၂၀၁၇ ခုနှစ် စိန့်ပီတာစဘတ်မီသရို ဗုံးပေါက်ကွဲခြင်း

အကြမ်းဖက်​မှုစာတမ်း

၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် စိန့်ပီတာစဘတ်မီသရိုလိုင်းပေါ်ရှိ ဆန်နာယားရင်ပြင် ဘူတာရုံနှင့် တက္ကနော်လော်ဂျီချက်စကီး အင်စတီကျူ ဘူတာရုံအကြားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ကနဦးသတင်းများအရ လူ ၇ ဦးသည် ဗုံးပေါက်ကွဲသည့်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆေးကုသနေစဉ် အရေးပေါ်အခြေအနေတွင် နောက်ထပ် ရှစ်ဦး သေဆုံးခဲ့ရာ စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့သည်။ ။[၆][၇][၈][၉][၃]

၂၀၁၇ ခုနှစ် စိန့်ပီတာစဘတ်မီသရို ဗုံးပေါက်ကွဲခြင်း
Saint Petersburg Metro station Tekhnologichesky Institut - the explosion occurred in the tunnel between it and Sennaya Ploshchad station.
နေရာစိန့်ပီတာစဘတ်မီသရိုလိုင်းပေါ်ရှိ ဆန်နာယားရင်ပြင် ဘူတာရုံနှင့် တက္ကနော်လော်ဂျီချက်စကီး အင်စတီကျူ ဘူတာရုံအကြားစိန့်ပီတာစဘတ်မြို့ရုရှားနိုင်ငံ
ကိုဩဒိနိတ်59°54′59″N 30°19′07″E / 59.91639°N 30.31861°E / 59.91639; 30.31861 30°19′07″E / 59.91639°N 30.31861°E / 59.91639; 30.31861
ရက်စွဲ၃ ဧပြီ ၂၀၁၇ (၂၀၁၇-၀၄-၀၃)
၁၄:၄၀[၁] (EEST (UTC +3))
ပစ်မှတ်အများပြည်သူ
တိုက်ခိုက်မှု အမျိုးအစားအသေခံဗုံးခွဲမှု[၂]
လက်နက်များသံမိုဗုံး
သေဆုံးသူဦးရေ၁၅ ယောက် (ပြစ်မှုကျူးလွန်သူ တရားခံအပါအဝင်)[၃]
ဒဏ်ရာရဦးရေ
၆၄[၄]
ရန်ပြုသူများAkbarzhan Jalilov[၅]

အဆိုပါဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ [၁၀][၁၁][၁၂] ပေါက်ကွဲစေတတ်သောပစ္စည်းအား ရုံးသုံးလက်ဆွဲအိတ်အတွင်း ထည့်သွင်းသယ်ဆောင်ခဲ့ခြင်းဖြစ်သည်။[၁၀] ပေါက်ကွဲစေတက်သော ပစ္စည်းပါရှိသော ဒုတိယမြောက် တစ်ခုအား ဗော့စတန်နီးယားရင်ပြင်ဘူတာရုံတွင် တွေ့ရှိခဲ့ပြီး ရထားပေါ်တွင်ပင် ထိုဗုံးအား အသက်မဲ့အောင် ပြုလုပ်နိုင်ခဲ့သည်။[၉]သံသယရှိသူ ပြစ်မှုကျူးလွန်သူ တရားခံ၏အမည်မှာ အာ့ခ်ဘားရွှန် ဂျာလီလော့ဗ်ဖြစ်ပြီး ကာဂျစ္စတန်နိုင်ငံဖွား ဥဇဘတ်လူမျိုး ရုရှားနိုင်ငံသားဖြစ်သည်။[၅]

တိုက်ခိုက်မှု

စိန့်ပီတာစဘတ် မီသရိုလိုင်းပေါ်ရှိ ပေါက်ကွဲမှုဖြစ်ပွားရာ ဘူတာရုံနှစ်ခု၏ တည်နေရာ

နောက်ဆက်တွဲဖြစ်ရပ်များ

ထိခိုက်ဒဏ်ရာရရှိမှု

လူမျိုးအလိုက် သေဆုံးခဲ့သူများ
နိုင်ငံသေဆုံးသူ
 ရုရှား
 ကာဇက်စတန်[၁၃][၁၄]
 အဇာဘိုင်ဂျန်[၁၅]
 ဘီလာရုဇ်[၁၆][၁၄]
 ဥဇဘက်ကစ္စတန်[၁၆][၁၄]
 တာဂျစ်ကစ္စတန်[၁၆][၁၄]
မဆုံးဖြတ်နိုင်သေးသူ
စုစုပေါင်း၁၄

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လူ ၅၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး ၁၄ ဦး (ပေါက်ကွဲမှုဖြစ်ပွားစဉ် ၇ ဦး၊ ဆေးကုသနေစဉ် ၇ ဦး)သေဆုံးခဲ့သည် ဟုဆိုသည်။[၁၇][၁၈][၁၉] ၃၉ ဦးသည် ဆေးရုံတွင် ကုသလျက်ရှိပြီး ၎င်းတို့အထဲမှ ၆ ဦးသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိနေသည်။[၁၉] ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များလည်း ပါဝင်နေသည်။[၈]

ပြစ်မှုကျူးလွန်သူ

ကာဂျစ္စတန်နိုင်ငံနှင့် ရုရှားထောက်လှမ်းရေးတို့၏ စုံစမ်းထုတ်ဖော်မှုအရ တိုက်ခိုက်မှုကို လုပ်ဆောင်သည်ဟု သံသယရှိသူမှာ ဥဇဘက်(Uzbeks)လူမျိုး၊[၂၀][၂၁][၂၂] ၂၂ နှစ်အရွယ်ရှိ ကာဂျစ္စတန်နိုင်ငံဖွား ရုရှားနိုင်ငံသား Akbarzhon Jalilov ဖြစ်သည်။[၂၃][၂၄][၂၅] ဂျာလီလော့ဗ်သည် ၁၉၉၅ ခုနှစ်တွင် ကာဂျစ္စတန်နိုင်ငံ၊ အော့ရှ်မြို့တွင် မွေးဖွားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မော်စကိုသို့ ရောက်ရှိလာခဲ့သည်။[၂၄] ရုရှားသတင်းစာ Moskovskij Komsomolets အရ ၂၀၁၅ ခုနှစ်က ဆူရှီဘားတစ်ခုတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း Gazeta.ru က ဆိုသည်။[၂၆][၂၇] အခြားရင်းမြစ်များအရ ဂျာလီလော့ဗ်သည် ဂိုဒေါင်တစ်ခုတွင် လုပ်ကိုင်နေခဲ့ပြီး တိုက်ခိုက်မှု မလုပ်မီ တစ်ပတ်ခန့်အလိုတွင် ပျောက်သွားခဲ့သည်ဟု ဆိုကြသည်။[၂၆] အာဏာပိုင်များက သူသည် အစ္စလာမ် အစွန်းရောက်အုပ်စုများနှင့် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်ကြောင်း အင်တာဖက်(Interfax)က ဆိုသည်။[၂၈]

ကနဦး သတင်းထုတ်ပြန်ချက်များ

တုံ့ပြန်မှုများ

ပြည်တွင်း

အပြည်ပြည်ဆိုင်ရာ

ထိခိုက်မှုများအတွက် ဝမ်းနည်းကြေကွဲကြောင်းကို တရုတ်၊[၂၉] ချက်နိုင်ငံ၊[၃၀] ဒိန်းမတ်၊[၃၁] ပြင်သစ်၊[၃၂] ဂျော်ဂျီယာ[၃၃] ဟန်ဂေရီ၊[၃၄][၃၅] အိန္ဒိယ၊[၂၉] အင်ဒိုနီးရှား၊[၃၆] အီရန်၊[၉] အစ္စရေး၊[၃၇] မလေးရှား၊[၂၉] ပါကစ္စတန်၊[၂၉] ပိုလန်၊[၃၈][၃၉] ပေါ်တူဂီ၊[၄၀] ယူကရိန်း၊[၄၁] ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ NATO၊ နှင့် ဥရောပသမဂ္ဂတို့၏[၃၂] ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတကာမှ ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုများကို ထိတ်လန့်မှုကြောင့် ယူကရိန်းနိုင်ငံသည် နိုင်ငံတွင်းရှိ မီသရိုဘူတာရုံများတွင် လုံခြုံရေးများ တိုးမြှင့်ခဲ့သည်။[၄၂]

အခြားသော တုံ့ပြန်မှုများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ