မုန်ညင်းပင်

မုန်ညင်းပင်
Winter cress, Barbarea vulgaris
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
Clade:Rosids
မျိုးစဉ်:Brassicales
မျိုးရင်း:Brassicaceae
Burnett[၁]
မျိုးစုများ

See en:List of Brassicaceae genera

မုန်ညင်းပင်သည် ကရူစီဖာရီး မျိုးရင်းတွင် ဗရပ်ဆီကာ မျိုးစု၌ ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ အဖြူမျိုးကို ဗရပ်ဆီကာ အဲလဗာဟူ၍ လည်းကောင်း၊ အမည်းမျိုးရင်းကို ဗရပ်ဆီကာ နိဂရာ ဟူ၍ လည်းကောင်းခေါ်သည်။ အရွက်ပေါများသော ဤမုန်ညင်းပင်မားကို ကမ္ဘာ့သမပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။ မုန်ညင်းပင်မှရသော မုန်ညင်းစေ့များကို ဟင်းလျာခတ် အမွှေးအကြိုင်အနေနှင့် ဖြစ်စေ၊ ဘယဆေး အဖြစ်နှင့် ဖြစ်စေ ရှေးခေတ်မှစ၍ အသုံးပြုလာခဲ့ကြသည်။ မုန်ညင်းရွက်များသည် ကြီး၍ထူပြီးလျှင်လွှသွားပုံကဲ့သို့ အချွန်ကလေးများရှိသည်။ အရောင်မှာ အစိမ်းရင့်ရောင်ဖြစ်သည်။

မုန်ညင်းပင်

အရွက်နုမျာကို ခူး၍ ဟင်းရွက်အဖြစ် စားသုံးကြသည်။ အရွက်များကို နုစဉ်က မခူးဘဲ အရင့်ခံထားလိုက်လျှင် ယင်းမှအစေ့တံများမကြာခင် ထွက်လာသဖြင့် စားရန် မသင့်တော့ချေ။မုန်ညင်းသည် စိုက်ပျိုးရန် လွယ်ကူသော အပင်မျိုးဖြစ်သည်။ မိုးကုန်ခါနီးတွင် အစေ့များကို ကြဲ၍ စိုက်ပျိုးကြသည်။ မုန်ညင်း အမည်းနှင့် အဖြူ နှစ်မျိုးစလုံးသည် တစ်နှစ်ခံပင်များဖြစ်ကြ၍ အစေ့မှ စိုက်ပျိုး ရသည်။

မုန်ညင်း အမည်းပင်များသည် ၆ ပေခန့် အမြင့်ရှိသည်။ တောက်ပသော အဝါရောင် အပွင့်များ ပွင့်၍ ချောမွတ်သော သီးတောင့်များသည် ပွင့်တံတွင်ကပ်၍ ထွက်လာကြသည်။ အညိုရင့်ရောင် အစေ့များကို ဈေး၌ မုန်ညင်းစေ့အဖြစ် အမြောက်အမြား ရောင်းချကြသည်။ မုန်ညင်းအဖြူပင်မျိုးကား အမြင့် ၂ ပေမှ ၃ ပေအထိသာရှိသည်။ တောင့်တင်း၍ဖြာထွက်သော ပင်စည်ရှိခြင်း၊ အရွက်များ၌ အမွေးများရှိခြင်း၊ သီးတောင့်များ၌ အမွေးကြမ်းများရှိခြင်းနှင့် တောက်ပသောအဝါရောင် အပွင့်ကလေးများ ပွင့်ခြင်းတို့ကြောင့် မုန်ညင်း အမည်းပင်မျိုးမှ သိသာခွဲခြားနိုင်သည်။မုန်ညင်းရွက်များတွင် အကောင်းဆုံး ဗီတာမင်ဓာတ်များ ပါရှိသည်။ ထို့ပြင် အမျှင်များနှင့် ပင်စည် အပွင့်စသည်တို့သည် ဝမ်းပျော့စေတတ်သည့် သတ္တိရှိသည်။ အစေ့များကို ကြိတ်၍ရသော ဆီသည်အနံ့အရသာကောင်းသည့်ပြင် အိမ်တွင်းသုံးဆေးအဖြစ်ဖြင့် အသုံးပြုကြသည်။ ဆီကြိတ်ပြီး၍ ကျန်ရစ်သော မုန်ညင်းဖတ်ကို အခြောက်ခံလျက် အမှုန့်ဖြစ်လာအောင် ထောင်းရသည်။ ထိုအခါမုန်ညင်းစေ့မှုန့် အစစ်ကို ရလေသည်။ ဆေးဖက်တွင် သရွတ်ကိုင်ရာ၌ ဖြစ်စေ၊ အဆိပ်အတောက် စားသောက်မိသည့်အခါ အော့အန်စေသည့် ဆေးအဖြစ်ဖြင့်ဖြစ်စေ မုန်ညင်းကို အသုံးပြုကြသည်။လယ်မြေများကို ပြုပြင်ရာ၌ သစ်စိမ်းမြေဩဇာကျွေးရန်အတွက် လယ်များတွင် မုန်ညင်းဖြူများကို စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးလျှင် ထယ်ထိုးလိုက်ခြင်းဖြင့် ထိုလယ်မြေတွင် မြေဩဇာ ထက်သန်လာသည်။ မုန်ညင်းအမည်းမျိုးမှာ အစေ့များကို ဟင်းခတ်အမွေးအကြိုင်အတွက် အသုံးပြုရန် စိုက်ပျိုးကြသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ