ရော်ဘတ်တို ကားလို့စ်

ရော်ဘတ်တို ကားလို့စ် ဒ ဆီးလ်ဗား ရော့ရှား (ပေါ်တူဂီ: Roberto Carlos da Silva Rocha)[မှတ်စု ၁] သည် ရော်ဘတ်တို ကားလို့စ် အဖြစ်အသိများ၍ ဘရာဇီးဘောလုံးသမားဟောင်း တစ်ဦးဖြစ်ကာ လက်ရှိတွင် ဘောလုံးအားကစား သံတမန်တစ်ဦးအဖြစ် လုပ်ဆောင်လျက် ရှိသည်။[၃] ဘရာဇီးအသင်း၌ ရှေ့တန်းလူအဖြစ် စတင်ခဲ့ပြီး ၎င်း၏ ကစားသမားသက်တမ်းအများစု၌ ဘယ်စွယ်နောက်ခံလူ နေရာတွင် ကစားမှုများ၍ ကစားနည်းသမိုင်းတစ်လျှောက်တွင် 'ဘယ်ဝင်းမှ တိုက်စစ်အထက်သန်ဆုံး နောက်ခံလူ'အဖြစ် ဖော်ပြကြသည်။ [၄] ကားလို့စ်ကို အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ယူဆကြကာ ၎င်းကစားသည့် သက်တမ်းတစ်လျှောက် ကစားကွက်ပုံဖော်ကစားသော ကျွမ်းကျင်သူတစ်ဦးအဖြစ်လည်း သိရှိကြသည်။[၅][၆] ၁၉၉၇တွင် ဖီဖာ တစ်နှစ်တာအကောင်ဆုံးဆု ဒုတိယရရှိကာ ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း တွင် ရွေးချယ်ခံရသည်။ ၂၀၀၄ တွင် သက်ရှိထင်ရှား ကြီးကျယ်ဆုံး 'ဖီဖာ (၁၀၀)' တွင် ပါဝင်ခဲ့သည်။[၇][၈]

ရော်ဘတ်တို ကားလို့စ်
Roberto Carlos in 2011
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံရော်ဘတ်တို ကားလို့စ် ဒ ဆီးလ်ဗား ရော့ရှား[၁]
မွေးသက္ကရာဇ် (1973-04-10) ၁၀ ဧပြီ၊ ၁၉၇၃ (အသက် ၅၁)
မွေးရပ်ဇာတိဂါစာမြို့ ၊ ဆောင် ပေါလူး ပြည်နယ်၊ ဘရာဇီး။
အရပ်အမြင့်၁.၆၈ မီတာ[၁]
ကစားသည့်နေရာဘယ်နောက်ခံလူ
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
၁၉၉၁–၁၉၉၃União São João Esporte Clube(၀)
၁၉၉၂→ Clube Atlético Mineiro (အငှား)(၀)
၁၉၉၃–၁၉၉၅Sociedade Esportiva Palmeiras၄၄(၃)
၁၉၉၅–၁၉၉၆Inter Milan၃၀(၅)
၁၉၉၆–၂၀၀၇Real Madrid၃၇၀(၄၇)
၂၀၀၇–၂၀၀၉Fenerbahçe၆၅(၆)
၂၀၁၀–၂၀၁၁Corinthians၃၅(၁)
၂၀၁၁–၂၀၁၂Anzhi Makhachkala၂၅(၄)
၂၀၁၅Delhi Dynamos(၀)
စုစုပေါင်း၅၇၅(၆၆)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၉၂–၂၀၀၆[၂]ဘရာဇီး အမျိုးသား ဘောလုံးအသင်း၁၂၅(၁၁)
အုပ်ချုပ်ခဲ့သော အသင်းများ
၂၀၁၂Anzhi Makhachkala (နည်းပြ)
၂၀၁၃–၂၀၁၄Sivasspor
၂၀၁၅Akhisarspor
၂၀၁၅Delhi Dynamos

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ကလပ်အသင်းအနေဖြင့် ရေအား မဒရစ် (ရီးယဲလ် မဒရစ်) သို့ ၁၉၉၆ တွင် ပြောင်းရွှေ့ကာ (၁၁)ရာသီကို အောင်မြင်စွာ ကစားခဲ့သည်။ ထို၌ ပွဲပေါင်း (၅၈၄)ပွဲ၊ (၇၁) ဂိုး သွင်းယူခဲ့သည်။လာ လီဂါ ဖလား လေးကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (၃)ကြိမ် ရရှိခဲ့သည်။ ၂၀၁၃ ဧပြီတွင် 'မာကာ' စပိန်သတင်းစာက မဒရစ်အသင်း၏ သမိုင်းတစ်လျှောက် အကောင်းဆုံး နိုင်ငံခြားသား (၁၁) ယောက်ထဲက တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။[၉] ၂၀၁၂ ဩဂုတ်လ အသက် (၃၉)တွင် အနားယူခဲ့၏။[၁၀]

ရော်ဘတ်တို ကားလို့စ်သည် ဘရာဇီးအသင်းအတွက် ၁၉၉၂တွင် စတင်ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလား သုံးကြိမ်တိုင်တိုင် ပါဝင် ကစားခဲ့သည်။ ၁၉၉၈ တွင် အသင်းကို ဗိုလ်လုပွဲ ရောက်အောင် ကူညီကစားခဲ့၍ ၂၀၀၂ ကမ္ဘာ့ဖလားတွင် အနိုင်ရရှိစေရန်လည်း ကူညီခဲ့သည်။ ၁၉၉၈နှင့် ၂၀၀၂ ကမ္ဘာ့ဖလား ထိပ်တန်းကြယ်ပွင့် အသင်းတို့၌ ရွေးချယ်ခြင်းခံခဲ့ရသည်။ နိုင်ငံအသင်းနှင့် (၁၂၅) ပွဲကစားခဲ့ကာ ဒုတိယ ပွဲအရေအတွက်အများဆုံး ကစားသည့်သူလည်း ဖြစ်သည်။[၁၁]

၂၀၁၃ တွင် တူရကီ စုပါးလစ်ဂ် (Süper Lig) ၏ Sivasspor ကလပ်ကို နည်းပြပေးခဲ့သည်။[၁၂] ၂၀၁၄တွင် နည်းပြရာထူးမှ နုတ်ထွက်ခဲ့သည်။[၁၃] ၂၀၁၅ ဇန်နဝါရီမှ ဇွန်အထိ Akhisarspor ကလပ်တွင် နည်းပြကာ ဇူလိုင်တွင် အိန္ဒိယစူပါလိဂ် Delhi Dynamos တွင် ကစားသမား/နည်းပြ အဖြစ် ခန့်အပ်ခြင်းခံရသည်။[၁၄]

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ