ဟစနီး မူဘာရက်

အီဂျစ်နိုင်ငံသားသမ္မတ၊နိုင်ငံရေးသမား

မိုဟာမက် ဟစနီး အက်ဆီးယစ် မူဘာရက် (အင်္ဂလိပ်: Muhammad Hosni El Sayed Mubarak[မှတ်စု ၁]) (၄ မေ ၁၉၂၈ – ၂၅ ဖေဖော်ဝါရီ ၂၀၂၀) သည် အီဂျစ်နိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၈၁မှ ၂၀၁၁ထိ ထမ်းဆောင်ခဲ့သော အီဂျစ်သမ္မတဖြစ်၍ အီဂျစ်နိုင်ငံ ၏ စတုတ္ထမြောက်သမ္မတလည်းဖြစ်သည်။

ဟစနီး မူဘာရက်
حسني مبارك
မူဘာရက် (၂၀၀၉)
စတုတ္ထမြောက် အီဂျစ်နိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
14 October 1981 – 11 February 2011
ဝန်ကြီးချုပ်
ဒုတိယ သမ္မတOmar Suleiman[a]
ယခင်လူSufi Abu Taleb (Acting)
ဆက်ခံသူMohamed Hussein Tantawi (Interim)
အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
7 October 1981 – 2 January 1982
သမ္မတSufi Abu Taleb (Acting)
Himself
ယခင်လူAnwar Sadat
ဆက်ခံသူAhmad Fuad Mohieddin
၁၅ကြိမ်မြောက် အီဂျစ်နိုင်ငံ၏ ဒုတိယ သမ္မတ
တာဝန်သက်တမ်း
16 April 1975 – 14 October 1981
သမ္မတAnwar Sadat
ယခင်လူHussein el-Shafei
Mahmoud Fawzi
ဆက်ခံသူOmar Suleiman[a]
the Non-Aligned Movement ၏ အထွေထွေအတွင်းရေးမှူး
တာဝန်သက်တမ်း
16 July 2009 – 11 February 2011
ယခင်လူRaúl Castro
ဆက်ခံသူMohamed Hussein Tantawi (Acting)
အီဂျစ်လေတပ်၏ Commander
တာဝန်သက်တမ်း
23 April 1972 – 16 April 1975
သမ္မတAnwar Sadat
ယခင်လူAli Mustafa Baghdady
ဆက်ခံသူMahmoud Shaker
အီဂျစ်လေတပ် တက္ကသိုလ်၏ ညွှန်ကြားရေးမှူး
တာဝန်သက်တမ်း
November 1967 – June 1969[၁]
ယခင်လူYahia Saleh Al-Aidaros
ဆက်ခံသူMahmoud Shaker
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမိုဟာမက် ဟစနီး အက်ဆီးယစ် မူဘာရက်
(1928-05-04)၄ မေ၊ ၁၉၂၈
Kafr-El Meselha, အီဂျစ်
ကွယ်လွန်၂၅ ဖေဖော်ဝါရီ၊ ၂၀၂၀(2020-02-25) (အသက် ၉၁)
ကိုင်ရိုမြို့, အီဂျစ်နိုင်ငံ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရက်တစ်ပါတီ(အီဂျစ်) (1978–2011)
ကြင်ဖော်(များ)Suzanne Thabet (လက်ထပ် 1959)
သားသမီး
  • Alaa Mubarak
  • Gamal Mubarak
မိခင်ကျောင်းအီဂျစ် စစ်တက္ကသိုလ်
အီဂျစ် လေတက္ကသိုလ်
ဆိုဗိယက် ဖရူးန်ဇီး စစ်တက္ကသိုလ်
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ Egypt
တပ်/တပ်ဖွဲ့ခွဲ Egyptian Air Force
အမှုထမ်းကာလ1950–1975
ရာထူး – လေတပ်စစ်ဦးစီးချုပ် (Air Chief Marshal)[၂]
Commands​အီဂျစ် လေတပ်
အီဂျစ် လေတက္ကသိုလ်
ဘန်းနီ ဆူးအက်ဖ် လေတပ်အခြေစိုက်စခန်း (Beni Suef Air Base)
ကိုင်ရိုအနောက်လေတပ်အခြေစိုက်စခန်း (Cairo West Air Base)
a. ^ Office vacant from 14 October 1981 to 29 January 2011
b. ^ as Chairman of the Supreme Council of the Armed Forces]]
c.^ c. military rank withdrawn after trial

နိုင်ငံရေးလောကသို့ မဝင်ရောက်မီ မူဘာရက်သည် အီဂျစ်လေတပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၇၂မှ ၁၉၇၅ထိ အရေးပါသောထိပ်တန်းအရာရှိတစ်ဦးအဖြစ်ထမ်းဆောင်၍ ၁၉၇၃တွင် လေတပ်ဦးစီးချုပ်(air chief marshal)အဖြစ် ရာထူးတိုးမြင့်ရရှိခဲ့သည်။[၂] ၁၉၈၁ သမ္မတ အန်ဝေါ ဆက်ဒက်လုပ်ကြံခံရပြီးနောက် သမ္မတဖြစ်လာခဲ့သည်။ မူဘာရက်၏ သမ္မတသက်တမ်းသည် နှစ်သုံးဆယ် နီးပါးကြာမြင့်ခဲ့၏ ။၁၈၀၅မှ ၁၈၄၈ထိ (၄၃)နှစ်ကြာ အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့သော အောတမန် အုပ်ချုပ်သူ မိုဟာမက် အလီ ဘာရှ (Muhammad Ali Pasha) ပြီးလျှင် ဒုတိယသက်တမ်းအကြာဆုံးဖြစ်လေသည်။[၃] မူဘာရက်သည် ၂၀၁၁ အီဂျစ်တွင် ၁၈ရက်ကြာ ဖြစ်ပွားခဲ့သော တော်လှန်ရေးအတွင်း၌ နုတ်ထွက်ခဲ့သည်။[၄] ၂၀၁၁ ဖေဖော်ဝါရီ ၁၁တွင် ထိုစဉ်က ဒုသမ္မတဖြစ်သူက သမ္မတနှင့် ၎င်းတို့ အသီးသီးနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ယင်းနောက် စစ်တပ်၏ ထိပ်တန်းကောင်စီကို အာဏာလွှဲပေးခဲ့လေသည်။[၅][၆]

၂၀၁၁ ဧပြီ ၁၃၊ အစိုးရရှေ့နေတစ်ဦးက မူဘာရက်နှင့် သားနှစ်ယောက်ကို အကျင့်ပျက်ချစားမှုနှင့် အာဏာအလွဲသုံးစာမှုများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ၁၅ရက်ကြာ ထိန်းသိမ်းခဲ့သည်။[၇] အီဂျစ်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသောသူများကို သတ်ဖြတ်ခြင်းအားတားဆီးရန် ပျက်ကွက်ခဲ့မှုအတွက် (တာဝန်ပျက်ကွက်မှု)စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သည်။[၈] ၂၀၁၁ ဩဂုတ်လ ၃ရက်မှ စတင်ရုံးထုတ်သည်။[၉] ၂၀၁၂ ဇွန် ၂၊ အီဂျစ်တရားရုံးက မူဘာရက်အား တစ်သက်တစ်ကျွန်းထောင်ဒဏ်စီရင်ခဲ့သည်။ ပြစ်ဒဏ်စီရင်ပြီးနောက် ကျန်းမာရေးဆိုးရွားမှုများဖြစ်ပေါ်လာခဲ့ကြောင်း သတင်းအရသိရှိရသည်။ ၂၀၁၃ ဇန်နဝါရီ ၁၃ ၌ အီဂျစ်နိုင်ငံ၏ ထိပ်တန်းအယူခံရုံးတော်မှ မူဘာရက်၏ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့ပြီး ထပ်မံတရားရင်ဆိုင်စေသည်။[၁၀] ပြန်လည်တရားရင်ဆိုင်ရာတွင် မူဘာရက်နှင့် သားများအား အကျင့်ပျက်ချစားမှုဖြင့် ၂၀၁၅ မေ ၉တွင် ထောင်ဒဏ် စီရင်ခဲ့သည်။[၁၁] မူဘာရက်ကို စစ်ဆေးရုံတွင် ထိန်းသိမ်းထားပြီး ၎င်းသားများကို ၂၀၁၅ အောက်တိုဘာ ၁၂ ၌ ကိုင်ရိုတရားရုံးက လွှတ်ပေးခဲ့သည်။[၁၂] ၎င်းကိုလည်း ၂၀၁၇ မတ်လ ၂ ၌ အပြစ်မရှိကြောင်းစီရင်၍ ၂၀၁၇ မတ် ၂၄တွင် လွှတ်ပေးခဲ့၏ ။[၁၃][၁၄]

၂၀၂၀ ဖေဖော်ဝါရီ ၂၅တွင် ကွယ်လွန်ခဲ့သည်။[၁၅][၁၆] ကိုင်ရိုမြို့ပြင် မိသားစုမြေကွက်၌ စစ်ရေးဆိုင်ရာဖြင့် မြုပ်နှံခွင့်ရရှိခဲ့သည်။[၁၇]

ငယ်စဉ်ဘဝနှင့် လေတပ်အမှုထမ်းခြင်း

၁၉၂၈ မေ ၂၄တွင် မူဘာရက်ကို အီဂျစ်နိုင်ငံ မန်နူဖက်ယဲ့(Monufia)အုပ်ချုပ်ရေးနယ်မြေ၊ ကားဖ်ရ် အက်ရှ် မဆဲဟာ(Kafr El-Meselha)တွင် မွေးဖွားခဲ့သည်။[၁၈] ၁၉၄၉ ဖေဖော်ဝါရီလတွင် စစ်တက္ကသိုလ်ပြီး၍ အီဂျစ်လေတပ်တွင် အမှုထမ်းသည်။[၂] လေကျောင်းသိပ္ပံဘွဲ့ရရှိခဲ့သည်။[၁၉]

လေတပ်ဌာနအမျိုးမျိုး၌အမှုထမ်းပြီး[၂] ၁၉၅၀ခုနှစ်များဆီမှ ၁၉၅၉ထိ လေတပ်တက္ကသိုလ်တွင် သရုပ်ပြဆရာလုပ်သည်။[၂] ၁၉၅၉မှ ၁၉၆၁ထိ ဆိုဗိယက်ပြည်ထောင်စုတွင် လေယာဉ်မောင်းသင်တန်းများတက်ခဲ့သည်။[၂၀] အီဂျစ်သို့ပြန်ရောက်ပြီးနောက် လေတပ်အရာရှိ၊ လေတပ်အခြေစိုက်အရာရှိအဖြစ် အမှုထမ်းခဲ့သည်။[၂]

၁၉၇၃တွင် လေတပ်မတော်၏ အုပ်ချုပ်သူအရာရှိနှင့် ကာကွယ်ရေး ဒုဝန်ကြီးဖြစ်ကာ ၁၉၇၃တွင် အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားမှု၌ ဆူးအက်တူးမြောင်း အရှေ့ကမ်းရှိ အစ္စရေးစစ်သားများကို ကိုရှောင်တခင်လေတပ်စစ်ဆင်ရေးလုပ်ခဲ့သည်။ အီဂျစ်လေယာဉ်မှူးများသည် ပစ်မှတ် ၉၀%ထိမှန်အောင်ပစ်ခတ်နိုင်သဖြင့် မူဘာရက်သည် နိုင်ငံ၏ သူရဲကောင်းဖြစ်လာခဲ့သည်။[၂၁] နောက်တစ်နှစ်၌ ထိုစစ်ပွဲအား အသိအမှတ်ပြုသည့် အနေဖြင့် လေတပ်စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။[၂][၂၂] စစ်ပွဲ၌ အီဂျစ်နိုင်ငံ၏ အစောပိုင်းခိုင်မာသည့် ဆောင်ရွက်ချက်များကြောင့် တရားဝင်ကြေညာချက်များတွင် မူဘာရက်ကို ချီးမွမ်းမှုများရှိခဲ့သည်။[၂၃] မူဘာရက်၏ ဩဇာလွှမ်းမိုးမှုကို ယခင်တပ်ကာကွယ်ရေးဦးစီးချုပ် Saad el-Shazly ၏ သမီး Shahdan El-Shazliက မူဘာရက်သည် စာရွက်စာတမ်းများလဲထားကြောင်း၊ ၁၉၇၃အစောပိုင်းအောင်မြင်မှုများအတွက် ၎င်းဖခင်ရရှိမည့် ချီးကျူးမှုများကို ယူသွားကြောင်း ပြောဆိုခဲ့၏ ။ နောက်ဆက်လက်ပြောဆိုသည်မှာ စစ်ရေးဆိုင်ရာအမိန့်ပေးသည့် အခန်းတစ်ခု၌ ဆွေးနွေးမှုများနှင့်ပတ်သက်သည့် ဓာတ်ပုံများမှာ ပြောင်းလဲထားကြောင်းနှင့် ထိုပုံများတွင် Saad El-Shazliကို ဖျက်ထားပြီး မူဘာရက်နှင့် အစားထိုးထားကြောင်းလည်းပြောဆိုသွားခဲ့သည်။[၂၄]

ဒုတိယသမ္မတ နှင့် သမ္မတတာဝန်

၁၉၇၅ ဧပြီတွင် အန်းဝေါ ဆက်ဒတ်က မူဘာရက်ကို ဒုတိယသမ္မတခန့်အပ်ခဲ့သည်။[၂၅] ဤရာထူး၌ အစ္စရေးနှင့် အနာဂတ်တွင်တိုက်ခိုက်ခြင်းမပြုပဲ ဆုတ်ခွာရန် စစ်တပ်သဘောတူညီမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။[၂၆] အစ္စရေးနှင့် တိုက်ခိုက်ခြင်းမပြုရန် ဆော်ဒီနှင့် ဆီရီးယားကို တိုက်တွန်းသော်လည်း ဆီရီးယားမှ လက်မခံဘဲ ငြင်းဆန်သည်။[၂၇][၂၈] ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ခင်မင်ရင်းနှီးလာခဲ့သည်။[၂၉] မူဘာရက်သည် အာရပ်ဒေသရှိ ထိပ်တန်းခေါင်းဆောင်များနှင့်ပါ ဆက်ဆံရေးတိုးတက်လာသည်။[၂၉]

Egyptian presidential referendum 1981 Akhbar newspaper

ဗိုလ်ကြီးတစ်ဦးဖြစ်သော Khalid Islambouli ဦးဆောင်လာသော စစ်သားများမှ ၁၉၈၁ အောက်တိုဘာတွင် သမ္မတ ဆက်ဒက်အားလုပ်ကြံသတ်ဖြတ်မှုတွင် မူဘာရက်ဒဏ်ရာရရှိခဲ့သည်။[၃၀] ဤအဖြစ်အပျက်ပြီးနောက် အီဂျစ်၏ စတုတ္ထမြောက် သမ္မတဖြစ်လာသည်။

အီဂျစ်နိုင်ငံ အာရပ်အဖွဲ့ချုပ်သို့ ပြန်ဝင်ခြင်း

သမ္မတ ဆက်ဒက်၏ အစ္စရေးနှင့် စစ်ပြေငြိမ်းမှုကြောင့် အီဂျစ်ကို အာရပ်အဖွဲ့ချုပ်က အသင်းဝင်အဖြစ် ဆိုင်းငံ့ခဲ့သည်။[၃၁] ၁၉၈၂၌ မူဘာရက်က ဆော်ဒီဘုရင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်မှုအစဖြစ်လာခဲ့သည်။[၃၂] အီဂျစ်သည် အာရပ်အများဆုံးနေထိုင်သည့်တိုင်းပြည်ဖြစ်၍ ဆော်ဒီသည် အချမ်းသာဆုံးနိုင်ငံဖြစ်သဖြင့် အာရပ်ကမ္ဘာတွင် အီဂျစ်-ဆော်ဒီဝင်ရိုးသည် စွမ်းအားရှိသော အားတစ်ရပ်ဖြစ်လာခဲ့၏ ။ ၁၉၈၂ အာရပ်အဖွဲ့ချုပ်ထိပ်သီးဆွေးနွေးပွဲတွင် ဆော်ဒီက အီဂျစ်၏ ငြိမ်းချမ်ရေးအစီအစဉ်ကို တင်ပြခဲ့သည်။ ထိုအစီအစဉ်၌ အစ္စရေးကပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ခွင့်ပြုရန်၊ အာရပ်ကမ္ဘာတစ်ခုလုံးက အစ္စရေးနှင့် ငြိမ်းချမ်းရေးယူရန်တို့ဖြစ်ကြသည်။[၃၂]

အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက ၁၉၇၉မှစ၍ အစ္စလာမ္မစ်ကမ္ဘာကို ၎င်းကဦးဆောင်သူဖြစ်ကြောင်း ပြောကြားမှုများရှိခဲပြီး အထူးသဖြင့် ခေါင်းဆောင် ခိုမေးနီ (Khomeini) က အီရတ်၊ ဆော်ဒီ၊ ကူဝိတ်နှင့် ပါရှန်းပင်လယ်ကွေ့တောင်ပိုင်းရှိ အခြားအာရပ်နိုင်ငံများ၏ အစိုးရများကိုဖြုတ်ချရန် နှိုးဆော်သည်။ ထိုနိုင်ငံများကို တရားမဝင် နိုင်ငံများဟုလည်းသုံးနှုန်းသည်။[၃၃] ခိုမေးနီ၏ အစ္စလာမ္မစ်ကမ္ဘာခေါင်းဆောင်ဖြစ်ရန် အခိုင်အမာပြောကြားမှု၊ ခိုမေးနီက အစ္စလာမ်အစစ်မဟုတ်ဟုသတ်မှတ်သော ဆော်ဒီ၊ အီရတ်ကဲ့သို့သော ပစ်မှတ်ထားသည့် နိုင်ငံများ၏ အစိုးရပိုင်း၌ နက်နဲသောကြောက်စိတ်များ ကိန်းအောင်းလာစေရန် အလုပ်ဖြစ်မြောက်မည့် အီရန်တော်လှန်ရေးကိုသဘောသဘာများကို ထိုနိုင်ငံများသို့တင်ပို့ရန်ကြိုးပမ်းအားထုတ်မှုများရှိပြီးနောက်[၃၃] အီရန်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အခြားအာရပ်နိုင်ငံများက အီဂျစ်အား မိတ်ဖက်အဖြစ်မြင်လာခဲ့သည်။[၃၃] ဆော်ဒီဘုရင်နှင့် အခြားပင်လယ်ကွေ့အာရပ်တိုင်းပြည်များအတွက် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် ဖျော့တော့လာကာ အစ္စလာမ္မစ်ကမ္ဘာခေါင်းဆောင်ဟု အီရန်၏ ဟိတ်ဟန်ထုတ်ခြင်းကို ခုခံရင်ဆိုင်ရန်အလို့ငှာ အီဂျစ်ကို လစ်လျူပြု၍မရသည့်အနေအထားဖြစ်လာခဲ့သည်။ [၃၃]

အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၁၉၈၈) တွင် အီဂျစ်က အီရတ်ကို စစ်ရေးနှင့် စီးပွားရေးဆိုင်ရာအကူအညီပေးခဲ့သည်။[၃၃] ၁၉၈၃ ဒီဇင်ဘာ၌ မူဘာရက်က ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့( PLO) ခေါင်းဆောင် ယာဆာ အာရာဖတ်ကို ကိုင်ရိုထိပ်သီးအစည်းအဝေးတွင်ကြိုဆိုခဲ့သည်။ PLOနှင့် ပြန်လည်သင့်မြတ်မှုအဖြစ်ညွှန်းဆိုနိုင်ပြီး ထိုအချိန်မှစတင်ကာ PLO၏ အဓိက မဟာမိတ်ဖြစ်လာခဲ့သည်။[၃၄]

အုပ်ချုပ်ရေးပုံစံ

၁၉၈၀ပြည့်နှစ်များတလျှောက် မူဘာရက်သည် တတ်နိုင်သည့်ဈေးနှုန်းဖြင့် အိမ်ရာ၊ အဝတ်အထည်၊ ပရိဘောဂနှင့် ဆေးဝါး တည်ဆောက်၊ထုတ်လုပ်ခြင်းများ တိုးမြှင့်ခဲ့သည်။ သမ္မတဖြစ်လာသောအခါ အီဂျစ်-အစ္စရေးဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် စိတ်အားထက်သန်မှု များစွာမရှိသဖြင့် စ်-အစ္စရေးသို့ သွားရောက်လည်ပတ်ရန်ငြင်းဆိုသော အီဂျစ်အရာရှိအနည်းငယ်ထဲက တစ်ဦးဖြစ်လာသည်။[၂၉]၎င်း၏ မူဝါဒများသည် အနာဂတ် အီဂျစ်-အစ္စရေးဆက်ဆံရေးညှိနှိုင်းခြင်းများအတွက် အခက်အခဲအတားအဆီးများဖြစ်စေမည်ဟုဆိုခြင်းကို ငြင်းဆန်သည်။[၂၉] ၂၀၀၆၌ အစ္စရေးသမိုင်းပညာရှင် Karsh က မူဘာရက်အား ဂျူးလူမျိုးမုန်းတီးရေးဝါဒီဟု စွပ်စွဲသည်။[၃၅]

အီဂျစ်သည် အမေရိကန်ပြည်ထောင်စု အကူအညီပေါ်၌ များစွာမှီတည်ရသည်။[၃၆] မူဘာရက်လက်ထက်၌ အမေရိကန်၏ ပါလက်စတိုင်းနယ်မြေအတွက် အစ္စရေးအပေါ်ဖိအားပေးရန် အီဂျစ်နိုင်ငံ၏ မျှော်လင့်ချက်များမှာ ဆက်လက်တည်ရှိခဲ့သည်။[၃၇] ယခင် ဆိုဗိယက်ပြည်ထောင်စုနှင့် ဆက်ဆံရေး တိတ်တဆိတ် တိုးမြှင့်ခဲ့သည်။ ၁၉၈၇ ရွေးကောက်ပွဲ၌ ဒုတိယ ခြောက်နှစ်သက်တမ်းထပ်မံ အနိုင်ရရှိသည်။[၂၀]

၁၉၈၀၊ ၁၉၉၀၊ ၂၀၀၀ပြည့်နှစ်များတွင် အီဂျစ်နိုင်ငံ၏ လုံခြုံရေးလုပ်ဆောင်မှုများက ဖြစ်စေသော လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ (Amnesty International)က စနစ်တကျလုပ်ဆောင်မှုများဟု ဖော်ပြသည်။[၃၈] အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့က ၂၀၀၇တွင် ထုတ်ပြန်သော သတင်း၌ အီဂျစ်ရဲများသည် ရိုက်နှက်ခြင်း၊ လျှပ်စစ်လျှော့တိုက်ခြင်း၊ ဆိုးဝါးသော အကျဉ်းထောင်များ၌ လက်ကောက်ဝတ်၊ ခြေကျဉ်းဝတ်များခတ်ထား၍ ကြာရှည်စွာ ထိန်းသိမ်းခြင်း၊ အသက်အန္တရာယ်ခြိမ်းချောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ၌ ပါဝင်လုပ်ဆောင်သည်ဟု ဖော်ပြထားသည်။[၃၈] The state remained large under Mubarak employing 8 million people out of a population of 75 million.[၃၈]၎င်း၏ အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ တင်းကျပ်သောဘာသာရေး အခြေခံသဘောတရားများ၊ အစ္စရေးအပေါ်ထားရှိသော မူဝါဒနှင့် ဆက်စပ်ပြီး လုပ်ကြံရန်ကြိုးပမ်းမှုများစွာ၏ အဓိက ပစ်မှတ်ဖြစ်လာခဲ့သည်။ ဘီဘီစီအရဆိုလျှင် လုပ်ကြံခံရမှု ခြောက်ကြိမ်ရှိခဲ့ကာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ [၃၉] ၁၉၉၉ စက်တင်ဘာတွင် Port Saidမြို့ ဓားကိုင်လာသောလုပ်ကြံသူကြောင့် ဒဏ်ရာရသည်ဟုလည်းဖော်ပြကြသည်။[၄၀]

အနောက် ဘာလင်၌ မူဘာရက်အားတွေ့ရစဉ်၊ ၁၉၈၉

၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ

၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲတွင် အီဂျစ်သည် မဟာမိတ်ပေါင်းစည်းအဖွဲ့၏ အဖွဲ့ဝင်ဖြစ်၍ ကူဝတ်မှ အီရတ်စစ်တပ်များကို ဖယ်ရှားရန်အလို့ငှာ ဆော်ဒီနိုင်ငံသို့ ပထမဆုံးရောက်ခဲ့ကြသောတပ်တချို့အနက်အပါအဝင်ဖြစ်သည်။ အီဂျစ်ကြည်းတပ် သင်္ဘောဖြင့် ဆော်ဒီသို့ရောက်လာခဲ့သည်။[၄၁] စစ်တွင် ၎င်း၏ ပါဝင်ဆင်နွှဲခြင်းသည် အာရပ်ကမ္ဘာ၌ အရေးပါလာခဲ့ကာ အီဂျစ်အစိုးရအတွက်လည်း အကျိုးအမြတ်ရရှိခဲ့သည်။[၄၁] စာနယ်ဇင်းသတင်းမျာ​၌ဖော်ပြသည်မှာ US$၂၀ billionအထိ ကြွေးမြီများ လျှော်ပစ်နိုင်စေခဲ့သည်။[၄၁]


၂၀၀၃ အီရတ်အားကျူးကျော်ခြင်းအပေါ် ရပ်တည်ချက်

အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် အတူ၊ (၂၀၀၂ မတ်)

အီရတ်အားကျူးကျော်တိုက်ခိုက်ခြင်းအပေါ်၌ အစ္စရေး-ပါလက်စတိုင်းပဋိပခအားအရင် ဖြေရှင်းသင့်ခဲ့ကြောင်း မူဘာရက်က ထုတ်ဖော်ပြောဆိုသည်။ ဤစစ်သည် အိုစမာ ဘင်လာဒင်ကဲ့သို့ လူမျိုး အယောက်(၁၀၀)ထွက်ပေါ်စေမည်ဟုလည်းပြောဆိုခဲ့သည်။[၄၂] သို့သော် အမေရိကန်စစ်တပ် အီရတ်မှ ရုတ်တရက်ဆုတ်ခွာခြင်းကို မထောက်ခံခဲ့ပေ။ ဤသို့ထွက်သွားလျှင် အခြေအနေ ဝရုန်းသုံးကားဖြစ်မည်ဟု ယုံကြည်သောကြောင့်ဖြစ်၏ ။[၄၃]

၂၀၀၅ ရွေးကောက်ပွဲများ

မူဘာရက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ပါလက်စတိုင်း သမ္မတ အဘက်၊ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်နေတန်ယာဟုတို့နှင့် တွေ့ဆုံစဉ်၊ Sharm el-Sheikhမြို့၊ ၂၀၁၀ စက်တင်ဘာ ၁၄

၁၉၈၇၊ ၁၉၉၃၊ ၁၉၉၉ နှစ်များတွင် မဲအများစုဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၂၀၀၅ မဲစာရင်းတွင် ပြည်လုံးကျွတ်မဲပေးမှုဆိုသည်ထက် [မှတ်စု ၂] ယှဉ်ပြိုင်သူများသည့် ရွေးကောက်ပွဲဖြစ်လာသည်။ သို့ရာတွင် မဲရုံများနှင့် လုံခြံရေးယန္တရားမှာ သမ္မတ၏ လက်ဝယ်တွင်ဖြစ်သည်။ မနက်ဖြန်ပါတီမှ အတိုက်အခံ Ayman Nourကို လိမ်လည်အတုပြုလုပ်မှုဖြင့် စွပ်စွဲ၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့သည်။[၄၄]

အကျင့်ပျက်ချစားခြင်းများ

တာဝန်ယူနေစဉ်သက်တမ်းတစ်လျှောက် ၎င်းအစိုးရအဖွဲ့၏ ပြည်ထဲရေးအကျင့်ပျက်မှုများ တိုးလာသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလူငယ်များကို ရုံးထုတ်ခြင်းမရှိဘဲ ထောင်ချ၏ ။[၄၅] တက္ကသိုလ်၊ ဗလီ၊ သတင်းစာများမှ ဝန်ထမ်းများကို နိုင်ငံရေးယုံကြည်ချက်များကြောင့် ရာထူးမှထုတ်ပစ်သည်။[၄၆] ၂၀၁၀ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု၏ အကျင့်ပျက်ချစားညွှန်းကိန်း အမှတ် ၃.၁ရရှိသည်။ (အမှတ် ၁၀သည် အလွန်သန့်ရှင်း၍ အမှတ်၀ သည်အလွန်အကျင့်ပျက်) ၁၈၇နိုင်ငံ၌ အဆင့် ၉၈ဖြင့်ရပ်တည်ခဲ့သည်။[၄၇]

၂၀၁၁ အေဘီစီသတင်းဌာနက မူဘာရက်၏ တစ်ကိုယ်ရေကြွယ်ဝမှု US$၄၀ billionနှင့် လေတပ်အရာရှိအဖြစ် စစ်ရေးဆိုင်ရာစာချုပ်များမှ US$၇၀ billion ခန့်ရှိသည်ဟု သတင်းထုတ်ပြန်သည်။[၄၈] ဂါးဒီးယန်သတင်းစာမှလည်း ချစားမှုများမှ US$၇၀ billionရှိသာ်ဟုပင် သတင်းထုတ်ခဲ့သည်။[၄၉]နယူးဝိခ် သတင်းစာအရ ဤစွပ်စွဲချက်များသည် ယုံကြည်စိတ်ချရမှုမရှိ၊ သက်သေမခိုင်လုံစု ဆိုသည်။[၅၀]


တော်လှန်ရေးနှင့် ရာထူးဖယ်ရှားခြင်း

Massive protests centered on Cairo's Tahrir Square led to Mubarak's resignation in February 2011.

၂၀၁၁ ဇန်နဝါရီ၌ ဆန္ဒပြသပိတ်မှောက်မှုများ ကိုင်ရိုမြို့တော်နှင့် အခြားမြို့များတွင်ပေါ်ပေါက်လာခဲ့သည်။ ဖေဖော်ဝါရီ ၁တွင် ၎င်းသည် နောက်လာမည့်ရွေးကောက်ပွဲတွင် မပါဝင်တော့ကြောင်း ကြေညာသည်။ အခြေခံဥပဒေပြင်ဆင်ရန် ကတိပေးသည်။[၅၁] သို့သော် ဤကတိများက ဆန္ဒပြသူများကို မကျေနပ်စေဘဲ ထိုသူများက ၎င်းနုတ်ထွက်ရန်သာလိုလားသည်။[၅၂] ထောက်ခံသူနှင့် မထောက်ခံသူများကြား ပြဿနာများဖြစ်ခဲ့၏ ။[၅၃] မကြာမီ နုတ်ထွက်ခဲ့ရသည်။[၅]

မူဘာရက်၏ ပုဂ္ဂိုလ်ရေးရာ

Suzanne Mubarakကို လက်ထပ်ခဲ့၍ သားနှစ်ဦး ထွန်းကားသည်။ ထိုနှစ်ယောက်စလုံးသည် အီဂျစ်အကျဉ်းထောင်၌ လေးနှစ်ကျခဲ့ပြီး ၂၀၁၅၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။[၅၄] ဟစနီး မူဘာရက်သည် ၂၀၂၀ ဖေဖော်ဝါရီ ၂၅၌ အသက် ၉၁တွင် ကွယ်လွန်ခဲ့သည်။[၅၅]

ဆုများ

နိုင်ငံတွင်း

  • ဂုဏ်ပြုကြယ်ပွင့်ဆု(Honor Star Medal), နှစ်ကြိမ်[၅၆]
  • စစ်တပ်လေ့ကျင့်ရေးဆု[၅၆]

ပြည်ပ

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ