ယူအေးဖာ


ဥရောပ ဘောလုံးအဖွဲ့ချုပ် (အတိုကောက်:UEFA /ယူအေးဖာ/ အင်္ဂလိပ်: The Union of European Football Associations; ပြင်သစ်: Union des Associations Européennes de Football;[မှတ်စု ၁] ဂျာမန်: Vereinigung Europäischer Fußballverbände)[မှတ်စု ၂]) သည် ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး အားကစားနည်းများကို ဥရောပတွင် အုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် အချို့သော အသင်းဝင်နိုင်ငံများမှာ မူလအားဖြင့်သော်လည်းကောင်း အလုံးစုံသော်လည်းကောင်း အာရှ၌ပါဝင်ခဲ့ကြသည်။ ဖီဖာ၏ ဘောလုံးအားကစား ကမ္ဘာ့တိုက်ကြီးများ နယ်မြေဒေသကြီး (၆)ခုမှ တစ်ခုဖြစ်သည်။ ယူအေးဖာတွင် အမျိုးသား ဘောလုံးအသင်း (၅၅) နိုင်ငံပါဝင်ကြသည်။

ဥရောပ ဘောလုံးအဖွဲ့ချုပ်
အတိုကောက်UEFA (ယူအေးဖာ)
ဖွဲ့စည်းခြင်း၁၅ ဇွန် ၁၉၅၄; ၆၉ နှစ် အကြာက (၁၉၅၄-၀၆-15)
အမျိုးအစားဘောလုံးအားကစား အဖွဲ့အစည်း
ဌာနချုပ်ညောန်မြို့၊ ဆွစ်ဇာလန်နိုင်ငံ
ကိုဩဒိနိတ်46°22′16″N 6°13′52″E / 46.371009°N 6.23103°E / 46.371009; 6.23103
ဝန်ဆောင်မှုဒေသ
ဥရောပ
အဖွဲ့ဝင်များ
နိုင်ငံအသင်း (၅၅)သင်း
ရုံးသုံးဘာသာစကားများ
အင်္ဂလိပ်
ပြင်သစ်
ဂျာမန်
(တရားဝင်မဟုတ် သို့သော် အဓိကသုံးစွဲ : အီတလီ၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်) [၁]
ဥက္ကဋ္ဌ
Aleksander Čeferin[၂]
ပထမ ဒုတိယ ဥက္ကဋ္ဌ
Karl-Erik Nilsson
ဒုတိယ ဥက္ကဋ္ဌများ
Sándor Csányi
Luis Rubiales
Fernando Gomes
Michele Uva
အထွေထွေအတွင်းရေးမှူး
Theodore Theodoridis
အဓိကအဖွဲ့အစည်း
ယူအေးဖာ ကွန်ဂရက်
မိခင်အဖွဲ့အစည်း
ဖီဖာ
ဝက်ဘ်ဆိုဒ်uefa.com

ယူအေးဖာသည် ဥရောပတိုက်ရှိ နိုင်ငံဘောလုံးအသင်းများကို ကိုယ်စားပြု၍ နိုင်ငံ၊ ကလပ် ပြိုင်ပွဲများ : ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာ နိုင်ငံများလိဂ်၊ ယူအေးဖာ ချန်ပီယံလိဂ်၊ ယူအေးဖာ ယူရိုပါလိဂ်၊ ယူအေးဖာ စူပါ ဖလား ကို ကျင်းပပေးသည်။ ထိုပြိုင်ပွဲများရှိ ဆုကြေးငွေ၊ စည်းမျဉ်းများ၊ မီဒီယာ အခွင်းအရေးများကိုလည်း ထိန်းချုပ်စီမံသည်။

Henri Delaunay သည် ပထမဆုံး အထွေထွေအတွင်းရေးမှူးဖြစ်၍ Ebbe Schwartz သည် ပထမဆုံးဥက္ကဋ္ဌဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၆ အေသင်မြို့ (၁၂) ကြိမ်မြောက် အထူး ယူအေးဖာညီလာခံ၌ ရွေးချယ်တင်မြှောက်ခြင်းခံရသော သတ္တမမြောက် ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ဤရာထူးသည် အလိုအလျှောက် ဖီဖာ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ရသည်။[၃]

မှတ်စု

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ