ဝေါရင် ဂမားလီယယ်လ် ဟားဒင်

အမေရိကန်ပြည်ထောင်စု၏ ၂၉ ဦးမြောက် သမ္မတ ဟားဒင်ကို အိုဟိုင်းယိုးပြည်နယ်၊ ကော်စီကာဒေတွင် ၁၈၆၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂ရက်က ဖွားမြင်သည်။ မိဘများမှာ ဂျော့ချ် ထိုင်ရုန်းနှင့် ဖိဘီ အလစ်ဇဘတ် ဒစ်ဂါဆန် ဟားဒင် တို့ဖြစ်ကြသည်။ အိုဟိုင်းယိုးကောလိပ်တွင် ဥပဒေပညာသင်ယူခဲ့ပြီး ဒေသခံသတင်းစာတစ်စောင်အား ထုတ်ဝေသူအယ်ဒီတာအဖြစ် တည်ထောင်ခဲ့သည်။

ဝေါရင် ဂမားလီယယ်လ် ဟားဒင်
Warren Gamaliel Harding


မွေးနေ့၂၊ နိုဝင်ဘာ၊ ၁၈၆၅
မွေးရပ်ကော်စီကာ၊ အိုဟိုင်းယိုးပြည်နယ် အမေရိကန်
ကွယ်လွန်နေ့၂၊ ဩဂုတ်၊ ၁၉၂၃
ကွယ်လွန်ရပ်ဆန်ဖရန်စစ္စကိုမြို့
အခြားအမည်
လူသိများရခြင်းအမေရိကန်ပြည်ထောင်စု၏ ၂၉ ဦးမြှောက်သမ္မတ
အလုပ်အကိုင်ဥပဒေပညာရှင်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ၄၊ မတ်၊ ၁၉၁၃- ၂၊ ဩဂုတ်၊ ၁၉၂၃
ဒုတိယ သမ္မတခယ်လ်ဗင် ခူးလစ်ဂျ်
လွှဲအပ်သူဝုဒ်ရိုး ဝီလ်ဆင်
ဆက်ခံသူခယ်လ်ဗင် ခူးလစ်ဂျ်
နိုင်ငံသားအမေရိကန် နိုင်ငံ

နိုင်ငံရေးလောကသို့ ပထမဆုံးခြေလှမ်းအဖြစ် ၁၉၀၁-၁၉၀၄ခုနှစ်အတွင်း ပြည်နယ်လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ ထိုနောက် ၁၉၀၄-၁၉၀၆ခုနှစ်အတွင်း ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၉၁၀တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်၍ရွေးချယ်ခံသော်လည်း ရှုံးနိမ့်ခဲ့သည်။ ၁၉၁၄တွင် အမေရိကန်အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး သပိတ်မှောက်ဆန့်ကျင်ရေးဥပဒေ၊ အမျိုးသမီးများ မဲပေးခွင့်ရရှိရေးတို့ကိုထောက်ခံခဲ့သည်။ နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ အမေရိကန်ပြည်ထောင်စု ပါဝင်ရေးကို ကန့်ကွက်ခဲ့သည်။

၁၉၂၀ရွေးကောက်ပွဲတွင် ရီပါပလီကန်ပါတီမှ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ သမ္မတဖြစ်လျှင် သွင်းကုန်ခွန်ပြင်ဆင်ခြင်းဥပဒေ၊ ဝင်ငွေခွန်လျော့ချခြင်းဥပဒေတို့ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီး အဲလ်ဘတ် ဘီဖောလ်မှာ အရှုပ်တော်ပုံတစ်ရပ်တွင်ပါဝင်ပတ်သတ်ခဲ့ပြီး ဟာဒင်း၏အစိုးရမှာလည်း ခြစားမှုများရှိခဲ့သည်ဟု စွပ်စွဲခံရသည်။

သမ္မတဘဝနှင့် အာလာစကားပြည်နယ်သို့ ခရီးလှည့်လည်ပြီး အပြန်တွင် ရုတ်တရက်နာမကျန်းဖြစ်၍ ဆန်ဖရန်စစ္စကိုမြို့သို့အရောက် ၂၊ ဩဂုတ်၊ ၁၉၂၃ခုနှစ်တွင် ကွယ်လွန်သည်။ ဟားဒင် ကွယ်လွန်လျှင် ဒုတိယသမ္မတဖြစ်သည့် ခယ်လ်ဗင် ခူးလစ်ဂျ်မှ သမ္မတအဖြစ် ဆက်ခံခဲ့သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ