ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး ဆိုသည်မှာ ရန်လိုမှု နှင့် အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှုနှင့် သဟဇာတဖြစ်မှု သဘောတရားဖြစ်သည်။ လူမှုရေးသဘောတရားအရ လူတစ်ဦးချင်း သို့မဟုတ် မျိုးကွဲ (ပြည်ပ သို့မဟုတ် ကွဲပြားသော) အုပ်စုများအကြား (စစ်ပွဲကဲ့သို့) ပဋိပက္ခများကင်းစင်ခြင်း သို့မဟုတ် အကြမ်းဖက်မှုအား ထိတ်လန့် ကြောက်ရွံ့မှုမှ ကင်းဝေးခြင်းကို ရည်ညွှန်းရန် ငြိမ်းချမ်းရေးအား သုံးနှုန်းသည်။ ဒေသတွင်းငြိမ်းချမ်းရေး သော်လည်းကောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသော်လည်းကောင်း ဖြစ်ပေါ်စေရန် ရည်ရွယ်၍လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း နှင့် သံတမန်ရေးရာကို သဘောတူညီမှုအမျိုးမျိုး သို့မဟုတ် ငြိမ်းချမ်းရေးပဋိဉာဉ်များ ချုပ်ဆိုခြင်း အားဖြင့် ခေါင်းဆောင်များက သမိုင်းတလျောက် ကျင့်သုံးခဲ့သည်။ ယင်းအပြုအမူစည်းကြောင့် ပဋိပက္ခများ လျော့ကျလာခြင်း၊ စီးပွားရေးအပြန်အလှန်လုပ်ဆောင်မှု ၊ အကျိုးဆက်အားဖြင့် ကြီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်စေသည်။ အချင်းချင်းနားလည်မှုအား တိုးပွားစေခြင်းအားဖြင့် အလျော့အတင်းပြုစေနိုင်သော စဉ်းစားတွေးခေါ်မှု ပါသည့် အာရုံစိုက်နားထောင်မှု နှင့် ပြန်ကြားဆက်သွယ်ပြောဆိုမှု၏ ရလဒ်မှာ စစ်ပွဲ သို့မဟုတ် ရန်လို သဘောထား တင်းမာမှုများအား ရှောင်ရှားနိုင်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးစကားဝိုင်း နှင့် ပဋိညာဉ်များမှတဆင့် ခေါင်းဆောင်အတွက် နာမည်ကျော်ကြားရေပန်းစားခြင်းကဲ့သို့ အကျိုးအမြတ်ရှိသည်။

ချိုးငှက်သည် ငြိမ်းချမ်းရေး၏ စကြဝဠာဆိုင်ရာ အမှတ်သင်္ကေတတစ်ခုဖြစ်သည်


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ