ကျွန်စနစ်

ကျွန်စနစ် (အင်္ဂလိပ်: slavery) ဆိုသည်မှာ လူအချင်းချင်း ပိုင်ဆိုင်၊ ဝယ်ယူ၊ ရောင်းချခွင့်ပြုသော ပိုင်ဆိုင်မှုဥပဒေ ပြဋ္ဌာန်းထားသည့် စနစ်တစ်ရပ် ဖြစ်သည်။[၁]

ကျွန်တစ်ဦးအနေဖြင့် ယင်းသဘောတူညီမှုမှ တဖက်သက် နုတ်ထွက်၍မရသည့်အပြင် တန်ကြေးမရဘဲ အလုပ်လုပ်ကိုင်ရသည်။ ဤသို့ တရားဝင်ခွင့်ပြုထားသောစနစ်ကို ပညာရှင်များစွာကရှက်တဲလ်ကျွန်စနစ်ဟု သုံးနှုန်းသည်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပါက လူတစ်ဦးအနေဖြင့် ကိုယ်ပိုင်ဆန္ဒမပါဘဲ အတင်းအကျပ် အလုပ်စေခိုင်းခံရသည့် အခြေအနေတိုင်းကို ကျွန်ပြုခြင်းဟု ညွှန်းနိုင်သည်။ နှောင်ဖွဲ့ခံလုပ်သား သို့မဟုတ် အတင်းအကျပ်ပြုခံ လုပ်သားဟူသော ယေဘုယျအသုံးအနှုန်းများကို ပညာရှင်များက သုံးစွဲလေ့ရှိသည်။[၂] သို့သော် ကျယ်ပြန့်သောအဓိပ္ပာယ်ရှိသည့် ကျွန်ပြုခြင်းသဘော၌ ကျွန်များတွင် ဥပဒေ သို့မဟုတ် ထုံးတမ်းနှင့်အညီ အချို့အခွင့်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုရနိုင်သည်။

သမိုင်းဦးလူ့ယဉ်ကျေးမှုအစကို နောက်ကြောင်းပြန်ကြည့်ပါက ယဉ်ကျေးမှုပုံစံအမျိုးမျိုး၌ ကျွန်စနစ် တည်ရှိခဲ့သည်။[၃] လူတစ်ဦးအနေဖြင့် မွေးဖွားသည့်အချိန်၊ အဖမ်းခံရသည့် သို့မဟုတ် ရောင်းချခံရသည့် အချိန်မှစ၍ ကျွန်ဇာတ်သွင်း ခံရနိုင်သည်။

အတိတ်ကာလများက လူမှုအသိုင်းအဝိုင်းများစွာတွင် ကျွန်စနစ်သည် တရားဥပဒေနှင့် ညီသော်လည်း ယခုအခါ အသိအမှတ်ပြုနိုင်ငံများ၌ တရားမဝင်သတ်မှတ်ထားသည်။[၄][၅] ကျွန်စနစ်ကို ၂၀၀၇ ခုနှစ်၌ ဖျက်သိမ်းသည့် နောက်ဆုံးနိုင်ငံ မှာ မောရစ်ရှနိုင်ငံဖြစ်သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာတစ်ဝန်း၌ ခေတ်သစ်ကျွန်ပြုခြင်းပုံစံအချို့နှင့် ရင်ဆိုင်နေရသူ လူဦးရေ သန်း ၄၀ ကျော်ရှိသည်။[၆] အတွေ့ရများသော ခေတ်သစ်ကျွန်ပြုသည့် ပုံစံမှာ လူကုန်ကူးခြင်းဖြစ်သည်။[၂] အခြားနယ်မြေများ တွင် ယနေ့ခေတ် အတွေ့ရအများဆုံးပုံစံဖြစ်သည့် ကြွေးဖြင့်တုပ်နှောင်ခြင်း၊ ကံကြွေးချခြင်း၊ အိမ်တွင်းအကျဉ်းကျခံ အစေခံပြုခြင်း စသည်များအပြင် ကလေးသူငယ်များအပေါ်ကျင့်သုံးသည့် အဓမ္မလုပ်အားပေးစေခြင်း၊ ကလေးစစ်သား နှင့် အတင်းအကျပ်အိမ်ထောင်ပြုပေးခြင်း စသကဲ့သို့ ကျင့်သုံးမှုများမှတဆင့် ကျွန်ပြုခြင်း (သို့မဟုတ် နှောင်ဖွဲ့ခံလုပ်သား) ဆက်လက်တည်ရှိနေဆဲဖြစ်သည်။[၇]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ