အဲလက်စ်ဖာဂူဆန်

မန်ယူအသင်း၏နာမည်ကြီးနည်းပြဟောင်း

ဆာ အဲလက်စ်ဇန်းဒါး ချက်ပ်မင်းန် (အဲလက်စ်) ဖာဂူဆန် CBE သည် ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဂလက်စဂိုမြို့ ဂိုဗန် (Govan, Glasgow) တွင်မွေးဖွားခဲ့သည်။ သူသည် စကော့လူမျိုး ဘောလုံးမန်နေဂျာတစ်ဦးဖြစ်ပြီး ဘောလုံသမားဟောင်းတစ်ဦးလည်းဖြစ်သည်။ ဖာဂူဆန်ကို ၁၉၈၆ နိုဝင်ဘာမှ စ၍ မန်ချက်စတာယူနိုက်တက်အသင်း၏ မန်နေဂျာအဖြစ် ခန့်ထားခဲ့သည်။ မန်နေဂျာသက်တမ်း ၂၅နှစ်အတွင်း လိဂ်ဖလား၁၃ခု၊ FAဖလား၅ခု နှင့် ချန်ပီယံလိဂ် ၂ ကြိမ်အပါအဝင် ဆုဖလားစုစုပေါင်း ၃၈ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အသင်း၏ သမိုင်းကြောင်းတွင် ဆာမတ်ဘတ်စ်ဘီ (Sir Matt Busby) ၏စံချိန်ကိုချိုးကာ သက်တမ်းအရှည်ဆုံး အုပ်ချုပ်နေသူလည်းဖြစ်သည်။ ယခုလက်ရှိ အင်္ဂလိပ်ဘောလုံးလောကတွင် သက်တမ်းအကြာရှည်ဆုံး မန်နေဂျာတစ်ဦးလည်းဖြစ်သည်။ သူသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် လေးစားအားကျဖွယ်အကောင်းဆုံးသော မန်နေဂျာများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်ဟု သတ်မှတ်ခြင်းခံရပြီး အင်္ဂလိပ်ဘောလုံးသမိုင်းတွင် အခြားမန်နေဂျာများထက် ဆုတံဆိပ်များကို ပိုမိုဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်သည်။ ဆုပေါင်းမြောက်မြားစွာကို ရရှိခဲ့ပြီး ဗြိတိသျှဘောလုံးသမိုင်းတွင် တစ်နှစ်တာအတွင်း အကောင်းဆုံးမန်နေဂျာဆု (Manager of the Year) ကို အကြိမ်အများဆုံးရရှိခဲ့ခြင်း အပါအဝင် စံချိန်မြောက်မြားစွာကို တင်ထားသူဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် အဲလိဇဘက် ၂ ဘုရင်မကြီးမှ နိုက် အဖြစ်သူကောင်းပြုခဲ့သည်။

Sir Alex Ferguson
CBE
Ferguson in December 2006
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံAlexander Chapman Ferguson[၁]
မွေးသက္ကရာဇ် (1941-12-31) ၃၁ ဒီဇင်ဘာ၊ ၁၉၄၁ (အသက် ၈၂)
မွေးရပ်ဇာတိဂလက်စဂို၊ စကော့တလန်။
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
မန်ချက်စတာ ယူနိုက်တက် (မန်နေဂျာ)
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းပွဲ (သွင်းဂိုး)
၁၉၅၇-၁၉၆၀
၁၉၆၀-၁၉၆၄
၁၉၆၄-၁၉၆၇
၁၉၆၇-၁၉၆၉
၁၉၆၉-၁၉၇၃
၁၉၇၃-၁၉၇၄
Queen's Park
St. Johnstone

Rangers
Falkirk
Ayr United
Total
0၃၂ 0(၁၁)
0၃၇ 0(၁၉)
0၈၈ 0(၆၆)
0၄၁ 0(၂၅)
၁၀၆ 0(၃၇)
0၂၄ 00(၉)
၃၂၇ (၁၆၇)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၇၄
၁၉၇၄-၁၉၇၈
၁၉၇၈-၁၉၈၆
၁၉၈၅-၁၉၈၆
၁၉၈၆-ယနေ့တိုင်
East Stirlingshire
St. Mirren
အဘာဒင်း
စကော့တလန် အမျိုးသားအသင်း
မန်ချက်စတာ ယူနိုက်တက်

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

အစောပိုင်း ဘဝ

ဖာဂူဆန်၏မိဘများမှာ Alexander Beaton Ferguson နှင့် Elizabeth (née Hardie)[၂] တို့ဖြစ်ကြသည်။ ဖာဂူဆန်ကို (စကော့တလန်ရှိ) Govanခရိုင် Shieldhallလမ်းပေါ်ရှိ အဖွားဖြစ်သူ၏အိမ်၌ ၁၉၄၁ ဒီဇင်ဘာ ၃၁ရက်တွင်မွေးဖွားခဲ့သော်လည်း အမှတ်၆၆၇ Govanလမ်းပေါ်ရှိနေအိမ်တွင် မိဘနှစ်ပါး၊ ညီဖြစ်သူ Martinတို့နှင့်အတူနေထိုင် ကြီးပြင်းခဲ့သည်။[၃]ဖာဂူဆန်သည် Broomloan Road Primary School နှင့် နောက်ပိုင်းတွင် Govan အထက်တန်းကျောင်းတို့၌ တက်ရောက်ပညာသင်ကြားခဲ့သည်။[၄] သူ၏ဘောလုံးသမားဘဝကို Govan ရှိ Harmony Row Boysကလပ်တွင် စတင်ခဲ့သည်။ နောက်ပိုင်းတွင် စီနီယာကစားသမားများထွက်ရှိမှု၌ နာမည်ရသည့် Drumchapel Amateurs လူငယ်ကလပ်သို့ရောက်ရှိခဲ့သည်[၅]

ကစားသမားဘဝ

ဖာဂူဆန်၏ကစားသမားဘဝကို အသက် ၁၆နှစ်တွင် Queen's Parkအသင်း၌ အပျော်တမ်းကစားသမားအဖြစ် စတင်ခဲ့သည်။ [၆] [၇] Queen's Parkrမှာ ကစားနေစဉ်အတွင်း ၃၂ပွဲကစားပြီး ၁၅ဂိုး [၈] သွင်းပေးနိုင်ခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ရုန်းကန်ခဲ့ရသဖြင့် [၉] 1960တွင် St. Johnstoneအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ St. Johnstoneအသင်းတွင်လည်း အလားတူပင် တိုက်စစ်မှူးတယောက်အနေဖြင့် ဂိုးသွင်းယူနိုင်စွမ်းရှိသော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရပြန်သည်။ [၇]

ဖာဂူဆန်သည် ၁၉၆၄ခုနှစ် နွေရာသီတွင် Dunfermline Athleticအသင်း၌ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သည်။ Dunfermline Athleticအသင်း၌ ကစားနေစဉ်အတွင်း၌ ၈၉ပွဲကစားပြီး ၆၆ဂိုးသွင်းယူနိုင်ခဲ့သည်။ ၁၉၆၅-၁၉၆၆ရာသီတွင် တရာသီအတွင်း ၃၁ဂိုးသွင်းယူပြီး Joe McBride နှင့်အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ [၁၀]

၁၉၆၇ခုနှစ်တွင်မူ Rangersအသင်းသို့ ထိုအချိန်ကအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅၀၀၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။ Rangersအသင်းနှင့်ကစားခဲ့သော ၂ရာသီအတွင်း ဖာဂူဆန်သည် ကောင်းမွန်စွာ ကစားနိုင်ခဲ့သော်လည်း 1969 Scottish Cup ဗိုလ်လုပွဲတွင် အသင်း၏ရှုံးပွဲအတွက် အပြစ်တင်ခံခဲ့ရပြီး အငယ်တန်းနှင့်သွားရောက်ကစားရန် ဖိအားပေးခံခဲ့ရသည်။ ထိုနှစ်ဆောင်းဦးတွင် အသင်းမှထွက်ခွာခဲ့သည်။[၇]ထို့နောက်တွင် ဖာဂူဆန်သည် Falkirkအသင်းတွင် ၄ရာသီ ကစားပြီးနောက် ၁၉၇၃-၁၉၇၄ရာသီတွင် Ayr United၌ ၎င်း၏ကစားသမားဘဝကို အဆုံးသတ်ခဲ့သည်။

အစောပိုင်း မန်နေဂျာဘဝ

East Stirlingshire

အသက် ၃၂ နှစ် အရွယ်မှာပင် ဖာဂူဆန်သည် East Stirlingshireအသင်း၏ မန်နေဂျာအဖြစ် ၁၉၇၄ ဇွန်တွင်စတင်ခဲ့သည်။ ထိုအလုပ်မှာ အချိန်ပိုင်း အလုပ်သာဖြစ်ပြီး ၁ပါတ်လျှင် ပေါင်၄၀ ရရှိခဲ့သည်။ [၁၁] ထိုနှစ် အောက်တိုဘာတွင် ဖာဂူဆန်သည် St Mirrenအသင်းကို အုပ်ချုပ်ရန် ကမ်းလှမ်းခြင်းခံရသည်။ St Mirren သည် East Stirlingshireအောက်မှ အသင်းဖြစ်သော်လည်း ပို၍ပြည့်စုံသော အသင်းကြီးဖြစ်သည်။

St Mirren

ဖာဂူဆန်သည် St Mirren အသင်းတွင် ၁၉၇၄မှ ၁၉၇၈ အထိအုပ်ချုပ်ခဲ့သည်။ သူသည် အသင်းကို တတိယတန်းမှ လိဂ်(ပထမတန်း)သို့ ရောက်ရှိစေခဲ့ပြီး[၁၂] Billy Stark ၊ Tony Fitzpatrick ၊ Lex Richardson ၊ Frank McGarvey ၊ Bobby Reid နှင့် Peter Weir အစရှိသည့် ကစားသမားပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

St Mirren သည် ဖာဂူဆန်ကို အလုပ်ထုတ်ခဲ့သော တခုတည်းသော အသင်းဖြစ်သည်။ ထိုကိစ္စအတွက် သူသည် ခုံရုံး၌ အရေးဆိုခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။ ၁၉၉၉-မေ-၃၀ ရက်တွင်ထုတ်ဝေသော Sunday Heraldတွင် ပါဝင်သော ဆောင်ပါးတွင် Billy Adamsပြောဆိုချက်အရ ကစားသမားများ၏ ငွေပေးချေမှုနှင့် ပတ်သက်ပြီး စာချုပ်ဖောက်ဖျက်မှုများကြောင့်ဟုဆိုသည်။[၁၃]

ဖာဂူဆန်သည် ကစားသမားများအား အခွန်မဲ့ အသုံးစရိတ်အချို့ပေးချင်သည့် ကိစ္စနှင့် အတွင်းရေးမှူးနှင့် ၆ပါတ် စကားမပြောဘဲနေခြင်း၊ သော့များအားလုံးကို သိမ်းဆည်းခြင်း၊ အသက် ၁၇နှစ် အရွယ် လက်ထောက်မှ တဆင့်သာ အဆက်အသွယ်လုပ်ခြင်း စသည့် အပြုအမူများနှင့် ပတ်သက်၍လည်း စွပ်စွဲခံရသေးသည်။ [၁၄] ခုံရုံးမှ ဖာဂူဆန်အား မရင့်ကျက်ကြောင်း ကောက်ချက်ချခဲ့သည်။ ခုံရုံးစစ်ဆေးမှုအတွင်း St Mirren ဥက္ကဋ္ဌ Willie Todd က ဖာဂူဆန်သည် အုပ်ချုပ်မှုစွမ်းရည် မရှိကြောင်း စွပ်စွဲခဲ့သေးသည်။

၂၀၀၈-မေ-၃၁ The Guardian တွင်ပါဝင်သော Todd နှင့်အင်တာဗျူးတွင် အလုပ်ထုတ်ခြင်း၏ အခြေခံအကြောင်းအရင်းမှာ Aberdeenသည် စာချုပ်ဖောက်ဖျက်ပြီး Aberdeenသို့ သွားရန် သဘောတူခဲ့ခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ ဖာဂူဆန်၏ Daily Mirrorသို့ ပြောကြားချက်တွင်မူ သူသည် သူနှင့်အတူလိုက်ခဲ့ရန် အသင်းအဖွဲ့ဝင်တယောက်အား ပြောခဲ့ကြောင်း၊ သူAberdeenသို့ ထွက်သွားကြောင်းကို St Mirren၏ဝန်ထမ်း တယောက်ကို ပြောခဲ့ကြောင်း ပါဝင်ခဲ့သည်။ Toddက ဖြစ်ပျက်ခဲ့သမျှကို နောင်တရမိကြောင်းနှင့်လျော်ကြေးကိစ္စနှင့် ပတ်သက်ပြီး အသင်းသို့ လာရောက် ညှိနှိုင်းခြင်းမပြုခဲ့သောAberdeenကို အပြစ်တင်ခဲ့သည်။ [၁၂]

၁၉၉၇တွင် ဖာဂူဆန်သည် Aberdeen၏မန်နေဂျာအလုပ်ကို ငြင်းဆန်ခဲ့ရာ McNeillက မန်နေဂျာအဖြစ်လုပ်ခဲ့ပြီး တနှစ်အကြာတွင် ဆဲလ်တစ်(Celtic) သို့ပြန်သွားခဲ့သဖြင့် ဖာဂူဆန်အတွက် Aberdeen၏မန်နေဂျာလုပ်ရန် အကြောင်းဖန်လာခဲ့သည်။[၁၅]

Aberdeen

၁၉၇၀ ပြည့်နှစ် နောက်ပိုင်းကာလ

ဖာဂူဆန်သည် Aberdeenသို့ ၁၉၇၈ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့သည်။[၁၆] Aberdeenသည် စကော့တလန်၏ အသင်းကြီးဖြစ်သော်လည်း လိဂ်ဖလားကို ၁၉၆၅တွင် ၁ကြိမ်သာ ရရှိဖူးသေးသည်။ [၁၇] ထုအချိန်တွင် ဖာဂူဆန်၏ မန်နေဂျာသက်တမ်းမှာ ၄နှစ်ရှိပြီဖြစ်သော်လည်း ၎င်း၏အသက်မှာ ကစားသမားများနှင့် သိပ်မကွာခြားလှသဖြင့် စီနီယာကစားသမားများ၏ လေးစားမှုရရှိရန်ခက်ခဲခဲ့သည်။ ပထမရာသီတွင် Aberdeenသည် Scottish Cupအကြိုဗိုလ်လုပွဲ၊ Scottish League Cup ဗိုလ်လုပွဲများသို့ ရောက်ရှိခဲ့သော်လည်း နှစ်ပွဲလုံးရှုံးနိမ့်ကာ အဆင့်၄ သာရသဖြင့် ရလဒ်ကောင်းလှသည်တော့ မဟုတ်ပေ။

1980s and silverware

Aberdeen၏ ၁၉၇၉-၁၉၈၀ ရာသီသည် အစပိုင်းမကောင်းခဲ့သော်လည်း ၁၉၈၀ တွင်မူ အသင်း၏ခြေစွမ်းသည် သိသိသာသာ တိုးတက်လာခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် Hibernian ကို ၅-၀ဖြင့် အနိုင်ရရှိကာ Scottishလိဂ်ဖလားကို ၁၅နှစ်အကြာတွင် ဒုတိယအကြိမ် ရရှိခဲ့သည်။ [၁၇][၁၆] ထိုအောင်မြင်မှုကြောင့် ဖာဂူဆန်သည် ကစားသမားများ၏ ယုံကြည်လေးစားမှုကို ရရှိခဲ့ကြောင်း ကို နောက်ပိုင်းတွင် ပြန်ပြောပြခဲ့သည်။

ဖာဂူဆန်သည် စည်းကမ်းတင်းကြပ်သူတဦးဖြစ်ပြီး Furious Fergie ဟု နာမည်ပြောင်ရခဲ့သည်။[၁၈]သူသည် ကစားသမားတဦးဖြစ်သူ John Hewittအား သူ့ကားကို ကျော်တက်ခဲ့ခြင်းအတွက် ဒဏ်တပ်ခဲ့သည်။ [၁၉] အသင်းအခြေအနေဆိုးဝါးသော ပွဲစဉ်တခုတွင် ပထမပိုင်းအပြီး၌ အဝတ်လဲခန်းအတွင်း လက်ဖက်ရည်အိုး(tea urn)အား ကစားသမားတဦးဆီ ကန်မိသည်အထိ ဒေါသထွက်ခဲ့သည်။ [၁၈]

Aberdeenအသင်းသည် အောင်မြင်မှုများဆက်လက်ရရှိခဲ့ပြီး ၁၉၈၂ခုနှစ်တွင် Scottish Cupကိုရရှိခဲ့သည်။[၁၇] ဖာဂူဆန်သည် Wolverhampton Wanderersအသင်းကို အုပ်ချုပ်ရန် ကမ်းလှမ်းခံရသော်လည်း Wolverhamptonသည် အခက်အခဲများရှိနေသောအသင်းဖြစ်သည့်အပြင် Aberdeenအသင်းအပေါ်ထားရှိသည့် သူ၏ရည်ရွယ်ချက်များ မပြီးမြောက်သေးသည့်အတွက် ငြင်းပယ်ခဲ့သည်။

European success and Scottish national side

ဖာဂူဆန်သည် Aberdeen အသင်းကို နောက်ရာသီ (၁၉၈၂ - ၁၉၈၃) တွင် ပိုမို၍ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပြီးခဲ့သော ရာသီတွင် စကော့တလန်ဖလား(Scottish Cup) ရရှိခဲ့သောကြောင့် Aberdeen အသင်းသည် European Cup Winners' ဖလားသို့ ဝင်ခွင့်ရရှိခဲ့သည် ပြီး Bayern Munich ကိုပင် အနိုင်ရသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ [၂၀][၂၁] Bayern Munichသည် နောက်ဆုံးပွဲစဉ်တွင် Tottenham Hotspurကို ၄ - ၁ ဖြင့် အနိုင်ရရှိကာတက်လာသည့် အသင်းဖြစ်သည်။ [၂၂][၂၃] Willie Miller၏ ပြောကြားမှုအရ Bayern Munichကိုအနိုင်ရရှိမှုသည် ဖလားရရှိရန် ယုံကြည်မှုရရှိစေခဲ့သည် ဟုဆိုသည်။ [၂၄] အမှန်တကယ်လည်း ၁၉၈၃ မေလ ၁၁ရက်တွင် Aberdeen အသင်းသည် Real Madrid အသင်းကို ၂ - ၁ ဖြင့် အနိုင်ရရှိပြီး ဖလား ရရှိခဲ့သည်။ [၂၅]Aberdeen သည် ဥရောပဆုဖလားကို ရယူနိုင်သည့် တတိယမြောက် စကော့တလန်အသင်းဖြစ်လာခဲ့သည်။ နောက်ထပ် ၁၉၈၃ ဒီဇင်ဘာတွင်လည်း လက်ရှိချန်ပီယံ Hamburger SVကို ၂ ကျော့ပေါင်း ရလဒ် ၂ - ၀ ဖြင့် အနိုင်ရရှိပြီး European Super Cup ကိုရရှိခဲ့သည်။ Aberdeenအသင်းသည် ဥရောပတွင်သာမက လိဂ်၌လည်းရလဒ်ကောင်းများရရှိခဲ့ပြီး Rangersအသင်းကို ၁ - ၀ ဖြင့် အနိုင်ရရှိပြီး Scottish Cup ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။[၂၆]သို့သော်လည်း ထိုပွဲတွင် အသင်း၏ကစားပုံကို ဖာဂူဆန်သည် နှစ်သက်ခြင်းမရှိသလို ကျက်သရေမရှိသော ကစားပုံ ဟု ပွဲအပြီး၌ပြုလုပ်သော ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသွားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

၁၉၈၃-၈၄ ရာသီအစ၌ Aberdeenအခြေအနေမှာ သိပ်မကောင်းသော်လည်း နောက်ပိုင်းတွင်တိုးတက်လာခဲ့ပြီး လိဂ်ဖလားကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ဖာဂူဆန်သည် ဗြိတိသျှအင်ပါယာ၏ ၁၉၈၅ခုနှစ် နှစ်သစ်ဂုဏ်ထူးဆောင်ဆု(OBE)[၂၇]ကိုရရှိခဲ့သည့်အပြင် Rangers အသင်းနှင့် Arsenal အသင်းတို့မှ မန်နေဂျာနေရာအတွက် ကမ်းလှမ်းချက်များရရှိခဲ့သည်။[၂၈][၂၉][၃၀]Aberdeenသည် ၁၉၈၄-၈၅ရာသီတွင် လိဂ်ဖလားကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့သော်လည်း ၁၉၈၅-၈၆တွင်မူ စတုတ္ထနေရာသာ ရရှိခဲ့သည်။ ဖာဂူဆန်သည် ၁၉၈၆ခုနှစ်အစောပိုင်းတွင် Aberdeenအသင်း၏ဒါရိုက်တာအဖြစ်ခန့်ထားခံရသော်လည်း ၁၉၈၆ ဧပြီတွင် ဖာဂူဆန်သည် အသင်းဉက္ကဌ Dick Donaldအား သူနွေရာသီတွင် အသင်းမှ ထွက်သွားရန်ရည်ရွယ်ထားကြောင်းပြောခဲ့သည်။

ဖာဂူဆန်သည် ၁၉၈၆ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် စကော့တလန်အသင်း၏ နည်းပြအဖွဲ့ဝင်၁ဦးသာဖြစ်သော်လည်း အသင်းမန်နေဂျာကွယ်လွန်ပြီးနောက် နိုင်ငံအသင်းကို လက်ကျန်ပွဲများနှင့် ကမ္ဘာ့ဖလားအတွက် တာဝန်ယူကိုင်တွယ်ခဲ့ရသည်။ အသင်း၏မန်နေဂျာ Jock Steinသည် ၁၉၈၅ စက်တင်ဘာ ၁၀ရက်တွင် ဝေးလ်စ် အသင်းကိုအနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းအတွင်း၌ပင်လဲကျကာ ခဏအကြာတ္ငင်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ [၃၁]နိုင်ငံတကာပွဲစဉ်များကို ကိုင်တွယ်နိုင်ရန် ဖာဂူဆန်သည် Archie Knoxကို Aberdeenအသင်း၏တွဲဖက်မန်နေဂျာအဖြစ် ခန့်ထားခဲ့သည်။ သို့သော် ကမ္ဘာ့ဖလားတွင် စကော့တလန်အသင်း အုပ်စုမတက်သဖြင့် ဖာဂူဆန်သည် အသင်း မန်နေဂျာအဖြစ်မှ နုတ်ထွက်ခဲ့သည်။ [၃၂]

ထိုအချိန်မှာပင် Tottenham Hotspurအသင်း၏ မန်နေဂျာရာထူးကို Peter Shreevesထံမှ လက်လွှဲယူရန် ကမ်းလှန်းချက်ရရှိခဲ့သော်လည်း ဖာဂူဆန်က ငြင်းပယ်ခဲ့သဖြင့် Luton Townအသင်း၏ David Pleatမှ ရရှိသွားခဲ့သည်။ Don Howeအစား Arsenalမန်နေဂျာလုပ်ရန် ကမ်းလှန်းချက်ကိုလည်း ငြင်းပယ်ခဲ့ပြန်သည်။[၃၃][၃၄]၎င်းနှစ်နွေရာသီတွင် ဖာဂူဆန်သည် Ron Atkinsonထံမှ Manchester Unitedအသင်းကို ရယူတော့မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ Ron Atkinsonသည် Manchester Unitedအသင်းကို ရာသီအစ၌ ၁၀ပွဲဆက်တိုက်ရရှိပြီးနောက် လက်ရှိတွင် အဆင့်၄ ရရှိနေပြီး ဖလားရရှိရန်သေချာအောင် စွမ်းဆောင်ထားနိုင်သူဖြစ်သည်။

ယခုတကြိမ်သည် ဖာဂူဆန်အတွက် အင်္ဂလန်သို့သွားရန် ပထမဆုံး ချိတ်ဆက်ခံရမှုတော့မဟုတ်ပေ။ ၁၉၈၂ခုနှစ် ဖေဖော်ဝါရီတွင်လည်း Wolverhampton Wanderersအသင်း၏ မန်နေဂျာရာထူးကို John Barnwellထံမှ ဆက်ခံရန် ချဉ်းကပ်ခံရဖူးသည်။[၃၅]ထိုချဉ်းကပ်မှုကိုလည်း ငြင်းပယ်ခဲ့သည်။ ငြင်းပယ်ရခြင်းမှာ အသင်း၏ ငွေကြေးဆိုင်ရာ ပြဿနာများနှင့် ကြွေးမြီများကြောင့်ဖြစ်နိုင်သည်။ ၁၉၈၄-၈၅ ဘောလုံးရာသီအပြီး၌ Liverpoolအသင်း၏မန်နေဂျာ Joe Faganနုတ်ထွက်မည်ဟု ကြေညာချက်ထွက်ပေါ်လာပြီးနောက် ထိုနေရာကို ဖာဂူဆန်ဝင်မည်ဟုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းနေရာကို Liverpoolအသင်း၏ တိုက်စစ်မှူးKenny Dalglishက ရယူသွားခဲ့သည်။[၃၆]

၎င်းနှစ်နွေရာသီတွင် ဖာဂူဆန်သည် Aberdeen၌ဆက်လက်ရှိနေခဲ့သော်လည်း ၁၉၈၆ Atkinsonပြီးနောက် Manchester Unitedသို့ ရောက်ရှိခဲ့သည်။

Manchester United

Appointment and first years

၁၉၈၆ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် ဖာဂူဆန်အား အိုးလ်ထရက်ဖို့ဒ်၏ မန်နေဂျာအဖြစ် ခန့်ထားခဲ့သည်။ Norman Whiteside ၊ Paul McGrath ၊ Bryan Robson အစရှိသော ကစားသမား အများစု၏ အရက်၊ ကြံ့ခိုင်မှု အစရှိသော ပြဿနာတို့ကြောင့် ပူပန်ခဲ့သော်လည်း ကစားသမားများ၏ စည်းကမ်းပိုင်းကို တိုးတက်စေရန် ဆောင်ရွက်နိုင်ခဲ့ပြီး အသင်း၏အဆင့်ကိုလည်း ၂၁(နောက်ဆုံးမှတွက်လျှင် ဒုတိယအဆင့်) မှ ၁၁သို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

နည်းပြ ဖာဂူဆန်၏ နိုဝင်ဘာ ၈ရက် ပထမဆုံးပွဲစဉ်၌ Oxford Unitedကို ၂- ၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဒုတိယပွဲစဉ်၌ Norwich Cityနှင့် ဂိုးမရှိသရေဖြစ်ခဲ့ပြီးနောက် နိဝင်ဘာ ၂၂ ရက်တွင် ကစားသည့် Queens Park Rangers အသင်းကို ၁ - ၀ ဖြင့်အနိုင်ရရှိပြီး ပထမဆုံးနိုင်ပွဲဖြစ်လာခဲ့သည်။ Newcastle Unitedကို ၄ - ၁ ဖြင့်အနိုင်ရရှိပြီး ၁၉၈၇ခုနှစ်ကိုရလဒ်ကောင်းဖြင့်စတင်နိုင်ခဲ့သည်။ ရာသီလက်ကျန်ပွဲစဉ်များတွင် ရှုံးပွဲအချို့ရှိခဲ့သော်လည်း ဘောလုံးရာသီအပြီး၌ ၁၁ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မန်ချက်စတာယူနိုက်တက်သို့ရောက်ပြီး ၃ပါတ်အကြာတွင် ဖာဂူဆန်၏မိခင်ဖြစ်သူ Elizabethသည် အဆုတ်ကင်ဆာဖြင့် ဆုံးပါးသွားခဲ့သည်။ ဖာဂူဆန်သည် ၁၉၈၆တွင် Aberdeen၌ သူ၏လက်ထောက်ဖြစ်ခဲ့သူ Archie Knoxကို လက်ထောက်အဖြစ် မန်ချက်စတာယူနိုက်တက်သို့ ခေါ်ယူခန့်ထားခဲ့သည်။ ၁၉၈၇ - ၈၈ ဘောလုံးရာသီတွင် ဖာဂူဆန်သည် Steve Bruce၊ Viv Anderson၊ Brian McClair နှင့် Jim Leighton အပါအဝင် အဓိကကစားသမား ခေါ်ယူမှု အများအပြားကို လုပ်ဆောင်ခဲ့သည်။ ၎င်းကစားသမားသစ်များသည် အသင်းကို ဇယားထိပ်မှ Liverpoolနှင့် ၉ မှတ်အကွာ ဒုတိယနေရာသို့ရောက်ရှိရန် အထူးစွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းရာသီ၌ပင် ယူနိုက်တက်အသင်းသည် Bermuda အသင်း၊ Somerset Cricket Club တို့နှင့် ခြေစမ်းပွဲများကစားခဲ့သည်။ [၃၇]

ဘာစီလိုနာသို့ ၂ နှစ်ကြာသွားရောက်ကစားနေသော Mark Hughes ပြန်ရောက်လာပြီးနောက် ယူနိုက်တက်တို့သည် ရလဒ်များပိုမိုကောင်းမွန်ရန်မျှော်လင့်ထားကြသော်လည်း အမှတ်ပေးဇယား၌ နံပါတ်၁၁ သာရခဲ့ပြီး (FAဖလားပွဲစဉ်တွင်) အိမ်ကွင်း၌ Nottingham Forest အသင်းအား ၁ - ၀ ဖြင့်ရှူံးနိမ့်ခဲ့ရသော ၁၉၈၈ - ၈၉ ရာသီသည် ကျေနပ်စရာမကောင်းခဲ့ပါ။ ကိုးပွဲဆက်တိုက် နိုင်ပွဲမရှိဘဲ ( ၁ ပွဲရှူံး၊ ၈ ပွဲသရေ ) စတင်ခဲ့ရသော ၁၉၈၈ - ၈၉ ရာသီသည် ရလဒ်များ ပြန်လည်ကောင်းမွန်ပြီးနောက် တတိယနေရာထိ တက်လာနိုင်ခဲ့သောလည်း ရာသီအဆုံး၌ ရလဒ်များပြန်လည်းဆိုးရွားကာ အမှတ်ပေးဇယားအလယ်ပိုင်းသို့ဆင်းပေးခဲ့ရသည်။

၁၉၈၉ - ၉၀ ဘောလုံးရာသီတွင်မူ ဖာဂူဆန်သည် ကွင်းလယ်ကစားသမားများဖြစ်သည့် Neil Webb၊ Mike Phelan နှင့် Paul Ince၊ နောက်တန်းကစားသမား Gary Pallister နှင့် တောင်ပံကစားသမား Danny Wallace တို့ကို ငွေကြေး အမြောက်အမြားပေးကာ ခေါ်ယူခြင်းဖြင့် အသင်းကို အင်အားဖြည့်ခဲ့သည်။ ရာသီအဖွင့်ပွဲစဉ်ဖြစ်သည့် ခံစစ်ချန်ပီယံ အာဆင်နယ်ကို ၄ - ၁ ဖြင့် အနိုင်ရကာ ရလဒ်များကောင်းမွန်ခဲ့သော်လည်း သိပ်မကြာမီတွင်ပင် ရလဒ်များဆိုးဝါးကာ မြို့ခံပြိုင်ဘက် Manchester Cityကို အဝေးကွင်း၌ ၅ - ၁ ဖြင့် ရှုံးသည်အထိ ဖြစ်လာခဲ့သည်။ နောက်ထပ်ပွဲ ၈ ပွဲတွင်လည်း ၆ ပွဲရှုံး၊ ၂ ပွဲသရေကျခဲ့သဖြင့် အိုးထရက်ဖို့ဒ် ကွင်းတွင် "Three years of excuses and it's still crap ... ta-ra Fergie." ဟူသည့် ဆိုင်းဘုတ်ချိတ်ဆွဲခံရသလို သတင်းသမားများ၊ အသင်းပရိသတ်များမှလည်း နုတ်ထွက်ရန် ဖိအားပေးလာကြသည်။[၃၈][၃၉] ဖာဂူဆန်ကိုယ်တိုင်လည်း နောက်ပိုင်းတွင် ၁၉၈၉ ဒီဇင်ဘာကာလသည် အခက်ခဲဆုံးဖြစ်ခဲ့သည် ဟု ပြောကြားခဲ့ပြီး ယူနိုက်တက်သည် ဆယ်စုနှစ်တခုအကြာ ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းဇုန် အတွင်းရောက်ရှိခဲ့ရသည်။ [၄၀][၄၁]

ဆက်လက်၍ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီးနောက် Manchester Unitedတို့သည် FA Cup ပွဲစဉ်တွင် စွမ်းဆောင်ရည်ကောင်းနေသော Nottingham Forest အသင်းနှင့်ဆုံတွေ့ခဲ့သည်။ ထိုပွဲစဉ်ရှုံးနိမ့်ခဲ့လျှင် အကျိုးဆက်အနေဖြင့် ဖာဂူဆန်မှာ ထုတ်ပယ်ခံရဖွယ်ရှိသော်လည်း ယူနိုက်တက်တို့သည် ၁ -၀ ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်ပွဲစဉ်သို့ရောက်ရှိခဲ့ပြီး ဖိုင်နယ်တွင်လည်း Crystal Palaceကို ၁ - ၀ ဖြင့်ပင် အနိုင်ရရှိကာ FA Cupကို ရရှိခဲ့သည်။ ၎င်းမှာ ဖာဂူဆန်၏ ယူနိုက်တက် မန်နေဂျာအနေဖြင့် ပထမဆုံးရရှိခဲ့သော အဓိကဖလားဖြစ်သည်။

The first league title

ယူနိုက်တက်တို့သည် ၁၉၉၀ - ၉၁ တွင် ခြေစွမ်းကောင်းမွန်လာသော်လည်း မတည်ငြိမ်သေးဘဲ အဆင့် ၆ နေရာဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ အာဆင်နယ်အသင်းအား ဟိုက်ဘူရီ၌ ၆-၀ ဖြင့် အနိုင်ရခြင်းကဲ့သို့သော ရလဒ်ကောင်းများ ရှိသလို တန်းတက်အသင်း Sunderlandအား ၂-၁၊ Liverpoolအား အန်ဖီးလ်ဒ် ၌ ၄-၀၊ အိမ်ကွင်း၌ Evertonအား ၂-၀ ဖြင့်ရှုံးခြင်းများလည်း ရှိနေရာ ယူနိုက်တက်တို့သည် ပိုမိုကောင်းမွန်လာဖို့လိုသေးကြောင်း သိသာနေသည်။ ပြီးခဲ့သည့် ရာသီ၌ FA ဖလားကို အရယူနိုင်ခဲ့သော်လည်း မန်နေဂျာMatt Busby နောက်ပိုင်း မည်သူမျှ ရယူနိုင်ခဲ့ခြင်းမရှိသည့် လိဂ်ဖလားကို ဖာဂူဆန်ရယူနိုင်မလားဆိုသည်ကိုတော့ အချို့က သံသယရှိဆဲပင်ဖြစ်သည်။ ယူနိုက်တက်တို့သည် League Cup၌ Sheffieldကို ၁-၀ ဖြင့်ရှုံးပြီး ဒုတိယ၊ ဘာစီလိုနာအသင်းကို ၂-၁ ဖြင့် အနိုင်ရပြီး European Cup Winners' Cup ဖိုင်နယ်ပွဲစဉ်သို့ရောက်ရှိခဲ့ပြီးနောက် ဖာဂူဆန်သည် နောက်ရာသီတွင် လိဂ်ဖလားရရန် ကတိပြုခဲ့သည်။

၁၉၉၁ တွင် ဖာဂူဆန်၏လက်ထောက်မန်နေဂျာ Archie Knoxသည် Rangers မန်နေဂျာ Walter Smithလက်အောက်သို့ ပြောင်းရွှေ့သွားသဖြင့် ဖာဂူဆန်သည် Knox၏နေရာတွင် လူငယ်အသင်း၏နည်းပြဖြစ်သူ Brian Kiddကိုအစားထိုးခန့်အပ်ခဲ့သည်။ အဓိကလူခေါ်ယူမှုအဖြစ် ဂိုးသမား Peter Schmeichel နှင့် နောက်တန်းလူ Paul Parkerတို့ကို ခေါ်ယူနိုင်ခဲ့သည်။ Ryan Giggs၊ တောင်ပံကစားသမား Lee Sharpeတို့၏ စွမ်းဆောင်ရည်များကြောင့် ဖာဂူဆန်သည် ဘယ်တောင်ပံကစားသမား Danny Wallace၏စွမ်းဆောင်ရည်အပေါ် မကျေနပ်သော်ငြား လူအများအပြားထပ်ဝယ်ရန် မလိုအပ်ခဲ့ပေ။ ယူကရိန်းကစားသမား Andrei Kanchelskisကို ညာတောင်ပံသို့အားဖြည့်ခဲ့သည်။

၁၉၉၁-၉၂ တွင် ယူနိုက်တက်တို့သည် League Cup နှင့် UEFA Super Cupတို့ကို ပထမဆုံးအကြိမ်ရရှိခဲ့သည်။ ယူနိုက်တက်တို့သည် တန်းစီဇယားကို အချိန်အတော်ကြာ ဦးဆောင်နိုင်ခဲ့သော်လည်း လိဂ်ဖလား( ပရီးမီးယားလိဂ် ဖလား)ကိုမူ ပြိုင်ဘက် Leeds Unitedတို့က ရယူသွားခဲ့သည်။ Luton Town F.Cမှ Mick Harfordကိုမခေါ်ယူနိုင်ခဲ့ခြင်းကြောင့် ယူနိုက်တက်တို့သည် လိဂ်ဖလားကို လက်လွှတ်ခဲ့ရသည်ဟု ဖာဂူဆန်က ယူဆခဲ့သည်။ ၁၉၉၂ အပြောင်းအရွှေ့ကာလတွင် ဖာဂူဆန်သည် တိုက်စစ်မှူးအသစ်ကို ရှာဖွေခဲ့သည်။ ပထမဆုံး Southampton F.Cမှ Alan Shearerကိုခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း Blackburn Rovers F.Cအသင်းကရယူသွားခဲ့သည်။ Sheffieldအသင်းမှ David Hirstကိုချဉ်းကပ်ခဲ့သော်လည်း မန်နေဂျာTrevor Francisက ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့သည်။ နောက်ဆုံးတွင် Cambridge United F.Cမှ အသက် ၂၃နှစ်ရှိ Dion Dublinကို ပေါင်၁သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။

၁၉၉၂ နိုဝင်ဘာအထိ အဆင့် ၁၀၌ရှိနေသော ယူနိုက်တက်တို့သည် ၁၉၉၂_၉၃ရာသီအတွက် လိဂ်ဖလားမရနိုင်တော့ဟု အများက ထင်ချင်စရာဖြစ်လာခဲ့သည်။ သို့သော်လည်း ပြင်သစ်တိုက်စစ်မှူး Eric Cantonaကို Leedsတို့ထံမှ ပေါင်၁.၂သန်းဖြင့် ခေါ်ယူပြီးနောက် အခြေအနေမှာ ပို၍ကောင်းမွန်လာခဲ့သည်။ Cantonaသည် Mark Hughesနှင့် အလွန်တွဲဘက်ညီခဲ့ပြီး ၁၉၉၃ခု ဧပြီ ၁၀ Sheffieldတို့နှင့်တွေ့ဆုံချိန်၌ ယူနိုက်တက်တို့သည် အဆင့် ၂နေရာသို့ရောက်ရှိနေပြီဖြစ်သည်။ ထိုပွဲတွင် Steve Bruce၏ ချေပဂိုးဖြင့် သရေကျနေချိန်တွင် ပွဲပြီးဆုံးရန်မှာ ၄မိနစ်သာလိုတော့သည်။ နာကျင်ချိန်ပို ၇ မိနစ် ရပြီးနောက် ၉၇မိနစ်တွင် Bruceက အနိုင်ဂိုးသွင်းကာ ဖာဂူဆန်သည် ဘေးစည်းသို့လည်းကောင်း၊ လက်ထောက် Brian Kiddသည် ကွင်းအတွင်းတို့ ပြေးဝင်၍လည်းကောင်း အောင်ပွဲခံခဲ့ကြသည်။ ထိုရလဒ်သည် ယူနိုက်တက်တို့ကို ဇယားထိပ်ဆုံးသို့ရောက်ရှိစေခဲ့ပြီး ၂၆နှစ်ကြာဝေးကွာနေခဲ့ရသော ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ ၁၉၉၃ မေ ၁၀ တွင် Oldham Athleticကို ၁-၀ ဖြင့်ရှုံးထားသော Aston Villaသည် ဒုတိယနေရာတွင်ရှိနေကာ ယူနိုက်တက်နှင့် ၁၀မှတ်ကွာထားသည်။ ဖာဂူဆန်သည်လည်း မန်နေဂျာများအသင်း(League Managers' Association) မှ Manager of the Year အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ