ကာလဝမ်းရောဂါကာကွယ်ဆေး

ကာလဝမ်းရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Cholera vaccine)သည် ကာလဝမ်းရောဂါကို ကာကွယ်ရာတွင် အကျိုးသက်ရောက်မှုရှိသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ပထမ(၆)လအတွင်းတွင် (၈၅)ရာခိုင်နှုန်းခန့် အကျိုးသက်ရောက်မှုရှိပြီး ပထမတစ်နှစ်တွင် (၅၀-၆၀)ရာခိုင်နှုန်းခန့် ကာကွယ်မှုပေးနိုင်သည်။[၁][၂][၃] (၂) နှစ်နောက်ပိုင်းတွင် အကျိုးသက်ရောက်မှုမှာ (၅၀)ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားသည်။ လူထုတစ်ရပ်အတွင်းရှိ သိသာထင်ရှားသော လူဦးရေပမာဏကို ကာကွယ်ဆေးထိုးပေးပြီး အုပ်စုလိုက်ခုခံအားရရှိခြင်း(herd immunity)ဖြင့်လည်း ၎င်းလူထုအတွင်းရှိ ကာကွယ်ဆေးမထိုးရသေးသောလူများကိုပါ ကာကွယ်နိုင်သည်။ ကာလဝမ်းရောဂါဖြစ်နိုင်ခြေရှိသူများတွင် ဤကာကွယ်ဆေးကို အခြားဆောင်ရွက်မှုများနှင့်ပေါင်းစပ်၍ အသုံးပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ ပုံမှန်အားဖြင့် ဤကာကွယ်ဆေးကို သောက်ဆေးအနေဖြင့် (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်သောက်သုံးရန် အကြံပြုထားသည်။[၁] ထိုးဆေးအနေဖြင့် အချို့နိုင်ငံများတွင်သာ ရရှိနိုင်သည်။[၂][၁]

သောက်ဆေး(၂)မျိုးရှိပြီး (၂)မျိုးလုံးမှာ ယေဘုယျအားဖြင့် စိတ်ချရသည်။ ဗိုက်အနည်းငယ်နာခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်နေသူများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင် စိတ်ချစွာ သုံးစွဲနိုင်သည်။ ဤကာကွယ်ဆေးကို နိုင်ငံပေါင်း(၆၀)ကျော်တွင် အသုံးပြုရန် လိုင်စင်တင်ထားပြီးဖြစ်သည်။ ကာလဝမ်းရောဂါအဖြစ်များသောနိုင်ငံများတွင် ဤကာကွယ်ဆေးကို အသုံးပြုခြင်းသည် ကုန်ကျမှုနည်းပြီး အကျိုးသက်ရောက်မှုအများအပြားရှိသည်။[၁]

ကာလဝမ်းရောဂါကို ကာကွယ်နိုင်သည့် ပထမဆုံးဆေးကို (၁၈၀ဝ) ခုနှစ်နောက်ပိုင်းတွင် ပြုလုပ်နိုင်ခဲ့သည်။ ၎င်းဆေးမှာ ဓာတ်ခွဲခန်းတွင် ပြုလုပ်သော ကာကွယ်ဆေးများထဲတွင် ပထမဆုံးကျယ်ပြန့်စွာသုံးခဲ့သော ကာကွယ်ဆေးဖြစ်သည်။[၄] သောက်ဆေးအနေဖြင့် (၁၉၉၀) နှစ်ပိုင်းတွင် ပထမဆုံးစတင်အသုံးပြုခဲ့သည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၅] ကာလဝမ်းရောဂါကို ကာကွယ်ရန် (ဝ.၁-၄.ဝ) ဒေါ်လာခန့် ကုန်ကျသည်။[၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ