မန်ချူးကိုးနိုင်ငံ
မန်ချူးကိုးနိုင်ငံ (အင်္ဂလိပ်: Manchukuo)၊ တရားဝင်အားဖြင့် ၁၉၃၄ ခုနှစ်အထိ မန်ချူးရီးယားနိုင်ငံတော်၊ ၁၉၄၅ ခုနှစ်အထိ (မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော်သည် မန်ချူးရီးယားဒေသအခြေစိုက် ဂျပန်အင်ပါယာ၏ ရုပ်သေးနိုင်ငံတစ်နိုင်ငံအဖြစ် ၁၉၃၂ မှ ၁၉၄၅ ခုနှစ်များအတွင်း တည်ရှိခဲ့သည်။ ဂျပန်တို့က မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်ပြီးနောက် ၁၉၃၂ တွင် သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စနစ်သို့ ပြောင်းလဲခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုမှု နည်းပါးသောနိုင်ငံလည်းဖြစ်သည်။
မန်ချူးရီးယားနိုင်ငံတော် State of Manchuria (၁၉၃၂–၁၉၃၄) 滿洲國 (မဟာ)မန်ချူးရီးယား ဧကရာဇ်နိုင်ငံတော် Empire of (Great) Manchuria (၁၉၃၄–၁၉၄၅) (大)滿洲帝國 | |
---|---|
ဆောင်ပုဒ်: လူမျိုးငါးစုနှင့်ပြည်ထောင်စု | |
နိုင်ငံတော် သီချင်း: မန်ချူးကိုးနိုင်ငံ၏ နိုင်ငံတော်သီချင်း (၁၉၃၃–၁၉၄၂ မူ) (၁၉၄၂–၁၉၄၅ မူ) | |
လက်ရှိအခြေအနေ | ဂျပန်အင်ပါယာ၏ ရုပ်သေးတိုင်းပြည် |
မြို့တော် | ရှင်ကျင်း (၉ သြဂုတ် ၁၉၄၅ အထိ) တုန်းဟွာ |
အကြီးဆုံးမြို့ | ဟာရ်ပင်း |
ရုံးသုံး ဘာသာစကားများ | ဂျပန်ဘာသာစကား မန်ချူးရီးယန်း[မှတ်စု ၁] |
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ |
|
Demonym | မန်ချူး |
အစိုးရ | အကြွင်းမဲ့ စစ်အာဏာရှင်စနစ်လက်အောက်ခံ တစ်ပါတီ စည်းမျဉ်းခံဘုရင်စနစ် |
• အမှုဆောင်ချုပ် | ပုရီ (၁၉၃၂–၁၉၃၄) |
• ဧကရာဇ် | ပုရီ (၁၉၃၄–၁၉၄၅) |
• ဝန်ကြီးချုပ် |
|
ဥပဒေပြုလွှတ်တော် | ဥပဒေပြုကောင်စီ |
ဖြစ်ရပ်များ | |
• ဂျပန်နိုင်ငံမှကျူးကျော်ခြင်း | ၁၈ စက်တင်ဘာ ၁၉၃၁ |
• အရှေ့မြောက်မဟာအုပ်ချုပ်ရေးကောင်စီကြီး | ၁၆ ဖေဖော်ဝါရီ ၁၉၃၂ |
• တည်ထောင် | ၁ မတ် ၁၉၃၂ |
• ရေးဟေပြည်နယ် သိမ်းပိုက်ခြင်း | ၄ မတ် ၁၉၃၃ |
• ဧကရာဇ်နိုင်ငံအဖြစ်ကြေညာ | ၁ မတ် ၁၉၃၄ |
• GEACPS အဖွဲ့ဝင်ဖြစ်လာ | ၃၀ နိုဝင်ဘာ ၁၉၄၀ |
• ဆိုဗီယက်နိုင်ငံမှကျူးကျော်ခြင်း | ၉ သြဂုတ် ၁၉၄၅ |
• ပြိုကွဲခြင်း | ၁၅ သြဂုတ် ၁၉၄၅ |
ငွေကြေး | တရုတ်ရွှေယူနစ် မန်ချူးကိုး ယွမ်ငွေ |
နိုင်ငံ၏ဧရိယာသည် ချင်းမင်းဆက်၏ ဧကရာဇ်များအပါအဝင် မန်ချူးလူမျိုးတို့၏ ဌာနေမြေဖြစ်သည်။ ၁၉၃၁ တွင် ဂျပန်တို့သည် မုခ်ဒန်းဖြစ်ရပ်အပြီးတွင် ထိုဒေသကိုသိမ်းပိုက်ခဲ့သည်။ တစ်နှစ်အကြာတွင် ဂျပန်အလိုတော်ရိ အစိုးရတစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး နောက်ဆုံးချင်းဧကရာဇ်ပုရီအား အမည်ခံခေါင်းဆောင်နှင့် နောက်ပိုင်းတွင်ဧကရာဇ်အဖြစ် ခန့်အပ်ခဲ့သည်။[၂] ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင် မန်ချူးကိုးအစိုးရသည် ၁၉၄၅ ခုနှစ်တွင် ပျက်ပြားခဲ့သည်။ မန်ချူးကိုးပိုင်နယ်မြေများကို ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ဆိုဗီယက်တို့က ကျူးကျော်သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံထံပြန်လည်ပေးအပ်ခဲ့သည်။[၃]
မန်ချူးနိုင်ငံဟုဆိုသော်လည်း မန်ချူးတို့သည် လူနည်းစုမျှသာဖြစ်ခဲ့ရပြီး အများစုမှာဟန်တရုတ်လူမျိုးများသာဖြစ်သည်။
နိုင်ငံရေး
နိုင်ငံ့ခေါင်းဆောင်
မန်ချူးကိုးနိုင်ငံ၏ ဧကရာဇ် | |
---|---|
大滿洲帝國皇帝 (တရုတ်) | |
Imperial | |
ဧကရာဇ်အလံတော် | |
ဧကရာဇ်ပုရီ | |
အသေးစိတ်များ | |
အခေါ်အဝေါ် | His Imperial Majesty |
ပထမဆုံးဘုရင် | ခန့်ဒေ |
နောက်ဆုံးဘုရင် | ခန့်ဒေ |
ဖွဲ့စည်းပုံ | ၁ မတ် ၁၉၃၄ |
စွန့်လွှတ် | ၁၅ သြဂုတ် ၁၉၄၅ |
စံအိမ် | ဧကရာဇ်နန်းတော်၊ ရှင်ကျင်း |
ဘွဲ့အမည်နှင့် သက္ကရာဇ်များ | နန်းသက် | ကာလအမည် (年號) နှင့် ယင်းတို့၏ သက်ဆိုင်ရာရက်စွဲများ |
---|---|---|
အိုက်ရှင်းကျွဲလျိုး ပုရီ (愛新覺羅溥儀၊ Àixīnjuéluó Pǔyì) ၇ ဖေဖော်ဝါရီ ၁၉၀၆ – ၁၇ အောက်တို ဘာ ၁၉၆၇ | ၁၈ ဖေဖော်ဝါရီ ၁၉၃၂ – ၁၅ သြဂုတ် ၁၉၄၅ (၁၃ နှစ်၊ ၁၇၈ ရက်) | ဒါတုန်း (大同၊ Dàtóng) ၁၈ ဖေဖော်ဝါရီ ၁၉၃၂ – ၂၈ ဖေဖော်ဝါရီ ၁၉၃၄ |
ခန့်ဒေ (康德၊ Kāngdé) ၁ မတ် ၁၉၃၄ – ၁၅ သြဂုတ် ၁၉၄၅ |
ဝန်ကြီးချုပ်
သံတမန်ရေးရာ အသိအမှတ်ပြုမှု
တရုတ်နိုင်ငံသည် မန်ချူကိုးနိုင်ငံကို အသိအမှတ်မပြုသော်လည်း ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးမှ လစ်တွန်အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး မန်ချူးရီးယားသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကြေငြာခဲ့ရာ ဂျပန်နိုင်ငံသည် ၎င်း၏အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ မန်ချူးရီးယားပြဿနာကြောင့် အမေရိကန်နိုင်ငံသည် စစ်ပွဲအကြောင်းကြောင့် ပေါ်ပေါက်လာသည့်နိုင်ငံများကို အသိအမှတ်မပြုရန်အတွက် စတင်မ်ဆင်၏အဆို (Stimson Doctrine) ကို ချမှတ်ခဲ့သည်။[၄]
အဖွဲ့ချုပ်၏ချဉ်းကပ်မှုကြားမှ ဤနိုင်ငံသစ်ကို အယ်ဆာဗေဒို (၃ မတ် ၁၉၃၄)၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၁၉၃၄)၊ ကော်စတာရီကာ (၂၃ စက်တင်ဘာ ၁၉၃၄)၊ အီတလီ (၂၉ နိုဝင်ဘာ ၁၉၃၇)၊ စပိန် (၂ ဒီဇင်ဘာ ၁၉၃၇)၊ ဂျာမနီ (၁၂ မေ ၁၉၃၈) နှင့် ဟန်ဂေရီ (၉ ဇန်နဝါရီ ၁၉၃၉) နိုင်ငံများက အသီးသီးအသိအမှတ်ပြုခဲ့ကြသည်။ ဆိုဗီယက်နိုင်ငံသည် ၁၉၃၅ မတ် ၂၃ တွင် အသိအမှတ်ပြုသော်လည်း တရားဝင်အသိအမှတ်ပြုမှု မဟုတ်ခဲ့ပေ။[၅][၆] သို့သော် ၁၉၄၁ ဧပြီ ၁၃ ရက်နေ့တွင် ဆိုဗီယက်–ဂျပန် ကြားနေရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ ဂျပန်နိုင်ငံအနေဖြင့် ဆိုဗီယက်ယူနီယံ၏အိမ်နီးချင်း မွန်ဂိုလီးယားပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုပါက မန်ချူးကိုးနိုင်ငံကို အသိအမှတ်ပြုမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။[၇] ဗာတီကန်စီးတီးသည် မန်ချူးကိုးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည်ဟု ယုံကြည်ကြသည်။ သို့သော် ဗာတီကန်စီးတီးအနေဖြင့် မန်ချူးကိုးနိုင်ငံသို့ ကက်သလစ်မစ်ရှင်များ စေလွှတ်မှုသာရှိခဲ့သည်။[၈] ၁၉၄၀ ခုနှစ်များတွင် ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သော်လည်း ဂျပန်နှင့်အီတလီနိုင်ငံတို့၏ မန်ချူးကိုးနိုင်ငံနှင့် ဝမ်ကျင်းဝေအစိုးရတို့ကို အသိအမှတ်ပြုရေးဖိအားများကို ငြင်းဆန်ခဲ့သည်။[၉]
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီးနောက်တွင် ဂျာမနီ၏လက်အောက်၌ရှိကြသော စလိုဗက်ကီးယား (၁ ဇွန် ၁၉၄၀)၊ ဗစ်ချီ ပြင်သစ်နိုင်ငံ (၁၂ ဇူလိုင် ၁၉၄၀)၊ ရိုမေးနီးယား (၁ ဒီဇင်ဘာ ၁၉၄၀)၊ ဘူလ်ဂေးရီးယား (၁၀ မေ ၁၉၄၁)၊ ဖင်လန် (၁၇ ဇူလိုင် ၁၉၄၁)[၁၀]၊ ဒိန်းမတ် (သြဂုတ် ၁၉၄၁)၊ ခရိုအေးရှား (၂ သြဂုတ် ၁၉၄၁) နိုင်ငံများနှင့် ဂျပန်၏လက်အောက်၌ရှိကြသော ဝမ်ကျင်းဝေ၏ တရုတ်သမ္မတနိုင်ငံ၏ ပြန်လည်ဖွဲ့စည်းထားသော အမျိုးသားအစိုးရ (၃၀ နိုဝင်ဘာ ၁၉၄၀)၊ ထိုင်း (၅ သြဂုတ် ၁၉၄၁) နှင့် ဖိလစ်ပိုင် (၁၉၄၃) နိုင်ငံများက အသိအမှတ်ပြုခဲ့ကြသည်။