အင်္ဂါဂြိုဟ်

နေအဖွဲ့အစည်းရှိ နေမှ စတုတ္ထမြောက်ဂြိုဟ်

အင်္ဂါဂြိုဟ် (အင်္ဂလိပ်: Mars)သည် နေအဖွဲ့အစည်းအတွင်းတွင် တည်ရှိပြီး နေမှစတင်ရေတွက်လျင် ၄ ခုမြောက်ဂြိုဟ်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ အင်္ဂလိပ်အမည် မားစ်ကို ရောမတို့၏ စစ်ပွဲနှင့်ဆိုင်သော နတ်ဘုရား၏အမည်ကို ယူ၍ ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော အင်္ဂါဂြိုဟ်၏အရောင်မှာ အနီရောင်ဖြစ်ပြီး အနီရောင်မှာ သွေး၏အရောင်ဖြစ်သောကြောင့် ဂြိုဟ်နီကြီးဟုလည်း ခေါ်ဆိုကြသည်။ အင်္ဂါဂြိုဟ်၏သင်္ကေတသည် ဖြစ်သည်။

အင်္ဂါဂြိုဟ် ♂
အင်္ဂါဂြိုဟ်
ဟာဘယ် တယ်လီစကုပ်မှ
အင်္ဂါဂြိုဟ်ပုံ ၂၀၀၃ ခုနှစ်။
အသံထွက်ဗြိတိသျှ အင်္ဂလိပ်: /mɑːz/
အမေရိကန် အင်္ဂလိပ်: /ˈmɑːrz/ ( )
ပါဝင်အရာဝတ္ထုများMartian
ပတ်လမ်း ဂုဏ်အင်များ [၂]
Epoch J2000
အဝေးဆုံးပတ်လမ်း1.6660 AU
249.2 Gm
အနီးဆုံးပတ်လမ်း1.3814 AU
206.7 Gm
ဆီမီး မေဂျာ ဝင်ရိုး
1.523679 AU
227.9392 Gm
ပတ်လမ်း ဗဟိုကျမှု0.0934
ပတ်လမ်း ကာလ
1.8808 julian year
686.971 d
668.5991 sols
ပတ်လမ်း ကာလ
779.96 days
2.135 Julian years
ပျမ်းမျှ ပတ်နှုန်း
24.077 km/s
ပျမ်းမျှ မူမမှန်မှု
19.373°
ပတ်လမ်း တိမ်းစောင်းမှု1.850° to ecliptic
5.65° to Sun's equator
1.67° to invariable plane[၁]
Longitude of ascending node
49.558°
Argument of perihelion
286.502°
ဂြိုဟ်ရံလများ
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ပျမ်းမျှ အချင်းဝက်
3,389.5±0.2 km[၃]
အီကွေတာ အချင်းဝက်
3,396.2±0.1 km[၃]
0.533 Earths
ဝင်ရိုးစွန်း အချင်းဝက်
3,376.2±0.1 km[၃]
0.531 Earths
ပြားချပ်မှု0.00589±0.00015
မျက်နှာပြင် ဧရိယာ
144,798,500 km2
0.284 Earths
ထုထည်1.6318×1011 km3[၄]
0.151 Earths
ဒြပ်ထု6.4171×1023 kg[၅]
0.107 Earths
ပျမ်းမျှ သိပ်သည်းဆ
3.9335±0.0004 g/cm³[၄]
မျက်နှာပြင် ဒြပ်ဆွဲအား
3.711 m/s²[၄]
0.376 g
အင်နားရှားကိန်း
0.3662±0.0017[၆]
လွတ်မြောက်အလျင်
5.027 km/s
ဘေးဘက် လှည့်ပတ်ကာလ
1.025957 d
24° 37′ 22″[၄]
အီကွေတာ လည်ပတ်မှု အလျင်
၈၆၈.၂၂ km/h (၂၄၁.၁၇ m/s)
ဝင်ရိုးတိမ်းစောင်းမှု
25.19° to its orbital plane[၇]
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု
21° 10′ 44″
317.68143°
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု
52.88650°
Albedo0.170 (geometric)[၈]
0.25 (Bond)[၇]
မျက်နှာပြင် အပူချိန်အနည်းဆုံးပျမ်းမျှအများဆုံး
Kelvin130 K210 K[၇]308 K
Celsius−143 °C[၁၀]−63 °C35 °C[၁၁]
မြင်သာသော ပမာဏ
+1.6 to −3.0[၉]
ထောင့်ဖြတ်အချင်း
3.5–25.1″[၇]
လေထု[၇][၁၂]
မျက်နှာပြင် လေထုဖိအား
0.636 (0.4–0.87) kPa
၀.၀၀၆၂၈ standard atmosphere
လေထု၌ ဓာတုပါဝင်နှုန်း

ပုံပန်းသဏ္ဌာန်

နေရာတကာတွင် ကျောက်သားတို့ဖြင့် ပြည့်နေသော မျက်နှာပြင်ဓာတ်ပုံ (ပတ်ဖိုင်ဒါအင်္ဂါဂြိုဟ်သွားယာဉ်)

အင်္ဂါဂြိုဟ်တွင် ဖိုဘော့စ် (Phobos) နှင့် ဒေမော့စ် (Deimos) ဟု ခေါ်သော ဂြိုဟ်ရံလ ၂စင်းရှိသည်။ အင်္ဂါဂြိုဟ်ကို ကျောက်ဆိုင်ကျောက်သားတို့ဖြင့် တည်ဆောက်ထားသည်။ အင်္ဂါဂြိုဟ်၏ မြေကြီးအရောင် အနီရောင်ဖြစ်ရခြင်းမှာ ဖုံမှုန့်များနှင့် ကျောက်သားအတွင်းရှိ သံအောက်ဆိုက်ဒ်(သံချေး) တို့ကြောင့်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏လေထုမှာ သေးငယ်ပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်တို့ဖြင့် လွှမ်းခြုံထားသည်။ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့တွင် ရေခဲအချို့ရှိပြီး ခဲနေသော ကာဘွန်ဒိုင်အောက်ဆိုဒ်များလည်းရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ယခုလက်ရှိအချိန်၌ ဝင်ရိုးစွန်းဒေသများမှအပ ရေမရှိပေ။ သို့သော် သိပ္ပံပညာရှင်တို့က တစ်ချိန်က ရေရှိခဲ့ဖူးသည် ဟု ယူဆကြသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို NASA က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။

အင်္ဂါဂြိုဟ်၏ အပေါ်ယံလွှာမြေသားသည် ပျမ်းမျှအားဖြင့် ၅၀ကီလိုမီတာ(၃၁မိုင်)မျှထူထပ်ပြီး အထူထပ်ဆုံးနေရာတွင် ၁၂၅ကီလိုမီတာ(၇၈မိုင်) မျှထူထပ်သည်။ ကမ္ဘာမြေ၏ အပေါ်ယံလွှာမြေသားမှာ ပျမ်းမျှအားဖြင့် ၄၀ကီလိုမီတာ(၂၅မိုင်)မျှထူထပ်သဖြင့် အင်္ဂါဂြိုဟ်နှင့် ကမ္ဘာတို့၏အရွယ်အစားကို ထည့်တွက်နှိုင်းယှဉ်ပါက အင်္ဂါဂြိုဟ်မြေသားထက် ၃ ဆမျှသေးငယ်သည်။

အင်္ဂါဂြိုဟ်ရှိ သက်ရှိများ၊ ရာသီဥတု၊ ရေ နှင့် လေထု

အင်္ဂါဂြိုဟ်သည် နေအဖွဲ့အစည်းတွင် ကမ္ဘာနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် လူသားတို့က သက်ရှိများရှိနိုင်မရှိနိုင် မေးခွန်းထုတ်ကြသည်။ နေအဖွဲ့အစည်းမှ အခြားဂြိုဟ်များနှင့် နှိုင်းယှဉ်လျှင် ရာသီဥတုများမှာ အတူဆုံးဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဝင်ရိုးပေါ်၌ တိမ်းစောင်းသော ဒီဂရီမှာလည်း ကမ္ဘာနှင့် အတူဆုံးဖြစ်သည်။ သို့သော် အင်္ဂါဂြိုဟ်သည် ကမ္ဘာနှင့်စာလျှင် နေမှပိုဝေးသဖြင့် ရာသီဥတုများမှာ ကမ္ဘာထက်ပို၍ ရှည်ကြာသည်။ ရလဒ်အားဖြင့် အင်္ဂါဂြိုဟ်၏ နှစ်တစ်နှစ်မှာ ကမ္ဘာ၏နှစ်တစ်နှစ်ထက်ပို၍ ရှည်လျားသည်။အင်္ဂါဂြိုဟ်၏လေထုမှာ ကမ္ဘာ၏လေထုထက်ပို၍ ပါးလွှာသည်။ အံဩစရာကောင်းလောက်အောင်ပင် အင်္ဂါဂြိုဟ်၏ အပူချိန်မှာ ဆောင်းရာသီတွင် ဝင်ရိုးစွန်းဒေသတို့တွင် အနှုတ် ၁၁၃ဒီဂရီဆဲလ်စီးယပ်မျှရှိပြီး နွေရာသီတွင် သုည ဒီဂရီဆဲလ်စီးယပ် မျှရှိသည်။ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနေကြောင်းကို နာဆာ (NASA) က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က အတည်ပြုခဲ့သည်။

လူသိများသော ယဉ်ကျေးမှု

အင်္ဂါဂြိုဟ်နှင့်ပတ်သက်၍ ဇာတ်လမ်းအချို့ကိုရေးခဲ့ကြသည်။ စာရေးဆရာများက အင်္ဂါဂြိုဟ်တွင်နေထိုင်သော အသိဉာဏ်ရှိသော သတ္တဝါများ "Martians" ဟုဖန်တီးရေးသားခဲ့ကြသည်။ ၁၉၃၈ ခုနှစ်တွင် အိတ်ချ်ဂျီဝဲလ်(H. G. Wells) က အင်္ဂါဂြိုဟ်သားတို့ ကမ္ဘာကို တိုက်ခိုက်သည့်အကြောင်းကို The War of the Worlds ဟူသော အမည်ဖြင့် ဝတ္ထုရေးခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အော်ဆန် ဝဲလက်စ် (Orson Welles) က ထိုဇာတ်လမ်းကို အမေရိကန်ပြည်ထောင်စုတွင် ရေဒီယိုမှထုတ်လွှင့်ခဲ့ပြီး လူအများစုက တကယ်ဖြစ်ပျက်နေသည်ဟုထင်ကာ ကြောက်ရွံ့ကြသည်။ ၁၉၁၂ မှစ၍ အက်ဂ်ဂါရိုက်စ်ဘားရော့ဂ် (Edgar Rice Burroughs) က အင်္ဂါဂြိုဟ်ပေါ်ရှိ စွန့်စားခန်းများနှင့် ပတ်သတ်၍ ဝတ္ထုများရေးခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံခန့်အကြာက အင်္ဂါဂြိုဟ်၏အခြေနေအား အနုပညာရှင်မှ ပုံဖော်ထားပုံ

ယနေ့အခြေအနေ

၂၀၀၈ ခုနှစ် မတ်လအချိန်ထိ သိပ္ပံပညာရှင်တို့ အနေဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ ယခုလက်ရှိနေထိုင်သော သို့မဟုတ် မျိုးတုံးပျောက်ကွယ်သွားသော သက်ရှိဟူ၍ မတွေ့ရှိသေးပေ။ အချို့သော လူမပါသော အာကာသယာဉ်များသည် အင်္ဂါဂြိုဟ်သို့ ရောက်ရှိလေ့လာခဲ့ပြီးဖြစ်သည်။ အချို့မှာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်သွားလာခဲ့ကြပြီး အချို့မှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ဆင်းသက်ခဲ့ကြသည်။ အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကို ရိုက်ကူးထားသော ဓာတ်ပုံများကို အချို့သော အာကာသယာဉ်တို့မှ ရိုက်ယူပြီး ကမ္ဘာမြေပြင်သို့ ပြန်လည်ထုတ်လွှတ်ပေးပို့ခဲ့ကြသည်။ အချို့သောလူများက အင်္ဂါဂြိုဟ်ပေါ်သို့ လူများစေလွှတ်ရန်စိတ်ဝင်စားကြသည်။ သို့သော် အာကာသယာဉ်မှူးများအနေဖြင့် အာကာသထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေရမည်ဖြစ်၍ ထိုအကြံအစည်မှာ အကောင်အထည်ပေါ်ရန် ခက်ခဲသည်။ (၂ဝ၂ဝ) ခုနှစ်တွင် နာဆာမှ လူလိုက်ပါသော အာကာသယာဉ်များဖြင့် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများအားစေလွှတ်ရန် ရည်မှန်းထားသည်။ သို့​သော် (၂၀၂၁) ခုနှစ်အထိအ​ကောင်ထည်မ​ပေါ်​သေး​ပေ။NASA တွင်လက်ရှိတွင် (၂၀၂၀-၂၀၂၁) rovers နှစ်ခု (Curiosity and Perseverance)၊ Lander (InSight) နှင့် Mars (အင်္ဂါစပ်) တို့က Mars ၏မျက်နှာပြင်ကိုစူးစမ်းလေ့လာလျက်ရှိသည်။၂၀၂၁ ခုနှစ်မေလတွင်တရုတ်သည်၎င်း၏ Zhurong Mars rover ကိုထိမှန်သောအခါအင်္ဂါဂြိုဟ်ပေါ်တွင်အောင်မြင်စွာဆင်းသက်နိုင်သောဒုတိယမြောက်နိုင်ငံဖြစ်လာသည်။

ဆက်လက်ဖတ်ရှုရန်

ကျမ်းကိုး

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ