ကြယ်ပုညို

ကြယ်ပုညို ဆိုသည်မှာ ဂျူပီတာဂြိုဟ်အရွယ်အစားထက် ပိုကြီးကာ အသေးဆုံးကြယ်ထက် ပိုသေးပြီး ယင်းတို့ကြားရှိ နက္ခတ္တဆိုင်ရာ အရာဝတ္ထုတစ်ခုဟု ဆိုနိုင်သည်။[၁] ယင်းတို့အား ကြယ်ဟု မခေါ်ဆိုနိုင်သကဲ့သို့ ဂြိုဟ်ဟုလည်း မသတ်မှတ်နိုင်ပေ။ ကြယ်ပုညိုများသည် သာမန်ကြယ်များကဲ့သို့ ဟိုက်ဒရိုဂျင်-၁ ဖျူးရှင်းအား မလောင်ကျွမ်းစေနိုင်ပေ။ ကြယ်များအား အမျိုးအစားအဖြစ် စတီလာပုံစံဖြင့် ခွဲခြားပြီး ဂြိုဟ်များအား M, L, T, Y စသည်ဖြင့် ခွဲခြားသည်။[၂][၃] ကြယ်ပုညိုဟု အမည်နာမ တပ်ခေါ်ကြသော်လည်း ယင်းတို့၏အရောင်သည် ကွဲပြားကြသည်။[၂]ကြယ်ပုညိုများ၏အရောင်သည် လူသားတို့မျက်လုံးတွင် လိမ္မော်ရောင်/အဝါရောင် ဖြစ်နိုင်သည်။[၄] ကြယ်ပုညိုများသည် မြင်နိုင်သောလှိုင်းအလျားထဲတွင် များစွာတောက်ပခြင်း မရှိကြပေ။ ကြယ်ပုညိုကဲ့သို့သော အရာဝတ္ထုများအားလှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသေးသည်။ အလင်းနှစ် ၆.၅ အကွာတွင် တည်ရှိသော Luhman 16 သည် ၂ဝ၁၃ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် ကြယ်ပုညိုတစ်စင်းဖြစ်သည်။ ကြယ်ပုညိုတို့၏ အရွယ်အစား အစရှိသည်တို့အား အခြေခံကာ များစွာသောအမျိုးအစားအဖြစ် ထပ်မံကွဲပြားသေးသည်။ ကြယ်ပုညိုအနီးအနားတွင် လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်များတွင် သက်ရှိများရှင်သန်ရန်မူ မလွယ်ကူပေ။[၅]

ကြယ်ပုညိုအား အနုပညာရှင်မှ ပုံဖော်ချက်
ကြယ်ပုညို၏ အရွယ်အစားအား နှိုင်းယှဉ်ပြထားပုံ။ နေအား စကေးကျကျဆွဲထားခြင်းမဟုတ်ပေ၊ ပိုကြီးပေလိမ့်မည်။

အခြားကြည့်ရန်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ