လက်နက်

နာကျင် ပျက်စီးစေတတ်သော ပစ္စည်း ကိရိယာတစ်မျိုး

လက်နက်ဆိုသည်မှာ ရန်သူကို နာကျင်စေခြင်း (သို့) ရှုံးနိမ့်စေခြင်း (သို့) ပျက်စီးစေခြင်းအားဖြင့် ဗျူဟာပိုင်းအရ အားသာမှုရရှိစေရန် အထောက်အကူပေးသော ပစ္စည်း သို့မဟုတ် ထိုသို့ ခြိမ်းခြောက်နိုင်သော ပစ္စည်းဖြစ်သည်လက်နက်ကို ခြိမ်းခြောက်ရန် (သို့) တိုက်ခိုက်ရန် အသုံးချနိုင်သကဲ့သို့ ကာကွယ်ရန်နှင့် စောင့်ရှောက်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ လက်နက်အမျိုးပေါင်း မြောက်မြားစွာရှိပြီး အကျိုးသက်ရောက်မှု အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။ လက်နက်ဟုဆိုရာဝယ် ဆောက်ပုတ် မှအစ သေနတ် အလယ် တိုက်ချင်းပစ် ဒုံးကျည် အဆုံး ပါဝင်သည်။

လက်နက်ဟူသည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးအား တိုက်ခိုက်ရန်၊ ချိမ်းခြောက်ရန်၊ အနိုင်ယူရန် အသုံးပြုသည်။ လက်နက်ကို ရှေးဦးကျောက်ခေတ်မှ စတင်အသုံးပြုလာခဲ့သည်။ ကျောက်ခေတ်လူသားများသည် ချွန်ထက်သော ကျောက်တုံး၊ ကျောက်ပြားများကို တိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ရန်နှင့် မိမိတို့၏ လူမျိုးစု၊ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် လက်နက်ဟူသော အရာ၏ စွမ်းပကားကို သိရှိနားလည်လာကြသည်။

ကျောက်ခေတ် လက်နက်များ

ကျောက်တုံး၊ ကျောက်ပြားများကို ဆောက်၊ တူရွှင်း၊ ပဲခွတ်၊ သပ်၊ပေါက်ပြား အစရှိသည်အထိ ရောက်အောင် ပွတ်တိုက် ချောမွတ် စေခဲ့သည်။ ၎င်းပွတ်တိုက်ထားသော ကျောက်တုံး၊ ကျောက်ပြားများကို တိရစ္ဆာန်တို့၏ အဆိပ်နှင့် လူးကာ အခြား တိရစ္ဆာန်များကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။ ကျောက်ခေတ်နှောင်းသို့ ရောက်ရှိသောအခါ ကြေးကို စတင်အသုံးပြုလာခဲ့ကြသည်။ ၎င်းနှောင်းပိုင်းမှစ၍ လက်နက်များ၏ အစွမ်းကို ပိုမိုသိရှိလာကာ ထိုထက် ပိုမိုကောင်းမွန်းသော သံငွေ စသည်တို့ကို အရည်ကြို ပုံလောင်း၍ ဓားလှံ၊ လေး၊ မြှားဒိုင်းလွှားကာ၊ သံချပ်ဝတ်တန်ဆာများအထိ ထိုးတက်တီထွင်အသုံးပြုခဲ့ကြသည်။ပထမ ကမ္ဘာစစ်ကြီး မတိုင်မှီက လက်နက်များမှသည် ဒုတိယကမ္ဘာစစ်ပြီးသောအခါ လက်နက်၏ အစွမ်းမှာ ကြောက်ခမန်းလိလိ အစွမ်းတန်ခိုး ပိုမိုလာခဲ့သည်။

ရောမခေတ်က လေးကို ဤသို့တင်ပြီး ပစ်ခတ်ပုံ

လက်နက် တို့၏ သမိုင်းကြောင်း

သမိုင်းဦးဘုံမြေခေတ်၏ လက်နက်များ

ဤခေတ်တွင် အလွန်အမင်း ရိုးရှင်းသောလက်နက်များကိုအသုံး ပြုခဲ့ကြသည်။ သစ်သားဆောက်ပုတ်များ၊ လှံများ၊ ကျောက်တုံး အချွန်များ စသည်တို့ကို အသုံးပြုနိုင် ခြေရှိခဲ့သည်။ အသုံးပြုခဲ့သည့် လက်နက်များတွင် -

၁)


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ