၂ ဇွန်
ဇွန်လ၊ (၂)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၅၃)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၁၅၄)ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၂၁၂) ရက် ကျန်သေးသည်။
ဖြစ်စဉ်များ
သမိုင်းဦးကာလမှ ၁၆၀၀ ခုနှစ်ထိ
- ၄၅၅ – ရောမမြို့ သိမ်းပိုက်ဖျက်ဆီးခြင်း: ဗန်ဒယ်လူမျိုးများ ရောမမြို့အတွင်းသို့ဝင်ရောက်၍ မြို့အား သီတင်းနှစ်ပတ်အကြာ လုယက်ဖျက်ဆီးခဲ့ကြသည်။[၁]
- ၁၀၉၈ – ပထမ ခရူးဆိတ်စစ်ပွဲ: ခရူးဆိတ်တပ်ဖွဲ့များ၏ ပထမအကြိမ် အန်တီရော့မြို့အား သိမ်းပိုက်ခြင်း ပြီးဆုံးခဲ့ပြီး မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယအကြိမ် မြို့သိမ်းတိုက်ပွဲအား ရက်အနည်းငယ်အကြာတွင်ပင် ပြန်လည်ဆင်နွှဲခဲ့ရသည်။[၂]
၁၆၀၁ ခုနှစ်မှ ၁၉၀၀ ခုနှစ်ထိ
- ၁၆၁၅ – ပထမဆုံးသော Récollet သာသနာပြုအဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ရူအန်မြို့မှ ကွီးဘက်မြို့သို့ ရောက်ရှိလာခဲ့သည်။[၃]
- ၁၆၇၆ – ပြင်သစ်-ဒတ်ချ်စစ်ပွဲ: ပြင်သစ်သည် ပါလာမိုတိုက်ပွဲတွင် အနိုင်ရရှိခဲ့ရာ ၎င်း၏ ရေတပ်အင်အားကြီးမှုကို သေချာစေခဲ့သည်။[၄]
- ၁၆၉၂ – မန်ဆာချူးဆက်ပြည်နယ်၊ ဆေးလမ်မြို့တွင် Bridget Bishop သည် စုန်းကဝေအတက် တက်မြောက်ရန် ကြိုးပမ်းအားထုတ်သော ပထမဆုံးသူအဖြစ် အစစ်ဆေးခံခဲ့ရပြီး ပြစ်မှုထင်ရှားသဖြင့် ကြိုးပေးအပြစ်ပေးခဲ့သည်။
- ၁၇၆၃ – ပွန်တီအက် ပုန်ကန်မှု: ယနေ့ခေတ် မီချီဂန်ပြည်နယ်၊ မက်ကီနောမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချစ်ပီဝါ(အိုဂျီဘွေ)လူမျိုးတို့သည် လက်ခရော့ဂိမ်းကစားပြီး ဘောလုံးအား ခံတပ်တွင်း လိုက်ကောက်သည့်ဟန်ဖြင့် ခံတပ်အစောင့်များအား အာရုံလွဲပြီး မီချီလီမာကီနော့ခံတပ်အား သိမ်းပိုက်ခဲ့ကြသည်။
- ၁၇၇၄ – Intolerable Acts: နေရာချထားရေးဥပဒေအား ထုတ်ပြန်ခဲ့ပြီး သင့်လျော်သော စခန်းချနေရာ ထောက်ပံ့ပေးနိုင်ခြင်းမရှိပါက အမေရိကား ကိုလိုနီနယ်မှ ဘုရင်ခံများသည် ဗြိတိသျှစစ်သားများအား မနေထိုင်သည့်အိမ်များ၊ အိမ်ဝန်းရှိ အခြားအဆောင်များ၊ ကျီများ သို့မဟုတ် အခြားသော အဆောက်အဦများတွင် နေထိုင်ခွင့် ပြုစေခဲ့သည်။
- ၁၇၉၃ – ပြင်သစ် တော်လှန်ရေး: ပဲရစ်အမျိုးသားအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဖရန်စစ် ဟန်ရီရော့ သည် ဂျင်း ပေါ မာရတ် ရွေးချယ်ထားသော ဂီရွန်ဒန် ၂၂ ဦးအား ဖမ်းဆီးခဲ့သည်။
- ၁၈၀၅ – နပိုလီယံခေတ် စစ်ပွဲများ: ပြင်သစ်-စပိန် သင်္ဘောစုသည် ပြင်သစ်ခံတပ်မြို့ တည်ရှိရာ ပင်လယ်သို့သွားရာ ဝင်ပေါက်ဖြစ်သည့် လူနေထိုင်ခြင်းမရှိသော ကျွန်းဖြစ်သည့် ဒိုင်းမွန်းရော့ခ်ကျွန်းအား ပြန်လည်သိမ်းယူခဲ့သည်။
- ၁၈၃၅ – ဖင်နီးယပ် တေလာ ဘန်နမ်နှင့် သူ၏ဆပ်ကပ်အဖွဲ့သားများသည် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးသော ဖျော်ဖြေရေးခရီးစဉ် စတင်ခဲ့သည်။
- ၁၈၄၈ – ပရက်ဂ်မြို့တွင် ဆလာ့ဗစ် ကွန်ဂရက် စတင်ကျင်းပခဲ့သည်။
- ၁၈၆၆ – ဖင်နီယန် ညီအကိုများအဖွဲ့သည့် ကနေဒါတပ်များအား ရစ်ဂျဝေးနှင့် အီရီခံတပ်တိုက်ပွဲတို့ ရှုံးနိမ်စေခဲ့သော်လည်း စီးနင်းမှုသည် များမကြာမီအချိန်အတွင်း ပြီးဆုံးသွားစေခဲ့သည်။
- ၁၈၉၆ – ဂူဂလီရယ်မို မာကိုနီသည် သူ၏ ကြိုးမဲ့ကြေးနန်းအတွက် မူပိုင်ခွင့်မှတ်ပုံတင်ကို လျှောက်ထားခဲ့သည်။
၁၉၀၁ ခုနှစ်မှ ယနေ့ထိ
- ၁၉၀၉ – အဲဖရက် ဒီကင်သည် ဩစတေးလျနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ် ထမ်းဆောင်ခဲ့သည်။
- ၁၉၁၀ – Rolls-Royce Limited အား ပူးတွဲတည်ထောင်ခဲ့သူ ချားလ် ရိုးလ်သည် အင်္ဂလိပ် ရေလက်ကြားအား ဖြတ်သန်းပြီး မရပ်မနား နှစ်ကျော့ဖြတ်သန်းခဲ့သော ပထမဆုံးလူဖြစ်သည်။
- ၁၉၁၉ – မင်းမဲဝါဒီသမားများသည် မတူညီသော အမေရိကန်မြို့ကြီးများရှိ နေရာ ၈ နေရာအား ဗုံးဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်။
- ၁၉၂၄ – အမေရိကန်သမ္မတ ကယ်လ်ဗင် ကူးလစ်ဂျ် သည် အမေရိကန်ပြည်ထောင်စု၏ နယ်နိမိတ်အတွင်း မွေးဖွားသော မူလအမေရိကန်တိုင်းရင်းသားအားလုံးအား နိုင်ငံသားဖြစ်ခွင့်ပြုသော အင်ဒီးယန်း နိုင်ငံသားဥပဒေအား ဥပဒေအဖြစ် လတ်မှတ်ရေးထိုးပေးခဲ့သည်။
မွေးဖွားသူများ
- ၁၈၄၀ – သောမတ်စ် ဟာဒီ၊ အင်္ဂလိပ်လူမျိုး စာရေးဆရာနှင့် ကဗျာဆရာ (၁၉၂၈ ကွယ်လွန်)
ကွယ်လွန်သူများ
ပွဲတော်ရက်များ
ပြင်ပလင့်ခ်များ
ကိုးကား
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ