လီမင်ဟို

တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ်

လီမင်ဟို (ကိုရီးယား이민호; ဟန်ဂျာ李敏鎬; ၂၂ ဇွန် ၁၉၈၇ ဖွား)[၂] သည် တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်၊ ဖန်တီးမှုဒါရိုက်တာ[၃] နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။[၄] ၂၀၀၉ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော Boys Over Flowers ရုပ်/သံ ဇာတ်လမ်းတွဲတွင် ဇာတ်ကောင် ဂူဂျွန်ဖြိုး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး (၄၅) ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲ၌ အကောင်းဆုံး လူသစ် သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့သည်။ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် လူကြိုက်များခဲ့သော ရုပ်/သံဇာတ်လမ်းတွဲများတွင် Personal Taste (2010) ၊ City Hunter (2011) ၊ Faith (2012) ၊ The Heirs (2013) ၊ The Legend of the Blue Sea (2016) တို့ ပါဝင်သည်။ ၂၀၂၀ ခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၃၅ သန်းကျော် ရရှိခဲ့သည့် Studio Dragon ၏ ဇာတ်လမ်းတွဲဖြစ်သော The King: Eternal Monarch တွင်လည်း သရုပ်ဆောင်ခဲ့သည်။[၅] လီမင်ဟိုသည် ရုပ်/သံ သရုပ်ဆောင်အဖြစ်သာမက ၂၀၁၅ ခုနှစ်ထွက် Gangnam Blues (2015) ရုပ်ရှင်ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းနောက်တွင် တရုတ်နိုင်ငံမှ ရိုက်ကူးထုတ်လုပ်မှုတွင် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည့် Bounty Hunters (2016) ရုပ်ရှင်ကားနှင့် အချစ်ဇာတ်လမ်းအမျိုးအစား-ဝဘ်ဇာတ်လမ်းတွဲတို Line Romance (2014) တို့တွင်လည်း သရုပ်ဆောင်ခဲ့သည်။[၆]

လီမင်ဟို
이민호  (ကိုရီးယား)
၂၀၁၄ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ
ဇာတိ အမည်이민호
မွေးဖွား (1987-06-22) ဇွန် ၂၂၊ ၁၉၈၇ (အသက် ၃၆)
ဆိုးလ်မြို့တောင်ကိုရီးယားနိုင်ငံ
မိခင်ကျောင်းKonkuk တက္ကသိုလ်
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
  • မော်ဒယ်
  • ဖန်တီးမှု ဒါရိုက်တာ
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၂ – လက်ရှိ
ကိုယ်စားလှယ်MYM Entertainment
ဖန်တီးမှုများ
အရပ်၁၈၇ cm (၆ ft ၂ in)[၁]
ရရှိသည့်ဆုများစာရင်းအပြည့်အစုံကြည့်ရန်
ဝက်ဘ်ဆိုဒ်leeminho.kr
လီမင်ဟို
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:I Min-ho
MRအက္ခရာဖလှယ်ခြင်း:Yi Minho
လက်မှတ်

လီမင်ဟိုသည့် သူသရုပ်ဆောင်ခဲ့သည် ရုပ်/သံ ဇာတ်လမ်းတွဲများ၏ အောင်မြင်မှုများကြောင့် သူ့အား ထိပ်တန်း Hallyu ကြယ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[၇][၈] သူသည် ဆိုရှယ်မီဒီယာပေါ်တွင် လူကြည့်အများဆုံး တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်လည်းဖြစ်သည်။[၉] လီမင်ဟိုသည် Madame Tussauds တွင် ၎င်း၏ ပုံတူ-ဖယောင်းရုပ်တု ထုဆစ်၍ ဂုဏ်ပြုခံရသည့် ပထမဆုံးသော ကိုရီးယားအနုပညာရှင်ဖြစ်လာခဲ့ပြီး ၎င်းရုပ်တုအား ၂၀၁၃ ခုနှစ်တွင် ရှန်ဟိုင်း၌လည်းကောင်း၊[၁၀] ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်၌လည်းကောင်း ပြသခဲ့သည်။[၁၁] သူသည် ထုတ်ကုန်ထောက်ခံချက်တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာ ၂.၅ သန်း ရရှိထားသူ ဖြစ်သည်။[၄]

ရိုက်ကူးရေး

ရုပ်ရှင်

ခုနှစ်ဇာတ်ကားအမည်ဇာတ်ကား မူရင်းအမည်ဇာတ်ကောင်အမည်ကိုးကား
2008Public Enemy Returns강철중: 공공의 적 1-1Jung Ha-yeon[၁၂]
Our School's E.T.울학교 이티Oh Sang-hoon[၁၂][၁၃]
2015Gangnam Blues강남 1970Kim Jong-dae[၁၄]
2016Bounty Hunters바운티 헌터스Yi San[၁၅]

ရုပ်/သံ ဇာတ်လမ်းတွဲ

ခုနှစ်ဇာတ်လမ်းအမည်ဇာတ်လမ်း မူရင်းအမည်ဇာတ်ကောင်အမည်မှတ်ချက်ကိုးကား
2002Romance로망스Student[၁၆]
2004–2005Sharp성장드라마 반올림Lee Jin-ho9 episodes (55–63)[၁၇]
2005Nonstop논스톱 5MC Mong with plastic surgeryEpisode: "We Are Mong-bang Friends" (5x213)[၁၈][၁၉]
Recipe of Love (ko)사랑찬가Waiter[၂၀]
2006Secret Campus (ko)비밀의 교정Park Du-hyun[၂၁][၂၂]
2007Mackerel Run달려라 고등어Cha Gong-chan[၂၃][၂၄]
I Am Sam아이엠샘Heo Mo-se[၂၅]
2008Get Up나도 잘 모르지만Min Wook-gi[၂၆]
2009Boys Over Flowers꽃보다 남자Gu Jun-pyo[၂၇][၂၈]
2010Personal Taste개인의 취향Jeon Jin-ho[၂၉][၃၀][၃၁]
2011City Hunter시티헌터Lee Yoon-sung[၃၂][၃၃]
2012Faith신의 (神医)Choe Yeong[၃၄][၃၅]
2013The Heirs왕관을 쓰려는 자, 그 무게를 견뎌라 – 상속자들Kim Tan[၃၆]
2016The Legend of the Blue Sea푸른 바다의 전설Kim Dam-ryeong / Heo Joon-jae[၃၇]
2017DMZ, The WildDMZ 야생의비밀HimselfPresenter[၃၈][၃၉]
2020The King: Eternal Monarch더 킹: 영원의 군주Emperor Lee Gon[၄၀]
2022–presentPachinko파친코Koh HansuSeason 1–2[၄၁]
2023Ask the Stars별들에게 물어봐Gong Ryong[၄၂]

ဝဘ် ဇာတ်လမ်းတွဲ

ခုနှစ်ဇာတ်လမ်းအမည်ဇာတ်လမ်း မူရင်းအမည်ဇာတ်ကောင်အမည်ကိုးကား
2011–2012Toyota Camry

The One and Only
원 & 온리Joon / Kwon[၄၃]
원 & 온리 에필로그
2012Innisfree First LoveInnisfree CEO[၄၄]
2014Line Romance라인 로맨스Min-ho[၄၅]
2015Innisfree Summer Love썸머 러브Lee Min-ho[၄၆]
20167 First Kisses첫키스만 일곱번째[၄၇]

တေးဂီတ ဗီဒီယို

ခုနှစ်တေးသံရှင်သီချင်းအမည်ကိုးကား
2009Sandara Park"Kiss"[၄၈]

တေးသံသွင်း

  • My Everything (2013, Korean)
  • My Everything (2013, Japanese)
  • Song For You (2014)

ဆုရရှိမှုများနှင့် ဆန်ခါတင်ဝင်မှုများ

ကိုးကား

ပြင်ပလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ