မကာအို

တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသကြီး
(မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ မှ ပြန်ညွှန်းထားသည်)

မကာအို (澳門 :မကာအို အထူးအုပ်ချုပ်ရေး ဒေသ) [၉] သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသ ဖြစ်သည်။ မကာအို ကျွန်းဆွယ်သည် မြောက်ဘက်တွင် တရုတ်ပြည်မကြီးနှင့် နယ်မြေခြင်း ဆက်စပ်လျက်ရှိပြီး အရှေ့ဘက်တွင် ဟောင်ကောင်နှင့် ၃၀ ကီလိုမီတာသာ ကွာဝေးသည်။

မကာအို အထူးအုပ်ချုပ်ရေးဒေသ တရုတ် ပြည်သူ့သမ္မတနိုင်ငံ
中華人民共和國澳門特別行政區
အလံအမှတ်တံဆိပ်
ပထဝီ(လက်ရှိနယ်နမိတ်)
ဧရိယာ
  • မြေဧရိယာ:29.2km²(2007)[၁]
  • ကမ်းရိုးတန်း:41km [၂]
အချိန်ဇုန်UTC+8
နိုင်ငံ တရုတ်
လူနေမှု
ရုံးသုံးဘာသာတရုတ်၊ ပေါ်တူဂီ[၃][၄]
လူဦးရေ
  • စုစုပေါင်း:557,000 ဦး(2008)[၂]
  • သိပ်သည်းမှု :18,000ဦး/km²(2007)[၅]
  • သက်တမ်း:84.36 နှစ် (2009)[၆]
လူမျိုးတရုတ် 97%၊ ပေါ်တူဂီနှင့် အခြားနိုင်ငံခြားသား 3%[၂]
နိုင်ငံရေး
အုပ်ချုပ်ရေးမှူးဟော်ဟုတ်ဟွ (何厚鏵)
စီပွားရေး
ငွေကြေးပါတာကပ်စ်(Patacas)
GDP$114.36 ဘီလျံ Patacas [၇](နံပါတ် 139)
HDI 0.940 [၈]မြင့် 2008 နံပါတ် 21)
အခြား
သင်္ကေတMAC
ဒိုမိန်း.mo
ဧရိယာကုဒ်853
ယာဉ်မောင်းလက်ဝဲကပ်မောင်း
မကာအို မြေပုံ
မကာအို

မကာအိုသည် ချင်မင်းဆက်ခေတ်မှစ၍ တရုတ်အပိုင် နယ်နမိတ်ဖြစ်သည်။ မင်မင်းဆက်ခေတ် ၁၅၅၇ ခုနှစ်တွင် ပေါ်တူဂီအား ငှားရမ်းပေးခဲ့သည်။ ၁၈၈၇ ခုနှစ်တွင် ပေါ်တူဂီအစိုးရနှင့် မန်ချူးအစိုးရတို့သည် သက်တမ်း နှစ် ၄၀ ရှည်ကြာသည့် တရုတ် ပေါ်တူဂီ ကုန်သွယ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် မကာအိုသည် ပေါ်တူဂီမှ ရေရှည်အုပ်ချုပ်သည့် နယ်မြေဖြစ်လာသည်။[၁၀] ဥရောပတိုင်းပြည်များ၏ တရုတ်ပြည်ရှိ ပထမဦးဆုံးနှင့် နောက်ဆုံး ကိုလိုနီနယ် ဖြစ်သည်။[၁၁]

၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်နှင့် ပေါ်တူဂီတို့သည် မကာအို၏ ရှေ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၁၉၈၇ ခုနှစ်တွင် တရုတ် ပေါ်တူဂီ ပူးတွဲကြေညာချက်ကို တရားဝင်ရေးထိုးခဲ့သည်။ ထိုကြေညာချက်အရ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပေါ်တူဂီအုပ်ချုပ်ရေးကို အဆုံးသတ်ကာ မကာအိုအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထံ ပြန်လည်အပ်နှင်းခဲ့သည်။ တရုတ်အစိုးရသည် မကာအိုဒေသတွင် တပြည်ထောင် နှစ်စနစ်ကို ကျင့်သုံးရန်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန် ကတိပြုခဲ့သည်။ [၁၂]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ