စထရက်ပတိုမိုင်ဆင်

စထရက်ပတိုမိုင်ဆင် (အင်္ဂလိပ်: Streptomycin) သည် မိုက်ကိုဘက်တီးရီးယားများကို သေစေနိုင်သော ပဋိဇီဝဆေးတစ်မျိုးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ပင်နီဆီလင်နှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဆေးဖြစ်၏။ စထရက်ပတိုမိုင် ဆင်ကို တွေ့ရှိဖော်စပ်သူမှာ အမေရိကန်ပြည်ထောင်စု၊ ရတ်ဂျာတက္ကသိုလ်မှ ဆဲလမင်းအေ ဝပ်စမင်း ဆိုသူဖြစ်၏။ စထရက် ပတိုမိုက်ဆင် သည် ပင်နီဆလင်ဖြင့်ထိရောက်စွာ မကုနိုင်သော အချို့ရောဂါ များကို ထိရောက်စွာ ကုသနိုင်သည်။

စထရက်ပတိုမိုင်ဆင်သည် မည်သည့် ရောဂါဝေဒနာကို တကယ်တမ်း ထိရောက်စွာ ပျောက်ကင်းစေနိုင်ကြောင်း ယခုထက်တိုင် တပ်အပ်သေချာစွာ မသိရသေးချေ။ ဆေးဖက်ဆိုင်ရာ သိပ္ပံပါရဂူတို့သည် ဆက်လက်၍ စမ်းသပ်လေ့လာနေဆဲပင် ဖြစ်၏။ စထရက်ပတိုမိုင်ဆင်သည် တီဘီရောဂါကုသရာတွင် အကောင်းဆုံးနှင့် အထက်မြက်ဆုံး ဖြစ်သည် ကိုကား ယုံကြည်ကြသည်။ သို့ရာတွင် တျူဗာကယ် ပိုးစွဲနာ ပျောက်ကင်းစေသည်ကို တပ်အပ်သေချာစွာ ဝန်မခံနိုင်သေး ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးဖြင့်ကုသရာတွင် အချို့သာ ပျောက်ကင်း၍ အချို့မှာ မပျောက်ကင်းသောကြောင့် ဖြစ်သည်။ ပင်နီဆလင်ကဲ့သို့ပင် စထရက်ပတိုမိုင်ဆင်သည် ရောဂါပိုးများတိုးပွား မလာအောင် တားဆီး ထားပြီးလျှင် ကိုယ်ခန္ဓာ အတွင်းရှိ ပိုးများကို ရောဂါပိုးများအား တွန်းလှန်ဖြိုဖျက် နိုင်သောအခြေ ပြန်လည်ရရှိအောင် ဖန်တီးပေးနိုင်သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ