အာဏာရှင်စနစ်

အာဏာရှင်စနစ် ဆိုသည်မှာ အစိုးရပုံစံ တစ်ခု ဖြစ်ပြီး၊ ၎င်းတွင် နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နေရာတစ်နေရာကို အာဏာရှင်ဖြစ်သော လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်တစ်ခုမှ အုပ်ချုပ်သည်။ ထိုအာဏာရှင်၏ အာဏာကိုခိုင်မြဲနေစေရန် အမျိုးမျိုးသောနည်းလမ်းများဖြင့် လူမှုရေးအာဏာနှင့် နိုင်ငံရေးအာဏာများကို ကျင့်သုံးဆောင်ရွက် လေ့ ရှိသည်။

အာဏာရှင် စနစ်ဆိုသည်မှာ အမိန့်ပေး အာဏာပြသည့် ပုံစံ တစ်မျိုးဖြစ်ပြီး၊ နိုင်ငံရေး သမားများသည် နိုင်ငံသားများ၏ အပြုအမူတိုင်း နီးပါးကို ထိန်းချုပ်ထားသည်။ အခြား အုပ်ချုပ်မှု ပုံစံများ၏ လွှမ်းမိုးမှုကို လျှော့ချရန် အာဏာရှင် စနစ်သည် ယေဘုယျ အားဖြင့် နိုင်ငံရေး ဝါဒဖြန့်မှုကို ကျင့်သုံးလေ့ ရှိသည်။ အတိတ်ကာလတွင် အာဏာရှင်များသည် မတူညီသော ဘာသာရေး နည်းလမ်းများကို အသုံးပြုပြီး ၎င်းတို့၏ အာဏာကို ထိန်းသိမ်းထားကြသည်။ (ဥပမာ အနောက်တိုင်းတွင် ဘုရင်စနစ်ပုံစံ --- ရှင်ဘုရင်သည် တိုင်းပြည် အုပ်ချုပ်ရန် ဘုရားသခင်ထံမှ အခွင့်အာဏာ ရရှိထားသည် ဟုဆိုလိုသည်။)

၁၉ရာစု နှင့် ၂၀ရာစုများတွင် ဘုရင်စနစ်များသည် တဖြည်းဖြည်း ကျဆုံး ပျောက်ကွယ်သွားကြသည်။ အာဏာရှင် စနစ်နှင့် အခြေခံ ဥပဒေ ဒီမိုကရေစီ စနစ် တို့သည် ကမ္ဘာ့၏ အဓိက အစိုးရ ပုံစံများ ဖြစ်လာကြသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ