ကရင်နွယ်ဘာသာစကားများ

ကရင်ဘာသာစကား /kəˈrɛn/[၂] သည် လူဦးရေ ခုနစ်သန်းခန့်ရှိသော ကရင်လူမျိုးများက ပြောဆိုအသုံးပြုကြသည် ဘာသာစကားတစ်ခု ဖြစ်သည်။ ကရင်ဘာသာစကားများသည် တရုတ်-တိဗက်နွယ် ဘာသာစကားများအုပ်စုထဲတွင် ဆက်နွယ်မှုမှာ ရှင်းလင်းခြင်း မရှိပေ။[၃] ကရင်ဘာသာစကားများသည် စာရေးသားရာတွင် မြန်မာအက္ခရာများကို အသုံးပြုသည်။[၄] အဓိက ကရင်ဘာသာစကားကြီး သုံးခုမှာ စကောကရင်ဘာသာစကားပိုးကရင်ဘာသာစကားနှင့် ပအိုဝ်းဘာသာစကားတို့ ဖြစ်ကြသည်။ ကရင်နီ (ကယား) နှင့် ကယန်း (ပဒေါင်) တို့သည် စကော နှင့် ဆက်စပ်နေကြသည်။ အခြားသော ကရင်ဘာသာစကားများနှင့် နှိုင်းယှဉ်ပါက တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုတွင် ပုံစံကွဲနေပြီး ကတ္တား-ကြိယာ-ကံ (subject–verb–object) ပုံစံ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားအုပ်စုမှာ ကတ္တား-ကံ-ကြိယာ (subject–object–verb) ပုံစံ ဖြစ်သည်။[၅] ယင်းမှာ မွန်နှင့် ထိုင်းဘာသာစကားများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။[၆] ထို့အပြင် ကရင်ဘာသာစကားများတွင် တရုတ်လွှမ်းမိုးမှု မရှိသည့်အတွက် ထူးခြားသည်ဟုလည်း မှတ်ယူနိုင်သည်။[၇]

ကရင်နွယ်ဘာသာစကားများ
လူမျိုး:ကရင်လူမျိုး
ဒေသအလိုက်
ပျံ့နှံ့မှု:
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်မျဉ်းတလျှောက်
ခွဲခြားမှု:တရုတ်-တိဗက်နွယ်
  • ကရင်နွယ်ဘာသာစကားများ
ရှေးဦးပထမဖြစ်သော ဘာသာစကားရှေးဦး-ကရင်နွယ်
အခွဲများ:
ISO 639-2 / 5:kar
Glottolog:kare1337[၁]
{{{mapalt}}}

ကရင်စကားသုံးစွဲသူအရေအတွက်

မြန်မာနိုင်ငံအတွင်း ကရင်ဘာသာစကားပြောဆိုသုံးစွဲသူများအနက် စကောကရင် စကားပြောဆိုသူ ၁.၂၈ သန်း၊ အရှေ့ပိုးကရင်စကား ပြောဆိုသူ တစ်သန်းခန့်နှင့် အနောက်ပိုးကရင်စကားပြောဆိုသူ ၂၁၀၀၀၀ ခန့် ရှိပြီး အခြား ကရင်ဘာသာစကားကွဲများ ပြောဆိုသူ ငါးသိန်းကျော်ရှိသည်ဟု Ethnologue 16th edition တွင် ဖော်ပြထားသည်။အင်တာနက်ပေါ်တွင် ကရင်-အင်္ဂလိပ် အဘိဓာန်များတင်ထားသည်လည်း ရှိသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ