အိမ်

အိမ်သည် လူနေထိုင်ကာ အနယူခြင်နှင့် အလုပ်ကိစ္စများ ဥပမာ "ချက်ပြုတ်ခြင်" ပြုလုပ်နိုင်သည့် အဆောက်အဦ ဖြစ်သည်။ အိမ်များကို သစ်သားများ၊ အုတ်များ၊ ကွန်ကရစ်များနှင့် အခြားသော ပစ္စည်းများဖြင့် ဆောက်လုပ်ကြသည်။ အိမ်တစ်လုံးတွင် ရေပိုက်ဆက်သွယ်မှုစနစ်၊ လေဝင်လေထွက်စနစ်နှင့် လျှပ်စစ်နှင့် ဆက်ဆိုင်သည့် စနစ်များကိုလည်း တပ်ဆင်ကြသည်။ မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း စသည်တို့မှ ကာကွယ်ရန် အိမ်များတွင် မတူညီကြသည့် ခေါင်မိုးပုံစံများကို အသုံးပြုကြသည်။ ခေတ်သစ်အနောက်တိုင်းပုံစံအိမ်များတွင် အိပ်ခန်းများ၊ ရေချိုးခန်းများသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်လေ့ ရှိသည်။ ထို့ပြင် မီးဖိုချောင် သို့မဟုတ် ချက်ပြုတ်ရန် နေရာ၊ ဧည့်ခန်းများလည်း ပါဝင်ကြသည်။ အိမ်တစ်ခုတွင် သီးခြား ထမင်းစားခန်းတစ်ခုလည်း ပါဝင်သည်။ ထမင်းစားသည့် နေရာသည် သီးသန့်မပါဝင်သည့်အခါတွင် အခြားအခန်းတစ်ခုနှင့် တွဲကာ ပါဝင်သည်။ သမားရိုးကျစိုက်ပျိုးရေးပြုလုပ်သည့် လူနေမှုအဖွဲ့အစည်းတွင် အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် ကြက်များ၊ နွားများကိုလည်း အိမ်များတွင် ထားကြသည်။ အိမ်တစ်ခုတွင် နေထိုင်ကြသည့် သူများကို အိမ်ထောင်စုဝင်များ ခေါ်ဝေါ်ကြသည်။

ကင်းဝန်မင်းကြီး ဦးကောင်း၏ နေအိမ်

များသောအားဖြင့် အိမ်ထောင်စုတစ်ခုသည် မိသားစုဝင်များ ဖြစ်သည်။ အချို့သောအိမ်များသည် မိသားစုဝင်တစ်ခုအတွက် သေးငယ်သည့် နေရာကလေးသာ ရှိသည်။ အချို့သော အိမ်များသည် မိသားစုဝင်အများအပြား နေနိုင်သည့် နေရာရှိသည်။ အိမ်များတွင် ထမင်းစားရန် နေရာ၊ အနားယူရန် နေရာများလည်း ပါဝင်လေ့ ရှိသည်။[၁][၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ