လိင်

အမျိုးသား သို့မဟုတ် အမျိုးသမီး

လိင်ဖြင့် မျိုးပွားသော သက်ရှိရုပ်စုတိုင်းတွင် ရုပ်စု တစ်ခု၏ လိင်သည် ဂမိတ် (gamete) ခေါ် အဖိုမှ ထုတ်သော သုတ်ကောင်၊ အမ မှ ထုတ်သော မျိုးဥ ဖြင့် သက်မှတ်နိုင်သည်။ များသောအားဖြင့် သက်ရှိရုပ်စုတိုင်းသည် အဖို နှင့် အမ ပြင်ပ ပုံပန်းသဏ္ဌာန်ကွာခြားသည်။ ၎င်းပုံပန်းသဏ္ဌာန်ကွာခြား ခြင်းသည် လိင်စိတ် အတွေ့အကြုံ ခြားနားခြင်းကြောင့် မတူညီသော မျိုးပွားမှုကို အားပေးသည်။

သတ္တဝါတို့တွင် သုတ်ကောင် သည် မျိုးဥ ကိုဝင်ရောက်ခြင်းဖြင့် သန္ဓေအာင်သည်

ဇီဝဗေဒတွင် လိင်ကိစ္စ သည် ဂျင်း (gene) အပြောင်းအလည်း ဖြစ်စေပြီး ရရှိလာသော မျိုးဆက်သစ် မှာ အထီး သို့ အမ အဖြစ် သီးသန့် ဖြစ်စေသည်။ လိင်ဖြင့်မျိုးပွားခြင်း (sexual reproduction) သည် မိဘ နှစ်ခုတို့၏ အထူးပြုထားသော ဆဲလ်တို့ ဖြင့်ပေါင်းဆက်၍ မျိုးဆက်သစ် ရရှိသည်။ အဖိုဂမိတ် နှင့် အမဂမိတ် တို့ သဏ္ဌာန် နှင့် လုပ်ဆောင်ပုံ တူညီနိုင်သော်လည်း အဖိုဂမိတ် သည် သေးသွယ်၊ သွက်လက် ပြီး ဂျင်း တို့ကို ဝေးလံစွာ ပေါက်ရောက်ရန် ရည်ရွယ်၍ အမဂမိတ်တို့သည် ကြီးပြီး၊ မရွေ့လျားနိုင်ကာ သန္ဓေသားငယ် အတွက် လိုအပ်သော အစာအဟာရ များ ပါရှိသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ