ကျောက်
ဘူမိဗေဒတွင် ကျောက်ကို အမျိုးခွဲခြားထားပုံမှာ
- မီးသင့်ကျောက်ခေါ် အပူကြောင့်ဖြစ်သောကျောက်၊
- အနည်ကျကျောက် ခေါ် ရေစီးတွင် အနည်အနှစ်ထိုင်၍ ဖြစ်လာသောကျောက်နှင့်
- အသွင်ပြောင်းကျောက်ခေါ် ဖိအား၊ အပူနှင့် ဓာတ်ပြောင်းလဲမှုကြောင့် ဖြစ်လာသည့်ကျောက်ဟူ၍ သုံးမျိုးဖြစ်သည်။
အများအားဖြင့် ကျောက်ဖြစ်ရုပ်ကြွင်းများကို အနည်ကျကျောက်များ တွင် တွေ့ရသည်။ အနည်ကျကျောက်ဖြစ်ရန် ပစ္စည်းများသည် ကုန်းပေါ်မှ ပယ်လယ်နှင့်မြစ်များသို့ မျောပါသွား၍ ရေအောက် တွင် မြေဖြူ၊ ထုံးကျောက် သို့မဟုတ် သဲကျောက်အဖြစ်ဖြင့် တည်ရှိကြသည်။
ကျောက်ပွ၊ နှမ်းဖတ်ကျောက်၊ မီးတောင်ချော်နက်နှင့် အော့ဗဆစ်ဒီကျောက်တို့သည် မီးတောင်ပေါက်ကွဲမှု ကြောင့်၎င်း၊ သို့မဟုတ် ကမ္ဘာမြေလွှာအတွင်းရှိ အပူကြောင့်၎င်း၊ ဖြစ်ပေါ်လာ ရသည့် မီးသင့်ကျောက်များ ဖြစ်သည်။ စကျင်ကျောက်သည် အသွင်ပြောင်းကျောက်များတွင် ခရစ္စတယ် အသွင်ဖြင့် တွေ့ရသော ကျောက်မျိုး ဖြစ်သည်။ ဤကျောက်သည် ထုံးကျောက်မှတစ်ဆင့် ဖြစ်လာ၏။ အသွင်ပြောင်းကျောက် တစ်မျိုးဖြစ်သည့် သင်ပုန်းကျောက်သည် ယှေလကျောက်မှ ဖြစ်၍ ကွာကျောက်(ကျောက်သလင်း)မှာမူကား သဲကျောက် တစ်မျိုး ဖြစ်သည်။[၁]
ကိုးကား
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ