ဝိုင် (အရက်)

စပျစ်သီးကို ကဇော်ဖောက်၍ ပြုလုပ်ထားသော ယမကာတစ်မျိုး

ဝိုင် ဆိုသည်မှာ ယမကာ တစ်မျိုးဖြစ်ပြီး ကဇော်ဖောက်ထားသော စပျစ်သီးမှ ပြုလုပ်ထားခြင်း ဖြစ်သည်။ တဆေး သည် စပျစ်သီးထဲမှ သကြားကို စုပ်ယူပြီး အီသနော၊ ကာဗွန်ဒိုင် အောက်ဆိုက်ဒ်နှင့် အပူဓာတ်တို့ အဖြစ် ပြောင်းလဲပေးသည်။ စပျစ်သီး အမျိုးမျိုး နှင့် တဆေးမျိုးထူး အမျိုးမျိုးတို့မှ ဝိုင်စတိုင်လ် အမျိုးမျိုးကို ရရှိစေသည်။ ထိုသို့ အမျိုးမျိုး ကွဲပြားရခြင်း အကြောင်းမှာ စပျစ်သီး၏ ဇီဝဓာတုဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်ခြင်း၏ ရှုပ်ထွေးသော ဩဇာတွဲဖက်မှုများ၊ ကဇော်ဖောက်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော ဓာတ်ပြုခြင်းများ၊ စပျစ်သီးစိုက်ပျိုးရာ ပတ်ဝန်းကျင် နှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ စသည်တို့၏ ရလဒ်များပင် ဖြစ်သည်။ နိုင်ငံအများစုတွင် ဝိုင်၏ စတိုင်လ် နှင့် အရည်အသွေးကို သတ်မှတ်ရန် အတွင် တရားဥပဒေအရ သတ်မှတ်ထားသော အမည်နာမ များ ရှိသည်။ ၎င်းတို့မှ ပထဝီဆိုင်ရာ မူလရင်းမြစ် နှင့် ခွင့်ပြုထားသော စပျစ်သီး အမျိုးမျိုးကို ကန့်သတ်ထားသကဲ့သို့ ဝိုင်ထုတ်လုပ်မှု၏ အခြားသော အရာများကိုလည်း ကန့်သတ် ထားသည်။ စပျစ်သီးမှ ပြုလုပ်ထားခြင်း မဟုတ်သော ဝိုင်များတွင် အခြားသော သီးနှံများကို အသုံးပြုထားပြီး ၎င်းတို့တွင် ဆန်မှ ပြုလုပ်ထားသော ဝိုင်နှင့် အခြားသော သစ်သီးများ ဖြစ်သော ဇီးသီး၊ ချယ်ရီသီး၊ တလည်းသီး၊ ဘယ်ရီသီးနှင့် အဲလ်ဒါးဘယ်ရီသီးတို့ကို အသုံးပြုကြသည်။

Wine
ဝိုင်နီနှင့် ဝိုင်ဖြူခွက်
အမျိုးအစားAlcoholic beverage
အယ်လ်ကိုဟောပမာဏ5.5–15.5%
ပါဝင်ပစ္စည်းအမျိုးမျိုးကွဲပြားသည်
မူကွဲများ
  • ဝိုင်နီ
  • ဝိုင်ဖြူ
  • နှင်းဆီဝိုင်
  • လိမ္မော်ဝိုင်
  • စပါကလင်ဝိုင်
  • ဒဲဆတ်ဝိုင်
၁၆ ရာစုမှ ဝိုင်ညှစ်စက်

ဝိုင် အားချက်လုပ်ခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဝိုင်နှင့် ပတ်သက်၍ အစောဆုံးတွေ့ရသော အထောက်အထားမှာ ဂျော်ဂျီယာနိုင်ငံ (ဘီစီ ၆၀၀၀)၊ အီရန် (ဘီစီ ၅၀၀၀) ၊ [၁] နှင့် စစ္စလီကျွန်း (ဘီစီ ၄၀၀၀)[၂] တို့ဖြစ်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံ ၅ နိုင်ငံ၌ ဝိုင်အများဆုံး ထုတ်လုပ်သော ဒေသများ ရှိပြီး ၎င်းတို့မှာ အီတလီ၊ စပိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။[၃]

ဝိုင်သည် ဘာသာရေးတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ ဝိုင်အနီးသည် ရှေးခေတ် အီဂျစ်တို့အတွက် သွေး နှင့် ဆက်နွယ်နေသည်။[၄]ထို့ပြင် ရှေးဟောင်း ဂရိတို့၏ ဒိုင်ယိုနီးဆပ်စ်ဂိုဏ်း နှင့် ရှေးဟောင်း ရောမတွင်လည်း အသုံးပြုကြသည်။ ရဟူဒီဘာသာ နှင့် ခရစ်ယာန် ဘာသာတို့နှင့်လည်း ဆက်နွယ်လျက် ရှိသည်။

သမိုင်းကြောင်း

အာမေးနီးယားနိုင်ငံရှိ အာရန်နီ-၁ လှိုဏ်ဂူသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးဟု သိရှိသော ဝိုင်ချက်လုပ်ရာ ဖြစ်သည်။

ဝိုင်၏ အစောဆုံး လက်ရာများကို ဂျော်ဂျီယာနိုင်ငံတွင် ဘီစီ ၆၀၀၀ ခုနှစ်၊[၅][၆][၇][၈][၉] အီရန် (ပါရှား)တွင် ဘီစီ ၅၀၀၀ [၁][၁၀] နှင့် စစ္စလီကျွန်းတွင် ဘီစီ ၄၀၀၀ ခုနှစ်တွင် တွေ့ရသည်။[၂] ထိုခေတ်များမတိုင်မီက ဘီစီ ၇၀၀၀ ခန့်တွင် တရုတ်နိုင်ငံ၌ အလားတူ ယမကာမျိုးကို သောက်သုံးခဲ့ကြောင်းလည်း အထောက်အထားများ တွေ့ရှိရသည်။[၁၁][၁၂][၁၃] ဝိုင်သည် ဘော်လကန်ဒေသသို့ ဘီစီ ၄,၅၀၀ တွင် ရောက်ရှိခဲ့ပြီး ရှေးဟောင်းဂရိ၊ သရေးရှား နှင့် ရောမတို့တွင် သောက်သုံး၍ ပျော်ပွဲရွှင်ပွဲဆင်နွှဲခဲ့ကြသည်။ သမိုင်းတလျှောက်တွင် ဝိုင်အား ၎င်း၏ မူးယစ်စေသော သက်ရောက်မှုအတွက် သောက်သုံးခဲ့ကြသည်။[၁၄][၁၅][၁၆].

၂၀၁၇ ခုနှစ်တွင် ဖီလာဒဲလ်ဖီးယားမြို့ရှိ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ပြတိုက်မှ ဟင်းလျာ၊ကဇော်ဖောက်ထားသော ယမကာနှင့် ကျန်းမာရေးဆိုင်ရာ ဇီဝမော်လီကျူး ရှေးဟောင်းသုတေသန စီမံကိန်းမှ သိပ္ပံဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ ပက်ထရစ် အီ မက်ဂါးဗန်း ဦးဆောင်သော သုတေသနမှ ဂျော်ဂျီယာသည် ဝိုင် စတင်မွေးဖွားရာ အရပ်ဖြစ်သည်ဟု အသိအမှတ်ပြုခဲ့သည်။[၁၇]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ