ဝဘ်ရှာဖွေရေးစက်စနစ်

အင်တာနက်အသုံးပြု၍ ၀က်ဘ်ပေါ်တွင် သတင်းနှင့်အချက်အလက်များကို ရှာဖွေရန် ဒီဇိုင်းပြုထားသော ဆ

ဝဘ်ရှာဖွေရေးစက် (အင်္ဂလိပ်: Web Search Engine) သည် ဆော့ဖ်ဝဲစနစ် တစ်ခုဖြစ်သည်။ ၎င်းဆော့ဖ်ဝဲကို အင်တာနက် World Wide Web ပေါ်ရှိ အချက်အလက်များကို ရှာဖွေရာတွင် အသုံးပြုသည်။ ရှာဖွေရရှိလာသော ရလဒ်များကို စာမျက်နှာပေါ်တွင် တစ်ကြောင်ချင်းစီ ပြသထားသည်။ ရလဒ်များတွင် ဝဘ်စာမျက်နှာများ၊ ရုပ်ပုံများ၊ အခြားသော ဖိုင်ပုံစံများစွာလည်း ပါဝင်သည်။ အခြားသော ရှာဖွေရေးစက်စနစ်များသည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသည့် စနစ်ကို အသုံးပြုကြသည်။ ရှာဖွေရေးစက်စနစ်များသည် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကို Algorithm များကို အသုံးပြုကာ ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်ကြသည်။ ရှာဖွေရေးစက်စနစ်သည် ဝဘ် Directories များနှင့်မတူပေ။ ဝဘ် Directories များကိုမူ ပြုပြင်မွမ်းမံရန် လူကိုယ်တိုင်သာလျှင် ပြုလုပ်မှ ရနိုင်သည်။

သမိုင်းကြောင်း

Timeline (full list)
ခုနှစ်အင်ဂျင် (စက်)လက်ရှိအခြေအနေ
1993W3Catalogအသက်မဝင်တော့ပါ
Aliwebအသက်မဝင်တော့ပါ
JumpStationအသက်မဝင်တော့ပါ
WWW Wormအသက်မဝင်တော့ပါ
1994WebCrawlerသက်ဝင်နေဆဲ, Aggregator
Go.comအသက်မဝင်တော့ပါ, redirects to Disney
Lycosသက်ဝင်နေဆဲ
Infoseekအသက်မဝင်တော့ပါ
1995AltaVistaအသက်မဝင်တော့ပါ, redirected to Yahoo!
Daumသက်ဝင်နေဆဲ
Magellanအသက်မဝင်တော့ပါ
Exciteသက်ဝင်နေဆဲ
SAPOသက်ဝင်နေဆဲ
Yahoo!သက်ဝင်နေဆဲ, Launched as a directory
1996Dogpileသက်ဝင်နေဆဲ, Aggregator
Inktomiအသက်မဝင်တော့ပါ, acquired by Yahoo!
HotBotသက်ဝင်နေဆဲ (lycos.com)
Ask Jeevesသက်ဝင်နေဆဲ (rebranded ask.com)
1997Northern Lightအသက်မဝင်တော့ပါ
Yandexသက်ဝင်နေဆဲ
1998Googleသက်ဝင်နေဆဲ
Ixquickသက်ဝင်နေဆဲ also as Startpage
MSN Searchသက်ဝင်နေဆဲ as Bing
empasအသက်မဝင်တော့ပါ (merged with NATE)
1999AlltheWebအသက်မဝင်တော့ပါ (URL redirected to Yahoo!)
GenieKnowsသက်ဝင်နေဆဲ, rebranded Yellowee.com
Naverသက်ဝင်နေဆဲ
Teomaအသက်မဝင်တော့ပါ, redirects to Ask.com
Vivisimoအသက်မဝင်တော့ပါ
2000Baiduသက်ဝင်နေဆဲ
Exaleadသက်ဝင်နေဆဲ
Gigablastသက်ဝင်နေဆဲ
2001Kartooအသက်မဝင်တော့ပါ
2003Info.comသက်ဝင်နေဆဲ
Scroogleအသက်မဝင်တော့ပါ
2004Yahoo! Searchသက်ဝင်နေဆဲ, Launched own web search
(see Yahoo! Directory, 1995)
A9.comအသက်မဝင်တော့ပါ
Sogouသက်ဝင်နေဆဲ
2005AOL Searchသက်ဝင်နေဆဲ
GoodSearchသက်ဝင်နေဆဲ
SearchMeအသက်မဝင်တော့ပါ
2006Sosoအသက်မဝင်တော့ပါ, redirects to Sogou
Quaeroအသက်မဝင်တော့ပါ
Search.comသက်ဝင်နေဆဲ
ChaChaအသက်မဝင်တော့ပါ
Ask.comသက်ဝင်နေဆဲ
Live Searchသက်ဝင်နေဆဲ as Bing, Launched as
rebranded MSN Search
2007wikiseekအသက်မဝင်တော့ပါ
Sprooseအသက်မဝင်တော့ပါ
Wikia Searchအသက်မဝင်တော့ပါ
Blackle.comသက်ဝင်နေဆဲ, Google Search
2008Powersetအသက်မဝင်တော့ပါ (redirects to Bing)
Picollatorအသက်မဝင်တော့ပါ
Viewziအသက်မဝင်တော့ပါ
Boogamiအသက်မဝင်တော့ပါ
LeapFishအသက်မဝင်တော့ပါ
Forestleအသက်မဝင်တော့ပါ (redirects to Ecosia)
DuckDuckGoသက်ဝင်နေဆဲ
2009Bingသက်ဝင်နေဆဲ, Launched as
rebranded Live Search
Yebolအသက်မဝင်တော့ပါ
Mugurdyအသက်မဝင်တော့ပါ due to a lack of funding
Scout (Goby)သက်ဝင်နေဆဲ
NATEသက်ဝင်နေဆဲ
2010Blekkoအသက်မဝင်တော့ပါ, sold to IBM
Cuilအသက်မဝင်တော့ပါ
Yandex (English)သက်ဝင်နေဆဲ
2011YaCyသက်ဝင်နေဆဲ, P2P web search engine
2012Voluniaအသက်မဝင်တော့ပါ
2013Qwantသက်ဝင်နေဆဲ
Coc Cocသက်ဝင်နေဆဲ, Vietnamese search engine
Egerinသက်ဝင်နေဆဲ, Kurdish / Sorani search engine
2015Cliqzသက်ဝင်နေဆဲ, Browser integrated search engine

၂၀၀၀ ခုနှစ်ပတ်လည်လောက်တွင် ဂူဂဲလ်၏ ရှာဖွေရေးစက်စနစ်သည် ထင်ရှားလူသိများကာ အသုံးပြုမှု မြင့်တက်လာခဲ့သည်။[၁] ကုမ္ပဏီသည် ကောင်းမွန်သည့် ရှာဖွေမှုရလဒ်ပေါင်းများစွာကို ထောက်ပံ့ကာ ရှာပေးနိုင်သည်။ PageRank ဟုခေါ်သည့် တီထွင်မှုနည်းပညာဖြင့် ရှာဖွေပေးခြင်းဖြစ်သည်။[၂]

၂၀၀၀ ခုနှစ်တွင် Yahoo! သည် Inktomi ၏ ရှာဖွေရေးစက်စနစ်အပေါ် အခြေခံထားသည့် ရှာဖွေရေးဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့သည်။ Yahoo! သည် Inktomi ကို ၂၀၀၂ ခုနှစ်တွင် ရရှိခဲ့သည်။ Overture ကို ၂၀၀၃ ခုနှစ်တွင် ရရှိခဲ့သည်။ Overture သည် AlltheWeb နှင့် AltaVista တို့က ပိုင်ဆို်င်ကြသည်။ Yahoo! သည် ရရှိထားသည် နည်းပညာများကို ပေါင်းစပ်ကာ ကိုယ်ပိုင်ရှာဖွေရေးစက်စနစ်ကို စတင်ခဲ့သည်။

မိုက်ခရိုဆော့ဖ်သည် Bing ဟုခေါ်သည့် ရှာဖွေရေးစက်စနစ်ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။

ဈေးကွက်ဝေစု

ဂူဂဲလ်သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး ရှာဖွေရေးစက်စနစ် တစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ မတ်လထိ ဈေးကွ၏က်၏ ၈၀.၉၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။[၃]

ကမ္ဘာပေါ်တွင် လူသုံးများသော ရှာဖွေရေးစက်စနစ်များ (ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းထက်ပိုသော) မှာ

Search engineMarket share in March 2017
Google80.52%80.52
 
Bing6.92%6.92
 
Baidu5.94%5.94
 
Yahoo!5.35%5.35
 

အရှေ့အာရှ နှင့် ရုရှနိုင်ငံ

အရှေ့အာရှ နိုင်ငံအချို့ နှင့် ရုရှနိုင်ငံတို့တွင် ဂူဂဲလ်သည် လူသိများကာ အသုံးအများဆုံး ရှာဖွေရေး စက်စနစ် တစ်ခု ဖြစ်သည်။

ရုရှနိုင်ငံတွင် Yandex သည် ဈေးကွက်၏ ၆၁.၉ ရာခိုင်နှုန်း ရရှိထားပြီး ဂူဂဲလ်မှာမူ ၂၈.၃ ရာခိုင်နှုန်းသာ ရရှိသည်။[၄] တရုတ်နိုင်ငံတွင် Baidu သည် လူသုံးအများဆုံး ဖြစ်သည်။[၅] တောင်ကိုရီးယားနိုင်ငံတွင် အွန်လိုင်းရှာဖွေမှုများပြုလုပ်ရာတွင် Naver ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြသည်။[၆] Yahoo! ဂျပန် နှင့်Yahoo! ထိုင်ဝမ် တို့သည် ဂျပန် နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် လူသုံးများကြသည်။[၇]

ဥရောပ

ချက်သမ္မတနိုင်ငံမှတပါး အနောက်ဥရောပနိုင်ငံအများစုတွင် ဂူဂဲကို အသုံးများကြသည်။ ချက်သမ္မတနိုင်ငံတွင် Seznam သည် ကောင်းမွန်သည့် ပြိုင်ဘက်တစ်ခုလည်း ဖြစ်သည်။[၈]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ