အရှေ့အပိတ်အပြန့်သရ

အရှေ့အပိတ်အပြန့်သရ (အင်္ဂလိပ်: close front unrounded vowel, or high front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် i (အီ) သင်္ကေတဖြင့်ပြသည်။ ဤသင်္ကေတသည် အင်္ဂလိပ်အက္ခရာ meet မှ သရသံနှင့် ဆင်တူ၍ အမေရိကန်အင်္ဂလိပ်စကားတွင် long-e ဟူ၍ခေါ်ဆိုသည်။[၁] အင်္ဂလိပ်ဘာသာစကားတွင် ဤသရသံတွင် ထပ်တိုးသံရှိန်ဆွဲ၍ /iː/ (အီး) ဖြင့်ပြသကြသည်။ ထိုအသံကို ပုံမှန်အားဖြင့် လုံချင်းသရသံဖြင့် ထွက်လေ့မရှိဘဲ သရတွဲသံ (diphthong) အနေအထားအနည်းငယ်ပါဝင်အောင် ထွက်ကြသည်။ အချို့ဒေသယိစကားများ၌ ဤအသံကို လုံးချင်းသရသံ သံရင်းအဖြစ် ထွက်ကြသည်ဟု သိရှိရသည်။[၂] လုံးချင်းသရ [i] သံကို ဘာသာစကားများစွာ၌ ကြားရမည်ဖြစ်ပြီး ပြင်သစ်စကားတွင် chic ကို (အီ) အသံဖြင့်ထွက်ကြသည်။

close front unrounded vowel
i
IPA Number301
Encoding
Entity (decimal)i
Unicode (hex)U+0069
X-SAMPAi
Braille⠊ (braille pattern dots-24)

အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း  ဝိုင်းခြင်း ဖြစ်သည်။

ယခုဖာ်ပြထားသော အရှေ့ပိတ်အပြန့်သရနှင့် ခပ်နီးနီးတူသည့် အသံမှာ သရတစ်ဝက် ဗျည်းတစ်ဝက် အာခေါင်သံ (palatal approximant) [j] (-ယ်) သံဖြစ်သည်။ ထိုအသံနှစ်ခုမှာ ပုံပန်းသဏ္ဌာန်အရ အချိုးညီလုနီးပါးဖြစ်သည်။ ပြင်သစ်နှင့် အချို့သော ဘာသာစကားများ၏ သရတွဲသံများတွင် ထိုနှစ်လုံးသည် အပြောင်းအလဲရှိကြ၍ တူညီသောအသံထွက်ရှိရန် [i̯] နှင့် [j] ဟူ၍ မတူညီသော အသံဖလှယ်မှု စနစ်ဖြင့် ပြသအသုံးပြုကြသည်။

လက်တင်အက္ခရာအသုံးပြုသော ဘာသာစကားများတွင် ⟨i⟩ ဖြင့်ပြသသော်လည်း ခြွင်းချက်ရှိရာ အင်္ဂလိပ်စကားတွင် ထိုအက္ခရာသင်္ကေတကို bite/aɪ/bit/ɪ/ အဖြစ်ရေးသားကြ၍ /iː/ အသံကို ရေးသားရာ၌ ⟨e⟩, ⟨ea⟩, ⟨ee⟩, ⟨ie⟩ or ⟨ei⟩ ဟူ၍ ရေးသားကြပြီး ဥပမာစကားလုံးများမှာ scene, bean, meet, niece, conceive တို့ဖြစ်ကြသည်။

မြန်မာစကား

မြန်မာဘာသာစကားရှိ သရသံများစွာထဲက အီ သရသံနှင့် လွန်စွာနီးကပ်သည်။ ဒန်းညာ ဂျုံးဇ်၏ အခြေခံသရ ရှစ်ခုထဲမှ i သရထက် မြန်မာတို့က လျှာကို အနည်းငယ်နိမ့်၍ အနောက်သို့အနည်းငယ်ထားကာ ထွက်လေ့ရှိပြီး နှုတ်ခမ်းပုံစံမှာ မပြန့်မဝိုင်း အနေအထားဖြစ်သည်။ သရသံတစ်ခုတည်းဖြင့်သာ ပြောဆို၍ သရတွဲသံမထွက်ရှိရချေ။[၃]

အင်္ဂါရပ်

  • ယခုဖော်ပြပါ (အီ) သရ၌ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
  • လျှာ၏ အနေအထားမှာ ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။
  • အပြန့်သရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ မပြုလုပ်ရပေ။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ