ဝီကီပီးဒီးယား:စိစစ်အတည်ပြုခံနိုင်မှု

(ဝီကီပီးဒီးယား:V မှ ပြန်ညွှန်းထားသည်)

ဝီကီပီးဒီးယားတွင် စိစစ်အတည်ပြုခံနိုင်မှု (verifiability) ဆိုသည်မှာ စွယ်စုံကျမ်းကို အသုံးပြုသော အခြားပုဂ္ဂိုလ်များအနေဖြင့် သတင်းအချက်အလက်တစ်ခုသည် ယုံကြည်စိတ်ချရသော ရင်းမြစ်မှ လာခြင်း ဟုတ်မဟုတ်ကို စစ်ဆေးနိုင်ခြင်း ဖြစ်သည်။ ဝီကီပီးဒီးယားသည် ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများအား လွှင့်တင်ခြင်း မပြုပါ။ ဝီကီပီးဒီးယားရှိ အကြောင်းအရာများကို တည်းဖြတ်သူများ၏ ယုံကြည်ချက် သို့မဟုတ် အတွေ့အကြုံများဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ယခင်ထုတ်ဝေပြီးဖြစ်သည့် သတင်းအချက်အလက်များဖြင့် ဆုံးဖြတ်သည်။ တစ်စုံတစ်ခုသော အကြောင်းအရာသည် မှန်ကန်ကြောင်း သင် အသေအချာ သိနေသော်လည်း ထိုအကြောင်းအရာကို ပေါင်းထည့်ရေးသားရန်အတွက် စိစစ်အတည်ပြုနိုင်ရန် လိုအပ်သည်။[၁] ယုံကြည်စိတ်ချရသော ရင်းမြစ်သည် သဘောထားကွဲလွဲနေပါက ဘက်မလိုက်သော အမြင်ကို လက်ကိုင်ထားကာ ကွဲပြားသော ရင်းမြစ်များမှ ဖော်ပြသည်ကို တင်ပြပြီး မျှမျှတတ ဖြစ်စေရမည်။

ဆောင်းပါးများ၊ စာရင်းများရှိ အရာအားလုံး အပါအဝင် ဝီကီပီးဒီးယား ပင်မအမည်ညွှန်းရှိ အကြောင်းအရာများ အားလုံးသည် စိစစ်အတည်ပြုခံနိုင်ရမည် ဖြစ်သည်။ စိစစ်အတည်ပြုခံနိုင်ခြင်းသည် စောဒကတက်ခြင်း ခံနေရသော သို့မဟုတ် စောဒက တက်စေလာနိုင်သော ပြောဆိုချက်များနှင့် မည်သည့် အကြောင်းအရာမဆိုတွင် အဆိုပါအကြောင်းအရာကို တိုက်ရိုက် ထောက်ခံသော inline citation တစ်ခု ပါဝင်ရမည် ဖြစ်သည်။ ရင်းမြစ်တစ်ခု လိုအပ်နေသော သို့မဟုတ် ပါဝင်ခြင်းမရှိသော မည်သည့် အကြောင်းအရာမဆို ဖယ်ရှားခြင်း ခံရနိုင်သည်။ ရင်းမြစ် မပါသော သို့မဟုတ် ရင်းမြစ် နည်းပါးသော သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကြောင်း အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ကျေးဇူးပြု၍ ချက်ချင်း ဖယ်ရှားပါ။

ကိုးကားချက်များ ရေးသားနည်းအတွက် ရင်းမြစ်များကို ကိုးကားခြင်းတွင် ကြည့်ပါ။ စိစစ်အတည်ပြုခံနိုင်မှု၊ ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများနှင့် ဘက်မလိုက်သော အမြင်တို့သည် ဝီကီပီးဒီးယား၏ အဓိက အကြောင်းအရာ မူဝါဒများ ဖြစ်သည်။ အကြောင်းအရာကို ဆုံးဖြတ်ရန်အတွက် ယင်းတို့သည် အတူတကွ ဆောင်ရွက်သည့်အတွက် တည်းဖြတ်သူများအနေဖြင့် အဆိုပါ မူဝါဒ သုံးခု၏ အရေးပါအချက်များကို နားလည်ထားသင့်သည်။ ဆောင်းပါးများသည် မူပိုင်ခွင့် မူဝါဒကိုလည်း လိုက်နာရမည် ဖြစ်သည်။


မှတ်စုများ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ