ဂျူနီးပါးပင်

ဂျူနီးပါးပင်
Utah juniper (Juniperus osteosperma) in Nevada, United States
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Tracheophytes
(unranked):Gymnospermae
Division:Pinophyta
မျိုးပေါင်း:Pinopsida
မျိုးစဉ်:Pinales
မျိုးရင်း:Cupressaceae
မျိုးရင်းသေး:Cupressoideae
မျိုးစု:Juniperus
L.
အမျိုးအစား မျိုးစိတ်
en:Juniperus communis

ဂျူနီးပါးပင်သည် ထင်ရှူးပင်တစ်မျိုး ဖြစ်သည်။ မြောက်ကမ္ဘာခြမ်းရှိ အေးသောဒေသများတွင် ပေါက်သည်။ ဂျူနီးပါး အမျိုးများစွာ ရှိသည်။ ဥရောပတိုက်တွင် ပေါက်သော ဂျူနီးပါး ကွန်မျူနိအပင်မျိုးမှာ ရိုးရိုး ဂျူးနီးပါးမျိုး ဖြစ်၏။ ထိုအပင်မျိုးသည် အထူးသဖြင့် ထုံးကျောက်တောင်များ၌ ပေါက်ကြသည်။ များသောအားဖြင့် ချုံဖုတ်ကလေးလောက်သာ မြင့်ကြသော်လည်း ပေ ၂ဝ၊ ၂၅ ပေအထိ မြင့်သော အပင်များ လည်းရှိသည်။ ဂျူနီးပါး၏ အသားမှာ နီ၏။ တစ်ပင်လုံးမှ တာပင်တိုင် အနံ့ထွက်သည်။ ဂျူနီးပါးအသားကို အိမ်ထောင် ပရိဘောဂနှင့် ခဲတံပြုလုပ်ရာတွင် အသုံးပြုကြသည်။ ထို့ပြင် ဝင်းခြံတိုင်များ အဖြစ်ဖြင့်လည်း အသုံးပြုကြသည်။ ရုတ်တရက်သော် ဂျူနီးပါးကို မည်သူမျှ ထင်ရှူးပင်ဟူ၍ ထင်မည်မဟုတ် ချေ။ အကြောင်းမှာ ဂျူနီးပါးအသီးတို့သည် သာမန်ထင်ရှူး သီးတို့ကဲ့သို့ ကတော့ပုံမရှိဘဲ ဗယ်ရီသီးကလေး များကဲ့သို့ လုံး နေကြသောကြောင့် ဖြစ်၏။ အသီး၏အရောင်မှာ နက်ပြာရောင် ဖြစ်သည်။ အစိမ်းပုပ်ရောင် အရွက်များသည် အပ်ပုံသဏ္ဌာန်ရှိကြသည်။ ဂျူနီးပါးသီးကို ဘယဆေးများ ဖော်စပ်ရာတွင် အသုံးပြုရသည်။ အရက်များတွင် အထူးသဖြင့် ဂျင်အရက်တွင် အနံ့အရသာ ရစေရန်အတွက်လည်း အသုံးပြုကြသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ