပြီးသလောက် ဖြစ်သည်။ ရောမဗိသုကာအတတ် ထွန်းကားစအချိန်က အဆောက်အအုံများမှာ အလွန်ကြီးလေးထူထဲရာ ထိုအလေးချိန်ကို ထမ်းထားနိုင်စေရန် မုခ်ခုံးကြီးများ သဏ္ဌာန် ဆောက်လုပ်ခဲ့ရလေသည်။ တံခါးပေါက်များတွင် မုခ်ခုံးများကို အသုံးပြုထားခြင်းမှာ တံခါးပေါက်ကို ပိုမို မြင့်စေရန် နှင့် ခန့်ညားလှပစေရန် သာမက တံခါးအပေါ် ရှိ အဆောင်အရွက်များ၏ အလေးလည်း ကြံ့ကြံ့ခိုင်စေရန် ဖြစ်ပေသည်။မုခ်ခုံးများကို ဆောက်လုပ်ရာ၌ တစ်ဖက်ရှူးကျောက်တုံး၊ သို့မဟုတ် အုတ်ချပ်များကို အံကျစီ၍ ထည့်ရလေသည်။(ရေတွင်းအဝိုင်းများကို စီရာတွင် ရေတွင်းအုတ်ခေါ် တစ်ဖက်ရှူး အုတ်ချပ်များကို သုံးသည့် သဘောမျိုးဖြစ်၏။) ထိုတစ်ဖက်ရှူး အုတ်ချပ်များကိုတစ်ခုနှင့်တစ်ခု အံကျစီလိုက်သောအခါ အထက်မှ အလေးချိန်မည်မျှပင်ဖိစေကာမူ အောက်သို့ ကျွံကျရန်မရှိတော့ပေ။ အပေါ်မှ ဖိလေ၊မုခ်ခုံးသည် ခိုင်ခံ့လေဖြစ်၏။ သို့ရာတွင် ထိုတစ်ဖက်ရှူးကျောက်တုံးများသည် တစ်ခုကိုတစ်ခု တွန်းကန်၍ နေကြသဖြင့် အပေါ်မှ အလေးချိန်များလွန်းလျှင် ဘေးသို့ ပွင့်ထွက်သွားနိုင်သည်။ ထိုကြောင့် မုခ်ခုံးများကို ဘေးမှ တောင့်တင်းခိုင်ခံ့သော လက်ခံနံရံ လက်ခံတိုင်များ ခံပေးထားရန် လိုသည်။ လိုအပ်လျှင် ကျားများလည်းကန်ပေးထားရသည်။ ကွန်ကရိစသည့်တို့ဖြင့် တသားတည်းဖြစ်အောင်မွမ်းမံဆက်စပ်ထားလျှင်လည်း မုခ်ခုံးပုံရှိသော ကျောက်တုံးကြီး တစ်တုံးကဲ့သို့ ဖြစ်သွားသည့်အတွက် ဘေးသို့ ပွင့်ထွက်စရာ လမ်းမရှိတော့ချေ။မုခ်ခုံးများကို စီရာတွင် ရှေးဦးစွာ အလိုရှိသော မုခ်ခုံးပုံအတိုင်း သစ်သားဘောင် ပုံစံခံ၍ တစ်ဖက်ရှူး ကျောက်တုံးများကိုအံကျ စီရသည်။ အလယ်တည့်တည့်၌ နောက်ဆုံး ချပေးရသော ကျောက်တုံးသည် ကျန် ကျောက်ချပ် အားလုံးကို ရွေ့မသွားအောင်ထိန်းပေးထား၍ ထိုကျောက်တုံးကို ထိပ်စီးကျောက်တုံးဟု ခေါ်သည်။အဖြောင့်ဖြစ်သော ထုပ်တန်း၊ ရက်မတန်းများထက် မုခ်ခုံးများက ပိုမို၍ အလေးချိန်ကို ထမ်းထားနိုင်သည်။ ပုံစံအားဖြင့်သာမန် ဝါးခြမ်းတစ်ခုကို တံတားသဖွယ် ခင်း၍ အုတ်တစ်ချပ်ကို တင်ကြည့်ပါ။ ဝါးခြမ်းသည် ညွတ်ကွေးလာလိမ့်မည် ။ သို့သော်ထိုဝါးခြမ်းကိုပင် မုခ်ခုံးသဏ္ဌာန် ပြုလုပ်၍ အုတ်ချပ်ကိုတင်ကြည့်ပါက လွယ်ကူစွာမညွတ်နိုင်ကြောင်းကို တွေ့ရလိမ့်မည် ။ ထိုကြောင့်အဆောက်အအုံ ကြီးများ၊ တံတားကြီးများတွင် အလေးချိန်ကို ပိုမိုထမ်းနိုင်စေရန် မုခ်ခုံးကြီးများ၏ အထောက်အပံ့ဖြင့် တည်ဆောက်ကြခြင်း ဖြစ်လေသည်။[၁]

A masonry arch
1. Keystone 2. Voussoir 3. Extrados 4. Impost 5. Intrados 6. Rise 7. Clear span 8. Abutment

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ