ဆီမာရန်းမြို့

အင်ဒိုနီးရှားနိုင်ငံ၊ အလယ်ဂျာဗားပြည်နယ်၏ မြို့တော်

ဆီမာရန်းမြို့ သည် အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျားဗားပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဒတ်ချ်ကိုလိုနီခေတ်က အဓိက ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ပြီး ယနေ့တိုင်အောင် အရေးပါသော ဒေသတွင်း ဗဟိုဌာနနှင့် ဆိပ်ကမ်းမြို့ ဖြစ်နေသေးသည်။ အာဆီယံ သန့်ရှင်းသော ကမ္ဘာလှည့်ခရီးသွားမြို့စံနှုန်း အဖွဲ့က အရှေ့တောင်အာရှရှိ အသန့်ရှင်းဆုံး ကမ္ဘာလှည့်ခရီးသွားမြို့အဖြစ် ၂၀၂၀ မှ ၂၀၂၂ အထိ သတ်မှတ် ကြေညာခဲ့သည်။[၁]

ဆီမာရန်းမြို့ မြင်ကွင်း


ဧရိယာအကျယ်အဝန်း ၃၇၃.၇၈ စတုရန်း ကီလိုမီတာ (၁၄၄.၃၂ စတုရန်းမိုင်) မျှ ရှိပြီး မြို့တော်၏ လူဦးရေမှာ ခန့်မှန်းခြေ အားဖြင့် ၁.၈ သန်း ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သတ္တမမြောက် လူဦးရေအများဆုံး မြို့ ဖြစ်ကာ[၂] ဂျကာတာမြို့၊​ဆူရာဘာယားမြို့ဘန်ဒေါင်းမြို့၊​ဘီကာစီမြို့၊​မယ်ဒန်မြို့ နှင့် တန်ဂီရန်းမြို့ တို့ နောက်မှ လိုက်သည်။ ၂၀၁၀ ခုနှစ် လူဦးရေစာရင်းအရ မြို့ပြဒေသတွင် နေထိုင်သူ ၃,၁၈၃,၅၁၆ ဦး ရှိပြီး မြို့နှစ်မြို့ နှင့် ခရိုင် ၂၆ ခု ပါဝင်သည်။[၃] ဆီမာရန်း မက်ထရိုပိုလစ်တန်ဒေသ တွင် လူဦးရေ ၆ သန်းခန့် ရှိသည်။ မြို့တော်၏ လူဦးရေမှာ ဂျားဗားလူမျိုးများ အများစု ဖြစ်ပြီး များပြားလှစွာသော တရုတ်လူမျိုးများလည်း ရှိသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ