LibreOffice

LibreOffice သည်အခမဲ့လွတ်လပ် ရုံးသုံးဆော့ဖ်ဝဲ ဖြစ်သည်။ Document Foundation ၏ စီမံကိန်း (project) တစ်ခု ဖြစ်သည်။ ၎င်းသည် ၂၀၁၀ ခုနှစ်တွင် OpenOffice.org မှ ခွဲထွက်ခဲ့သည်။ ယခင်က StarOffice ၏ open-source ဗားရှင်းဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ LibreOffice တွင် စာရွက်စာတမ်း ပြုလုပ်ခြင်းလုပ်ငန်းများ၊ စာရင်းဇယားများ ပြုလုပ်ခြင်း၊ slideshow များပြုလုပ်ခြင်း၊ ပုံများရေးဆွဲခြင်း၊ ဒေတာဘေ့ (database) များနှင့် အလုပ်လုပ်ခြင်း၊ သင်္ချာပုံသေနည်းများဖြင့် တွက်ချက်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည်။ LibreOffice ကို ဘာသာစကား ၁၁၀ ဖြင့် အသုံးပြုနိုင်သည်။

LibreOffice
LibreOffice 5.1 Start Center
မူလရေးသူ(များ)StarDivision
ဆော့ဖ်ဝဲလ်ရေးသူ(များ)The Document Foundation
ပထမဆုံး ဖြန့်ချိခြင်း၂၅ ဇန်နဝါရီ ၂၀၁၁; ၁၃ နှစ် အကြာက (၂၀၁၁-၀၁-25)
ရီပိုစစ်တရီgit.libreoffice.org/core
မွမ်းမံမှု အခြေနေActive
ပရိုဂရမ်းမင်း
ဘာသာစကား
C++, Java, and Python
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Linux, Windows, macOS,[၁] FreeBSD, NetBSD, Android (Viewer)
ပလက်ဖောင်းIA-32, x86-64, ARMel, ARMhf, MIPS, MIPSel, PowerPC, Sparc, S390, S390x, IA-64 (additional Debian platforms)[၂]
ရရှိနိုင်သော ဘာသာစကား110 languages[၃]
ဆော့ဖ်ဝဲလ် အမျိုးအစားOffice suite
လိုင်စင်MPLv2.0 (secondary license GPL, LGPLv3+ or Apache License 2.0)[၄]
ဝက်ဘ်ဆိုဒ်libreoffice.org

LibreOffice သည် နိုင်ငံတကာ ISO/IEC စံနှုန်းတစ်ခုဖြစ်သည့် ODF ဖိုင်အမျိုးအစားကို အသုံးပြုထားသည်။ ODF ၏ အရှည်မှာ OpenDocument file ဖြစ်သည်။ LibreOffice ၏ ဆော့ဖ်ဝဲတိုင်းတွင် အဆင်ပြေစေရန် ODF ပုံစံဖြင့် သိမ်းသည်။ LibreOffice သည် အခြားသော လူသုံးများသည့် ဖိုင်ပုံစံများကိုလည်း ထောက်ပံ့ပေးထားသည်။ ဥပမာ − Microsoft Office ဖြစ်ပြီး ထိုဖိုင်များသို့ ပြောင်းလဲခြင်း၊ သွင်းခြင်းများ (import/export)ကို လုပ်ဆောင်ပေးသည်။[၅][၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ