ဘွိုင်းလ်၏ နိယာမ

ဘွိုင်းလ်၏ နိယာမ (Boyle's Law, or Boyle–Mariotte law) သည် လက်တွေ့စမ်းသပ်နိုင်သော ဓာတ်ငွေ့ဆိုင်ရာ နိယာမတစ်ခုဖြစ်ပြီး (ဓာတ်ငွေ့)ကွန်တိန်နာ၏ ထုထည် များပြားလာစဉ် ဓာတ်ငွေ့၏ ဖိအားသည် ကျဆင်းလာသည်ကို ပြသသော နိယာမတစ်ခုဖြစ်၏ ။ ခေတ်သစါ ဘွိုင်းလ်၏ နိယာမက ဤသို့ဆိုထားသည်။

ဒြပ်ထု၊ အပူချိန်တို့အား ကိန်းသေအဖြစ် ရှိနေစေသောအခါ ဖိအားနှင့် ထုထည်တို့၏ ဆက်သွယ်ပုံကို ပြသသည့် လှုပ်ရှားရုပ်ပုံ

အပိတ်စနစ်တစ်ခု၌ အပူချိန်နှင့် ဓာတ်ငွေ့ပမာဏသည် မပြောင်းလဲဘဲ တည်ရှိနေလျှင် စံဓာတ်ငွေ့တစ်ခု၏ ပေးထားသောဒြပ်ထုက သက်ရောက်သော ပကတိဖိအားသည် ၎င်းနေရာယူထားသော ထုထည်နှင့် ပြောင်းပြန်အချိုးကျသည်။[၁][၂]

သင်္ချာပုံစံဖြင့် ဘွိုင်း၏ နိယာမကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

ဖိအားသည် ထုထည်နှင့် ပြောင်းပြန်အချိုးကျသည်။

သို့မဟုတ်

PV = kဖိအားနှင့် ထုထည်မြောက်လဒ်သည် ကိန်းသေဖြစ်၏ ။k

ဤ၌ P သည် ဓာတ်ငွေ့၏ ဖိအား၊ V သည် ဓာတ်ငွေ့၏ ထုထည်၊ k သည် ကိန်းသေ ဖြစ်သည်။

ဤညီမျှခြင်းက အပူချိန်သည် ကိန်းသေဖြစ်နေသမျှ ကာလပတ်လုံး ဖိအားနှင့် ထုထည်တို့၏ မြောက်လဒ်သည် အထဲတွင်ရှိနေသော ဓာတ်ငွေ့၏ သတ်မှတ်ထားသော ဒြပ်ထုအတွက် ကိန်းသေဖြစ်သည်ဟု ဆိုထားသည်။ မတူညီသော အခြေအနေနှစ်ခုတွင် တူညီသော ပါဝင်ပစ္စည်းကို နှိုင်းယှဉ်ကြည့်ရန်အတွက် နိယာမကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

အထက်ပါညီမျှခြင်းတွင် ထုထည် များပြားလာသောအခါ ဓာတ်ငွေ့၏ ဖိအားသည် အချိုးအဆ ကျဆင်းနည်းပါးလာမည်ဟု ပြထားလေသည်။ ထိုနည်းတူစွာ ထုထည် ကျဆင်းလာပါက ဖိအား မြင့်တက်လာမည် ဖြစ်သည်။ ထိုနိယာမကို ရောဘတ် ဘွိုင်းလ်အား အစွဲပြု အမည်ပေးခဲ့ကြကာ ရောဘတ် ဘွိုင်းလ်က ၁၆၆၂ တွင် မူရင်းနိယာမကို စာအုပ်ကို ဖြန့်ချိခဲ့သည်။[၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ