တစ်ပါတီစနစ်

တစ်ပါတီစနစ် ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး (လမ်းစဉ်) အယူအဆတစ်မျိုးတည်းကို ကျင့်သုံးရန် ပါတီတစ်ခုတည်းမှ အုပ်ချုပ်သည့်စနစ်ကို ဆိုလိုသည်။

ဖွဲ့စည်းပုံ

ထိုစနစ်တွင် ပါတီခေါင်းဆောင်(သို့)ပါတီ၏ဗဟိုအာဏာပိုင်အဖွဲ့ ကတိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားပြီး အုပ်ချုပ်လေ့ရှိသည်။ ထိုသို့အုပ်ချုပ်နိုင်ရန်အတွက် ၎င်းတို့နှင့် သင့်တော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်းရေးဆွဲ ပြဋ္ဌာန်းလေ့ရှိကြသည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်တွင် ကျင့်သုံးသည့်အတိုင်း လွှတ်တော်၊တရားရုံးချုပ် အစရှိသည့် အဆောက်အဦးများ၊လုပ်ငန်းတာဝန်များအားလုံး ပြည့်စုံစွာပါဝင်သော်ငြား အစစ်အမှန် အာဏာပိုင်မှာ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေသည့် ပါတီသာ ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ၁၉၈၈ ခုနှစ်မတိုင်မှီ ၁၉၇၄ ခုနှစ်မှ စကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ တည်းက အုပ်ချုပ်ခဲ့သဖြင့် တစ်ပါတီစနစ်နှင့် အုပ်ချုပ်ခံခဲ့ရဖူးပါသည်။ထို့အတူ ကမ္ဘာပေါ်တွင် တစ်ပါတီစနစ်ကျင့်သုံးသည့်နိုင်ငံအများစုမှာ အာဏာရှင်နိုင်ငံများ၊ဆိုရှယ်လစ်နိုင်ငံများ နှင့် ကွန်မြူနစ် နိုင်ငံများ ဖြစ်ကြသည်။

ထင်ရှားသည့် တစ်ပါတီစနစ်ကျင့်သုံးသောနိုင်ငံများ

တို့ဖြစ်ကြသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ