စတီဖင် ဟာပါး

ကနေဒါနိုင်ငံ၏ ၂၂ ယောက်မြောက် ဝန်ကြီးချုပ်

စတီဖင် ဂျိုးဆက် ဟာပါး (Stephen Joseph Harper) (၁၉၅၉၊ ဧပြီလ ၃၀ ရက်ဖွား) သည် ကနေဒါနိုင်ငံ၏ ၂၂ ယောက်မြောက်နှင့် လက်ရှိ ဝန်ကြီးချုပ် ဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ၂၀၀၆ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲ အပြီးတွင် သူ၏ ပါတီမှ လူနည်းစု အစိုးရကို ဖွဲ့စည်းသော အခါတွင် ဟာပါးသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူသည် ပရိုဂရက်ဆစ် ကွန်ဆာဗေးတစ် နှင့် ကနေဒါ မဟာမိတ် ပါတီတို့ ပေါင်းစပ်၍ အသစ်ပြန်လည် ဖွဲ့စည်းထားသော ကွန်ဆာဗေးတစ်ပါတီမှ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်သည်။

စတီဖင် ဟာပါး

ဟာပါးသည် ၂၀၀၂ ခုနှစ်မှစ၍ အယ်လ်ဘာတာပြည်နယ် ကယ်လ်ဂရီ အနောက်တောင်ပိုင်းမှ ပါလီမန် အမတ် အဖြစ် အရွေးခံခဲ့ရသည်။ ၁၉၉၃ မှ ၁၉၉၇ အထိ သူသည် ကယ်လ်ဂရီ အနောက်ပိုင်းမှ အမတ် အဖြစ် အရွေးခံခဲ့ရသည်။ သူသည် ပြန်လည် ပြုပြင်ရေး ပါတီကို ထူထောင်သူ တစ်ဦးဖြစ်သော်လည်း ထိုပါတီဖြင့် ဝင်ရောက် အရွေးမခံခဲ့ပေ။ ထို့နောက်တွင် အမျိုးသား နိုင်ငံသား ညွန့်ပေါင်းပါတီကို ခေတ္တမျှ ဝင်ရောက်ပြီးနောက် ပြန်ထွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ကနေဒါ မဟာမိတ် ပါတီတွင် စတော့ခ်ဝဲလ် ဒေး ၏ နေရာတွင် ခေါင်းဆောင် အဖြစ် ဆက်ခံခဲ့ပြီးနောက် ပါလီမန်သို့ အတိုက်အခံ ခေါင်းဆောင် အဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သူသည် ပရိုဂရက်ဆစ် ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင် ပီတာ မက်ကေးနှင့် သဘောတူညီချက် ရရှိခဲ့ပြီး ၎င်းတို့၏ ပါတီနှစ်ခုအား ကနေဒါ ကွန်ဆာဗေးတစ် ပါတီ အဖြစ် ပေါင်းစပ် ဖွဲ့စည်းခဲ့သည်။ သူသည် ၂၀၀၄ မတ်လတွင် ပါတီ၏ ခေါင်းဆောင် အဖြစ် အရွေးခံခဲ့ရသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလ ဖက်ဒရယ် ရွေးကောက်ပွဲတွင် ဟာပါး၏ ကွန်ဆာဗေးတစ်ပါတီသည် လူနည်းစု မဲ အများဆုံး ရရှိခဲ့သည်။ မဲအရေအတွက် အနည်းငယ်မျှ မြင့်တက်လာခဲ့ပြီး ကနေဒါ နိုင်ငံ အောက်လွှတ်တော် ၃၀၈ နေရာတွင် ၁၄၃ နေရာ ရရှိခဲ့သည်။ ကနေဒါနိုင်ငံ၏ အကြိမ် ၄၀ မြောက် ပါလီမန်ကို ၂၀၁၁ မတ်လတွင် ဖျက်သိမ်းခဲ့သည်။

၂၀၁၁ မေလ ၂ ရက်တွင် ဟာပါး၏ ကွန်ဆာဗေးတစ်ပါတီအား ကနေဒါနိုင်ငံသားများက လူများစု အစိုးရအဖြစ် မဲပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ