ရွက်သင်္ဘော

ရှေးပဝေသဏီအခါကပင် လူတို့သည် ပင်လယ်ရေကြောင်း သွားလာနိုင်ရန် ဖောင်များ၊ လှေငယ်များ၊ လှေကြီးများ၊ ရွက်သင်္ဘောများ စသည်ဖြင့် တီထွင်ကာ သွားလာခဲ့ကြသည်။ အစပိုင်းတွင် ဖောင်များ၊ လှေငယ်များဖြင့် သွားလာကြရာမှ ၁၉-ရာစုခန့်တွင် ရွက်သင်္ဘောများကို တွင်ကျယ်စွာအသုံးပြုလာကြသည်။၁၉-ရာစုနှောင်းပိုင်းတွင် ကမ္ဘာ့အလျင်မြန်ဆုံး သင်္ဘောကြီးများမှာ ရွက်သင်္ဘောများဖြစ်သည်။ အချို့ ရွက်သင်္ဘောကြီးများတွင် ရွက်တိုင်ပေါင်းများစွာ ထူထားပြီး ရွက်များကို အသုံးပြုကာ ပင်လယ်ပြင်ကို ဖြတ်သန်းကြသည်။

အချို့ရွက်သင်္ဘောများတွင် ရွက်ပေါင်း ၃၀-ကျော်အထိ ပါဝင်ပြီး မီတာ ၁၀၀-မြင့်သည့်ရွက်တိုင်များ ပါဝင်သည်။ ရွက်များတွင်လည်း ကန့်လန့်ရွက်နှင့် ဒေါင်လိုက်ရွက်ဟုရှိပြီး ကန့်လန့်ရွက်များ၏ ပုံသဏ္ဌာန်မှာ လေးထောင့်ပုံဖြစ်သည်။ ဒေါင်လိုက်ရွက်များ၏ပုံမှာ တြိဂံပုံဖြစ်သည်။

ရွက်သင်္ဘောများတွင် ရှည်လျားပြီး ထိပ်ချွန်သည့် ဦးပိုင်းက ရေကို လျင်မြန်စွာခွဲထုတ်နိုင်သည်။ ရွက်သင်္ဘောများကို အဓိကအားဖြင့် လေအားဖြင့် မောင်းနှင်ရသောကြောင့် လေအားကို ရနိုင်သမျှ ရအောင် ယူကြရသည်။ အလျင်မြန်ဆုံး ရွက်သင်္ဘောဖြစ်သည့် Cutty Sark သင်္ဘောသည် လေအားရရှိရန် စတုရန်း မီတာ ၃၀⁠၀၀-ရှိသော ရွက်ကြီးကို အသုံးပြုပြီး တစ်နာရီ ၃၁-ကီလိုမီတာနှုန်းထိ သွားနိုင်သည်ဟု သိရသည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ