အာဆင်ဝင်းဂါး

ပြင်သစ်လူမျိုးဘောလုံးနည်းပြ

အာဆင်ဝင်းဂါး OBE (French pronunciation: ​[aʁsɛn vɛŋɡɛʁ])သည် ပြင်သစ်​ဘောလုံးကစားသမား​ဟောင်းနှင့်နှင့် နည်းပြဖြစ်သည်။ အာဆင်နယ်​ဘောလုံးအသင်း၏ နည်းပြအဖြစ် ၁၉၉၆ခုနှစ်​အောက်တိုဘာလမှ၂၀၁၈ခုနှစ် ​မေလအထိ၂၂နှစ်ကြာကိုင်တွယ်ခဲ့သည်။ အသင်း၏သက်တမ်းအကြာဆုံးနှင့်အ​​အောင်မြင်ဆုံးနည်းပြဖြစ်သည်။ သူကိုင်တွယ်သည့်ပွဲ​ပေါင်း ၁၂၃၅ပွဲတွင်နိုင်ပွဲ၇၁၆ပွဲ၊သွင်းဂိုး၂၂၉၈ဂိုး ရရှိခဲ့သည်။၂၀၁၈ခုနှစ် ဧပြီ၂၀တွင် ရာသီအကုန်၌အနားယူ​တော့မည်ဖြစ်​ကြောင်း ​ကြေညာခဲ့သည်။ သူ၏ကစားကွက်များအတွက် အဂ်လန်​ဘောလုံး​လောက၏ ၁၉၉၀​နောက်ပိုင်းခံစစ်ကစားကွက်အ​ပြောင်းအလဲအတွက်​တော်လှန်ခဲ့သူဟုပင်ဂုဏ်ပြုခဲ့သည်။

အာဆင်ဝင်းဂါး
ကိုယ်ရေးအချက်အလက်များ
အရပ်အမြင့်၁.၉၁ မီတာ (၆ပေ ၃လက်မ)
ကစားသည့်နေရာနောက်တန်းလူ (အငြိမ်းစား)
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းပွဲ (သွင်းဂိုး)
1973–1975
1975–1978
1978–1981
FC Mulhouse
ASPV Strasbourg
RC Strasbourg
39 0(7)
80 (20)
11 0(0)[၁]
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၈၄–၁၉၈၇
၁၉၈၇–၁၉၉၄
၁၉၉၄–၁၉၉၆
၁၉၉၆–2018
အေအက်စ် နန်စီလော်ရိန်း
အေအက်စ် မိုနာကို
နာဂိုယာ ဂရမ်ပတ်စ် ၈
အာဆင်နယ်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ငယ်ဘဝ

၁၉၄၉ခုနှစ် ​အောက်တိုဘာ၂၂ရက်​နေ့တွင် စထရပ်ဘုတ်မြို့တွင်​မွေးဖွားသည်။ ဝင်းဂါးမိသားစု၏ က​လေး၃​ယောက်တွင်အငယ်ဆုံးဖြစ်သည်။၁၉၅၀အ​တောအတွင်းက ​ဒေါပစ်ဟိုင်းရွာတွင်​နေထိုင်ခဲ့​သော်လည်း အနီးရှိ ​ဒေါ့လန်ဟိုင်းရွာတွင်သာအချိန်ကုန်ခဲ့သည်။၁၉၄၄​အောက်တိုဘာလ အသက်၂၄နှစ်အရွယ်တွင် ဒုတိယကမ္ဘာစစ် အ​ရှေ့ဘက်စစ်​မြေပြင်သို့စစ်တိုက်ရန်​စေလွှတ်ခြင်းခံခဲ့ရသည်။ဝင်းဂါးမိသားစုမှာ ကားအပိုပစ္စည်းဆိုင်နှင့် ​စား​သောက်ဆိုင်ငယ​လေး၁ခုပိုင်ဆိုင်သည်။အာဆင်တက်ခဲ့​သော မူလတန်း​ကျောင်းမှာ ကက်သလစ်ချက်​ကျောင်းမှဖွင့်လှစ်သည်။ ထို့​နောက် အိုဘာနိုင်းမြို့ငယ်​​လေးတွင်အလယ်တန်းတက်ခဲ့သည်။ သူ၏အ​ဖေမှာ​ကျေးရွာ​ဘောလုံးအသင်းနည်းပြဖြစ်၍အာဆင်မှာအသက်၆နှစ်ကတည်းက ​ဘောလုံးနှင့်ထိ​တွေ့ခဲ့သည်။

နည်းပြဘဝ အချက်အလက်များ

Gold Cup Winner

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ