အင်ဒိုရာနိုင်ငံ
အင်ဒိုရာနိုင်ငံ၏ တရားဝင်အမည်မှာ Principality of Andorra (သို့မဟုတ်) Principality of the Valleys of Andorra ဟု ဖြစ်သည်။ [၁၄] ဥရောပအနောက်တောင်ပိုင်းမှ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး စပိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံ တို့ကြား ပီးရနီးစ်တောင်တန်း ပေါ်တွင် တည်ရှိသည်။ ယင်းသည် ဥရောပတိုက်တွင် ဆဌမမြောက် အသေးငယ်ဆုံး နိုင်ငံငယ်လေးဖြစ်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း (၁၈၁) (စတုရန်းကီလိုမီတာပေါင်း ၄၆၈) သာကျယ်ဝန်း၍ ၂၀၀၉ခုနှစ်တွင် ခန့်မှန်းလူဦးရေ ၈၃,၈၈၈ ယောက်သာ ရှိသည်။ မြို့တော်မှာ အင်ဒိုရာလာဗီလာ (Andorra la Vella) ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၂၃မီတာအမြင့်တွင် တည်ရှိပြီး ဥရောပတွင် မြေမျက်နှာပြင်အမြင့်ဆုံး တိုင်းပြည်ဖြစ်သည်။ [၁၅] စပိန်နှင့် ပြင်သစ် ဘာသာစကားများကိုပြောဆိုကြသော်လည်း ရုံးသုံးဘာသာစကားမှာ ကက်တလန် (Catalan) ဘာသာစကားဖြစ်သည်။
အင်ဒိုရာတောင်ကြားမင်းသားနိုင်ငံ | |
---|---|
ဆောင်ပုဒ်: Virtus Unita Fortior "United virtue is stronger"[၂] | |
နိုင်ငံတော် သီချင်း: El Gran Carlemany (ကတ်တလန်) "The Great Charlemagne" | |
အင်ဒိုရာနိုင်ငံ၏ တည်နေရာ (centre of green circle) ဥရောပတိုက်အတွင်း (dark grey) – [Legend] | |
မြို့တော် နှင့် အကြီးဆုံးမြို့ | Andorra la Vella 42°30′N 1°31′E / 42.500°N 1.517°E 1°31′E / 42.500°N 1.517°E |
ရုံးသုံး ဘာသာစကားများ | ကက်တလန်[၁]b |
လူမျိုးစု (၂၀၁၇[၃]) |
|
ကိုးကွယ်မှု | ရိုမန် ကက်သလစ်[၄][၅] |
Demonym | Andorran |
အစိုးရ | ပြည်ထောင်စု ပါလီမန် semi-elective diarchy |
• ပူးတွဲ မင်းသားများ |
|
• ကိုယ်စားလှယ်များ |
|
• ဝန်ကြီးချုပ် | ဇာဗီယာ အက်စ်ပေါ့ ဇာမိုရာ |
• General Syndic | Roser Suñé Pascuet |
ဥပဒေပြုလွှတ်တော် | အထွေထွေကောင်စီ |
လွပ်လပ် | |
• from Aragon | ၈ စက်တင်ဘာ ၁၂၇၈[၆][၇] |
• ပြင်သစ် အင်ပိုင်ယာမှ | ၁၈၁၄ |
• ဖွဲ့စည်းပုံ | ၂ ဖေဖော်ဝါရီ ၁၉၃ |
ဧရိယာ | |
• စုစုပေါင်း | ၄၆၇.၆၃ km2 (၁၈၀.၅၅ sq mi) (အဆင့်: 178th) |
• ရေထု (%) | ၀.၂၆ (၁၂၁.၄ ha)c |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၇၇,၅၄၃[၈] (အဆင့် - ၂၀၃) |
• သိပ်သည်းမှု | (အဆင့် - ၇၁) |
GDP (nominal) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | US$၃.၂၃၇ ဘီလီယံ[၉] |
• Per capita | $၄၂,၀၃၅ |
Gini (၂၀၀၃) | ၂၇.၂၁d နိမ့် |
HDI (၂၀၁၉) | ၀.၈၆၈[၁၀] အလွန်မြင့် · ၃၆ |
ငွေကြေး | = ယူရို (€)e (EUR) |
အချိန်ဇုန် | CET (UTC+01) |
• နွေရာသီ (DST) | CEST (UTC+02) |
ယာဉ်ကြောစနစ် | ညာ[၁၁] |
တယ်လီဖုန်းကုဒ် | +376 |
Internet TLD | .adf |
|
အင်ဒိုရာနယ်ကို ၁၂၇၈တွင် ဖွဲ့စည်းခဲ့သည်။ တိုင်းပြည်၏ အုပ်ချုပ်သူအဖြစ် ပြင်သစ်သမ္မတနှင့် စပိန်နိုင်ငံ၊ ကက်တလိုနီးယားမှ အာရ်ဂဲလ် ဂိုဏ်းအုပ်ဘုန်းကြီးတို့မှ ပူးတွဲ အုပ်ချုပ်သည်။
ခရီးသွားလုပ်ငန်းဖြင့် တိုးတက်ဖွံ့ဖြိုးသော တိုင်းပြည်ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် ၁၀.၂သန်းမျှ ဝင်ရောက်သည်။ [၁၆] ဒုတိယအကြောင်းတရားမှာ အခွန်အခနိမ့်သောကြောင့်ဖြစ်သည်။ ယင်းသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ယူရိုငွေကြေး ကို သုံးစွဲသည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူ့သက်တမ်းအရှည်ဆုံး တိုင်းပြည်ဖြစ်ပြီး မျှော်မှန်းနိုင်သော သက်တမ်းမှာ (၈၂)ဖြစ်သည်။ [၁၇]