ဝါရှင်တန်ပို့စ်

ဝါရှင်တန်ပို့စ် (အင်္ဂလိပ်: the Washington Post, the Post)[၄]သည် ဝါရှင်တန်ဒီစီတွင် ထုတ်ဝေသော အမေရိကန် နေ့စဉ်သတင်းစာဖြစ်၍ ဝါရှင်တန်မြို့ပြနယ်မြေတွင် စောင်ရေအား အကောင်းဆုံးသတင်းစာဖြစ်သည်။[၅][၆] ထို့နောက် နိုင်ငံတွင်း၌ ဖတ်သူအင်အားသည်လည်း များပြားသည်။ နေ့စဉ် ဆိုက်ကြီးမူကို ဝါရှင်တန်ဒီစီ၊ မယ်ရီလန်း၊ ဗာဂျီးနီးယား ပြည်နယ်တို့အတွက် ရိုက်နှိပ်ထုတ်ဝေသည်။ သတင်းစာသည် ပူလစ်ဇာဆု ၆၉ ကြိမ်အထိ ရရှိထားကာ[၇] နယူးယောက်တိုင်းစ်ပြီးလျှင် ဒုတိယအများဆုံးရရှိထားခြင်းဖြစ်၏ ။[၈] ဝါရှင်တန်ပို့စ်မှ သတင်းသမားများသည်လည်း နီးမန်အဖွဲ့ဝင်ဆု (Nieman Fellowship) ၁၈ ကြိမ်၊ အိမ်ဖြူတော် သတင်း ဓာတ်ပုံသမားများအဖွဲ့ဆု ၃၆၈ ကြိမ် ရရှိထားပြီးဖြစ်သည်။[၉][၁၀] သတင်းစာကို နိုင်ငံရေးသတင်းဖော်ပြထုတ်ပြန်ချက်များကြောင့် လူသိများကြ၍ နိုင်ငံခြားသတင်းအချက်အလက် စုဆောင်းဖြန့်ဝေမှုကို လုပ်ဆောင်နိုင်သော အနည်းငယ်သာကျန်တော့သည့် သတင်းစာများထဲက တစ်ခုလည်းဖြစ်ပေသည်။

The Washington Post
ဒီမိုကရေစီသည် အမှောင်ထုထဲတွင် သေဆုံးသည်။
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူနဲ့ရှ် ဦးပိုင်လုပ်ငန်း
တည်ထောင်သူStilson Hutchins
ထုတ်ဝေသူFred Ryan[၁]
အယ်ဒီတာချုပ်Sally Buzbee
Staff writers၈၀၀ ဝန်းကျင် (သတင်းသမား)[၂]
တည်ထောင်ခြင်းဒီဇင်ဘာ ၆၊ ၁၈၇၇; ၁၄၆ နှစ် အကြာက (၁၈၇၇-၁၂-06)
ဘာသာစကားအင်္ဂလိပ်
ဌာနချုပ်များ
စောင်ရေ356,768 (Daily, 2015)
838,014 (Sunday, 2013)
1,000,000 (Digital, 2018)
ISSN0190-8286
OCLC နံပါတ်2269358
ဝက်ဘ်ဆိုဒ်washingtonpost.com
နိုင်ငံအမေရိကန်ပြည်ထောင်စု

၁၈၇၇ တွင် တည်ထောင်ခဲ့ကာ အစောပိုင်းနှစ်ကာလများတွင် ပိုင်ဆိုင်သူအချို့ ပြောင်းလဲမှုများရှိပြီး ငွေရေးကြေးရေး၊ တည်းဖြတ်သူ ပြဿနာများကို ရင်ဆိုင်ရုန်းကန်ခဲ့ရကာ ထို့နောက် ငွေထောက်ပံ့သုံးစွဲနိုင်သူ ယူဂျီးန် မဲယာက သတင်းစာ၏ ၁၉၃၃ တွင် ဒေဝါလီခံရမည့်အခြေအနေမှ ဝယ်ယူခဲ့၍ အသစ်တဖန်ပြန်လည် တိုးတက်အောင်ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ကတ်သရင်း ဂရေဟမ်၊ ဖိလစ် ဂရေဟမ်တို့က အပြိုင်အဆိုင်ထုတ်ဝေနေသော သတင်းစာများကို ဈေးကွက်စီးနိုင်ရန် ဝယ်ယူခဲ့ကြသည်။

အင်တာနက်ပေါ်ပေါက်လာသောအခါ ဝါရှင်တန်ပို့စ်၏ ပြည်တွင်း၊ နိုင်ငံတကာ ဖြန့်ကျက်နိုင်အားကို တိုးမြှင်နိုင်ခဲ့လေ၏ ။ ၂၀၁၃ အောက်တိုဘာတွင် ဂရေဟမ်မိသားစုက သတင်းစာကို နဲ့ရှ်ဦးပိုင် (Nash Holdings) သို့ အမေရိကန်ဒါ်လာ သန်း ၂၅၀ ဖြင့် ရောင်းချခဲ့ကြသည်။[၁၁][၁၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ