အလန် ကျူးရင်း

အလန် မတ်သီဆွန် ကျူရင်း (အင်္ဂလိပ်: Alan Mathison Turing/ˈtjʊərɪŋ/၊ ၂၃ ရက် ဇွန်လ ၁၉၁၂ ခုနှစ် - ၇ ရက် ဇွန်လ ၁၉၅၄ ခုနှစ်) သည် ဗြိတိန်လူမျိုး ကွန်ပြုတာသိပ္ပံ စွန့်ဦးတီထွင်သူ၊ သင်္ချာပညာရှင်၊ ယုတ္တိဗေဒပညာရှင်၊ ဝှက်စာပညာရှင်နှင့် ဇီဝဗေဒပညာတွင် အသုံးချသင်္ချာပညာရှင် ဖြစ်သည်။ သူသည် ယနေ့ခေတ် ကွန်ပြုတာသိပ္ပံပညာရပ်တွင် များစွာ လွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်ဖြစ်ပြီး သူတီထွင်ခဲ့သော ကျူးရင်းမက်ရှင်း၏ အယ်ဂိုရစ်သမ်နှင့် တွက်ချက်မှု သဘောတရား အနှစ်သာရသည် ယနေ့ခေတ် ကွန်ပြုတာလောကကို များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုကျူးရင်းမက်ရှင်းသည် ယနေ့ခေတ်ကွန်ပြုတာများ၏ ကနဦးပုံစံဖြစ်ခဲ့သည်။ ထိုကြောင့် ကျူးရင်းကို အသွင်ယောင် အသိဉာဏ် နှင့် ကွန်ပြုတာသိပ္ပံ၏ ဖခင်အဖြစ် မှတ်ယူနိုင်ပေသည်။[၅] [၆]

အလန် ကျူးရင်း
အင်္ဂလိပ်: Alan Turing
Turing in 1936
မွေးဖွားAlan Mathison Turing
(1912-06-23)၂၃ ဇွန်၊ ၁၉၁၂
မေဒါဗေးလ်၊ လန်ဒန်၊ အင်္ဂလန်
ဆုံးပါး၇ ဇွန်၊ ၁၉၅၄(1954-06-07) (အသက် ၄၁)
Wilmslow, Cheshire, England
အငြင်းပွါးဖွယ် (ဆိုက်ယာနိုက်အဆိပ်သင့်ခြင်း သို့မဟုတ် သေကြောင်းကြံစည်ခြင်း)[note ၁]
နယ်ပယ်
အဖွဲ့အစည်းဌာန
မိခင်ကျောင်း
ဘွဲ့ယူစာတမ်းSystems of Logic Based on Ordinals (1938)
ပါရဂူဘွဲ့ ကြီးကြပ်သူAlonzo Church[၂]
ပါရဂူဘွဲ့ယူ တပည့်များ
ကျော်ကြားမှုအရင်းခံ
  • Cryptanalysis of the Enigma
  • Turing's proof
  • Turing machine
  • Turing test
  • Unorganised machine
  • Turing pattern
  • Turing reduction
  • "The Chemical Basis of Morphogenesis"
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များSmith's Prize (1936)
လက်တွဲဖော်Joan Clarke[note ၂]
လက်မှတ်

ဒုတိယကမ္ဘာစစ်အတွင်း ကျူးရင်းသည် ဗြိတိသျှဝှတ်စာဖော်ထုတ်ရေးစင်တာဖြစ်သော ဘလက်ချလေပန်းခြံရှိ အစိုးရဆိုင်ရာ ဝှက်စာနှင့်သင်္ကေတကျောင်း Government Code and Cypher School (GS&CS) တွင် အလုပ်လုပ်ခဲ့ပြီး Hut 8 ကို ဦးဆောင်ခဲ့သည်။ ထိုအဖွဲ့သည် ဂျာမန်ရေတပ်၏ဝှက်စာကို ချိုးဖျက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဂျာမန်ဝှက်စာတို့ကို ချိုးဖျက်ရန်အတွက် သူသည် နည်းပညာတော်တော်များများ စဉ်းစားတီထွင်ခဲ့သည်။ ထိုအထဲတွင် စစ်ကြိုခေတ်က ပိုလန်လူမျိုးတို့၏ Bomba ကို အဆင့်မြှင့်ထားသည့်နည်းလမ်း၊ အဲနစ်ဂမာမက်ရှင်း၏ Setting ကို ရှာနိုင်သော electromechanical machine တို့ပါဝင်သည်။ ကျူးရင်းသည် ကြားဖြတ်နားထောင်ခဲ့သော ဝှက်စာကြေးနန်းတို့ကို ဖော်ထုတ်ရာတွင် အဓိကကျသော နေရာတွင် ပါဝင်ခဲ့သည်။ ထိုကြိုးပမ်းမှုများကြောင့် အတ္တလန်တိတ်တိုက်ပွဲကဲ့သို့သော အရေးပါသည့်တိုက်ပွဲများတွင် မဟာမိတ်တို့အား အရေးသာစေခဲ့ပြီး နာဇီဂျာမန်တို့အား ရှုံးနိမ့်စေခဲ့သည်။[၇]

စစ်ပြီးသည်နောက်မှာတော့ သူသည် အမျိုးသားရူပဗေဒဆိုင်ရာစမ်းသပ်ရေးဌာနတွင် အလုပ်လုပ်ခဲ့ပြီး အလိုအလျောက်တွက်ချက်နိုင်သည့်စက်ကို ဒီဇိုင်းဆွဲခဲ့သည်။ ၎င်းသည် ပရိုဂရမ်သိမ်းဆည်းနိုင်သော ကွန်ပြုတာတို့၏ ပထမဆုံးဒီဇိုင်းဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် မန်ချက်စတာတက္ကသိုလ်ရှိ မက်ခ်နယူးမန်း၏ တွက်ချက်မှုဆိုင်ရာစမ်းသပ်ရေးဌာနနှင့်ဆက်သွယ်ခဲ့ပြီး မန်ချက်စတာကွန်ပြူတာများ တီထွင်လေ့လာမှုကို တိုးတက်အောင် ကူညီခဲ့လေသည်။[၈]နောက်ပိုင်းတွင် သူသည် သင်္ချာဇီဝဗေဒကို စိတ်ပါဝင်စားလာခဲ့ပြီး Morphogenesis ၏ ဓာတုအခြေခံစာတမ်းငယ်ကို ရေးသားခဲ့သည်။

ကျူးရင်းသည် လိင်တူချင်းကြိုက်နှစ်သက်မှုအက်ဥပဒေအရ ၁၉၅၂ ခုနှစ်တွင် တရားစွဲခြင်းခံခဲ့ရသည်။ ထိုအချိန်က ထိုကဲ့သို့သော အပြုအမူသည် ယူနိုက်တက်ကင်းဒမ်းတွင် ရာဇဝတ်မှု မြောက်ဆဲဖြစ်သည်။ သူသည် ထောင်ဒဏ်အစား ဓာတုနည်းဖြင့် ကုသခြင်းကို ရွေးချယ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ကျူးရင်းကွယ်လွန်ခဲ့သည်။ ထိုနေ့သည် ၄၂ နှစ်မြောက်မွေးနေ့မတိုက်မီ ၁၆ ရက်နေ့အလိုဖြစ်ပြီး ဆိုင်ယမ်နိုက်အဆိပ်သင့်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေမှုသေခင်းစစ်ဆေးသူ၏ ဆုံးဖြတ်ချက်အရ သူသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် တွေ့ရှိရသော သက်သေ များအရ ၎င်းအဖြစ်အပျက်သည် မတော်မဆ အဆိပ်သင့်ခြင်းနှင့်လည်း တူညီနေသည်။[၉] ၂၀၀၉ ခုနှစ်တွင် အင်တာနက်ကန်ပိန်းအရ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် “သူကိုဆိုးရွားသောနည်းလမ်းဖြင့် ကုသခဲ့မှု” အပေါ် ဗြိတိသျှအစိုးရအစား တရားဝင်လူထုတောင်းပန်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဒုတိယအဲလီဇဘတ်ဘုရင်မကြီးကလည်း ၂၀၁၃ ခုနှစ်တွင် သူ့အား ကွယ်လွန်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသနားခဲ့သည်။[၁၀][၁၁]

ကိုးကား

မှတ်စုများ

ကိုးကားချက်များ

ကိုးကားထားသော ကောက်နှုတ်ချက်များ

ပိုမိုလေ့လာနိုင်ရန် အကြောင်းအရာများ

ဆောင်းပါးများ

စာအုပ်များ

  • Agar၊ Jon (2001)။ Turing and the Universal Machine။ Duxford: Icon။ ISBN 978-1-84046-250-0
  • Agar၊ Jon (2003)။ The government machine: a revolutionary history of the computer။ Cambridge, Massachusetts: MIT Press။ ISBN 978-0-262-01202-7
  • Babbage၊ Charles (1864)။ Campbell-Kelly၊ Martin (ed.)။ Passages from the life of a philosopher။ Rough Draft Printing (published 2008)။ ISBN 978-1-60386-092-5
  • Beniger၊ James (1986)။ The control revolution: technological and economic origins of the information society။ Cambridge, Massachusetts: Harvard University Press။ ISBN 978-0-674-16986-9
  • Bernhardt၊ Chris (2017)။ Turing's Vision: The Birth of Computer Science။ MIT Press။ ISBN 978-0-262-53351-5
  • Bodanis၊ David (2005)။ Electric Universe: How Electricity Switched on the Modern World။ New York: Three Rivers Press။ ISBN 978-0-307-33598-2။ OCLC 61684223
  • Bruderer၊ Herbert (2012)။ "Die Maschinen von Charles Babbage, Alan Turing und John von Neumann"။ Konrad Zuse und die Schweiz. Wer hat den Computer erfunden? (ဂျာမန်ဘာသာစကားဖြင့်)။ München: Oldenbourg Wissenschaftsverlag။ doi:10.1524/9783486716658ISBN 978-3-486-71366-4
  • Campbell-Kelly၊ Martin; Aspray၊ William (1996)။ Computer: A History of the Information Machine။ New York: Basic Books။ ISBN 978-0-465-02989-1
  • Ceruzzi၊ Paul E. (1998)။ A History of Modern Computing။ Cambridge, Massachusetts, and London: MIT Press။ ISBN 978-0-262-53169-6
  • Chandler၊ Alfred (1977)။ The Visible Hand: The Managerial Revolution in American Business။ Cambridge, Massachusetts: Belknap Press။ ISBN 978-0-674-94052-9
  • Cooper၊ S. Barry; van Leeuwen၊ Jan (2013)။ Alan Turing: His Work and Impact။ New York: Elsevier။ ISBN 978-0-12-386980-7
  • Copeland၊ B. Jack, ed. (2005)။ Alan Turing's Automatic Computing Engine။ Oxford: Oxford University Press။ ISBN 978-0-19-856593-2။ OCLC 224640979
  • Copeland၊ B. Jack; Bowen၊ Jonathan P.; Wilson၊ Robin; Sprevak၊ Mark (2017)။ The Turing GuideOxford University PressISBN 978-0-19-874783-3
  • Dyson၊ George (2012)။ Turing's Cathedral: The Origins of the Digital Universe။ Vintage။ ISBN 978-1-4000-7599-7
  • Edwards၊ Paul N (1996)။ The closed world: computers and the politics of discourse in Cold War America။ Cambridge, Massachusetts: MIT Press။ ISBN 978-0-262-55028-4
  • Gleick၊ James (2011)။ The Information: A History, a Theory, a Flood။ New York: Pantheon။ ISBN 978-0-375-42372-7
  • Hochhuth၊ Rolf (1988)။ Alan Turing: en berättelse။ Symposion။ ISBN 978-91-7868-109-9
  • Hodges၊ Andrew (2014)။ Alan Turing: The Enigma။ Princeton University Press။ ISBN 978-0-691-16472-4 (originally published in 1983); basis of the film The Imitation Game
  • Levin၊ Janna (2006)။ A Madman Dreams of Turing Machines။ New York: Knopf။ ISBN 978-1-4000-3240-2
  • Lubar၊ Steven (1993)။ Infoculture။ Boston, Massachusetts and New York: Houghton Mifflin။ ISBN 978-0-395-57042-5
  • Petzold၊ Charles (2008)။ The Annotated Turing: A Guided Tour through Alan Turing's Historic Paper on Computability and the Turing Machine။ Indianapolis: Wiley Publishing။ ISBN 978-0-470-22905-7
  • Smith၊ Roger (1997)။ Fontana History of the Human Sciences။ London: Fontana။
  • Turing၊ Sara Stoney (1959)။ Alan M Turing။ W Heffer။ Turing's mother, who survived him by many years, wrote this 157-page biography of her son, glorifying his life. It was published in 1959, and so could not cover his war work. Scarcely 300 copies were sold (Sara Turing to Lyn Newman, 1967, Library of St John's College, Cambridge). The six-page foreword by Lyn Irvine includes reminiscences and is more frequently quoted. It was re-published by Cambridge University Press in 2012, to honour the centenary of his birth, and included a new foreword by Martin Davis, as well as a never-before-published memoir by Turing's older brother John F. Turing.
  • Turing၊ Sara (2012)။ Alan M. TuringCambridge University PressISBN 978-1-107-02058-0 (originally published in 1959 by W. Heffer & Sons, Ltd)
  • Weizenbaum၊ Joseph (1976)။ Computer Power and Human Reason။ London: W.H. Freeman။ ISBN 0-7167-0463-3
  • Whitemore၊ Hugh; Hodges၊ Andrew (1988)။ Breaking the code။ S. French။ This 1986 Hugh Whitemore play tells the story of Turing's life and death. In the original West End and Broadway runs, Derek Jacobi played Turing and he recreated the role in a 1997 television film based on the play made jointly by the BBC and WGBH, Boston. The play is published by Amber Lane Press, Oxford, ASIN: B000B7TM0Q
  • Williams၊ Michael R. (1985)။ A History of Computing Technology။ Englewood Cliffs, New Jersey: Prentice-Hall။ ISBN 0-8186-7739-2
  • Yates၊ David M. (1997)။ Turing's Legacy: A history of computing at the National Physical Laboratory 1945–1995။ London: London Science Museum။ ISBN 978-0-901805-94-2။ OCLC 123794619

အခြားလင့်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ