ဂျုန်းအော့အတ်

ပြင်သစ်လယ်သူမ အမျိုးသမီးတစ်ဦးဖြစ်၍ ၁၄၁၂-ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် မီးယူးမြစ်ကမ်း၊ ဒွမ်ရဲမီမြို့တွင် ဖွားမြင်သည်။ ဘာသာရေး ကိုင်းရှိုင်း၍ ရိုးသားသည်။ သူသည် ငယ်စဉ်ကပင် စစ်တပ်ကို ဦးဆောင်ရန် စိတ်ထက်သန်၍ ဘုရင်ထံ အရောက်သွားကာ အမိန့်ခံကာ နယူးအော်လင်မြို့မှ အင်္ဂလိပ်များကို တိုက်ထုတ်ခဲ့သည်။ ၁၀၃၀ တွင် အဖမ်းခံရပြီး တစ်သက်တစ်ကျွန်း ဒဏ်ခံခဲ့ရသည်။ သို့ရာတွင် အင်္ဂလိပ်များက စုန်းမဟု စွပ်စွဲကာ သေဒဏ်ပေးရန် တောင်းဆိုသဖြင့် ၁၄၃၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ရိုအင်မြို့၌ မီးရှို့ကွက်မျက်ခြင်း ခံရသည်။[၃]

စိန့်

ဂျုန်းအော့အတ် (Joan of Arc)
An image of a woman dressed in silver armor, holding a sword and a banner.
Historiated initial depicting Joan of Arc (dated to the second half of the 15th century, Archives Nationales, Paris, AE II 2490)[မှတ်စု ၁]
Virgin
မွေးဖွားc. 1412
Domrémy, Duchy of Bar, Kingdom of France
ကွယ်လွန်30 May 1431 (c. age 19)
  • Rouen, Normandy
  • (then under English rule)
သူတော်စင်အဖြစ် ပူဇော်
  • Roman Catholic Church
  • Anglican Communion[၂]
သူတော်စင်အဖြစ် ပုပ်ရဟန်းမင်း ထောက်ခံ18 April 1909 by Pope Pius X
သူတော်စင်အဖြစ် စာရင်းသွင်း16 May 1920 by Pope Benedict XV
ပွဲတော်30 May
အားပေးမှုFrance
Signature
Signature

၁၅ ရာစုနှစ်အတွင်းက ပြင်သစ်နိုင်ငံကို အင်္ဂလိပ်တို့၏ ဘေးမှ ကယ်တင်လိုက်သော ပြင်သစ်အမျိုးသမီး သူရဲကောင်း အာဇာနည်မှာ ဂျုန်းဖြစ်သည်။ ဂျုန်းမှာကမ္ဘာပေါ်တွင် ရှိခဲ့သမျှ အမျိုးသမီးများတွင် အထင်အရှားဆုံးတစ်ယောက်ဖြစ်၍ သူ၏ အတ္ထုပ္ပတ္တိမှာလည်း မယုံနိုင်လောက်အောင်ပင် ထူးခြားသည်။ သူ၏အမည်မှာ ပြင်သစ်ဘာသာဖြင့် 'ဇန်းဒါ့'ဟု ခေါ်ဝေါ်၍ 'အော်လီယန်းမြို့၏ လုံမပျို' ဟူ၍လည်း ခေါ်တွင်လေသည်။ ၁၄၁၂ ခုနှစ်တွင် ဒွန်ရမီလာပွီစဲမြို့ကလေးတွင် မွေးဖွား၍ အနိစ္စရောက်သောအခါတွင် ဂျုန်းသည် အသက် ၂ဝ မျှသာ ရှိသေးသည်။ ဂျုန်းသည် သူလိုငါလို သာမန်အမျိုးသမီးကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ မိဘများကား ဝမ်းရေးဖူလုံသော လယ်သမားများ ဖြစ်ကြသည်။

ဂျုန်းသည် အိမ်တွင်းမှုတို့၌ မိခင်ကိုကူညီလျက် ၁၃ နှစ်သမီးသို့ ရောက်သောအခါ ဘုရားတရားကို အထူးလေးစားလာသည်။ ထိုအချိန်တွင် အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ နှစ်တစ်ရာစစ်ပွဲကြီး ဖြစ်ပွားနေစဉ်ဖြစ်၍ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်လျက်ရှိလေသည်။ ဂျုန်းသည် ရပ်ရွာဘုရားရှိခိုးကျောင်း၌ ဘုရားဝတ်ပြုနေစဉ် စိန်မာဂရက်နှင့် စိန်ကက်သရင်းတို့က သူ့အား မည်သို့ဆောင်ရွက်ရန် ပြောပြနေသည်ကို ထူးခြားစွာကြားရ၏။ ထိုထူးခြားသည့် အခြင်းအရာကို အခြားသူများအား ပြောပြ၍လည်း ယုံကြည်နိုင်ဖွယ်မရှိသဖြင့် ဂျုန်းသည် မိမိရင်ထဲတွင် မျိုသိပ်ထားရလေသည်။ ၄ နှစ်တိုင်မျှ ထိုကဲ့သို့ ဆက်လက်ကြားနေရသည် ဟု ဆိုလေသည်။

ဂျုန်းသည် ၁၇ နှစ်အရွယ်သို့ရောက်သောအခါ ဘိသိက်မခံရသေးသော ပြင်သစ်နိုင်ငံဘုရင် သတ္တမ ချားလ်ထံသို့ သွားရောက်၍ အကူအညီပေးရန် တိုက်တွန်းသံကို ကြားရပြန်၏။ ထို့ကြောင့် မိဘဆွေမျိုးသားချင်း မိတ်ဆွေများနှင့် ကိုးကွယ်သော ဘုန်းတော်ကြီးများက တားမြစ်သော်လည်း ချားဘုရင် ရှိရာသို့ ထွက်ခွာလာခဲ့လေသည်။ ချားဘုရင်နှင့်တွေ့သောအခါ ပြင်သစ်နိုင်ငံတော်အရေးကို ဘုရားသခင်၏ အလိုတော်အရ ကူညီရန်လာရောက်ကြောင်း လျှောက်တင်လေသည်။ ချားကလည်း ဂျုန်း၏ လျှောက်တင်ချက်ကို ယုံကြည်လျက် ကူညီရန် ခွင့်ပြုလိုက်၏။ ချားမှာ ဘုရင်ဟု အမည်ခံယူထားသော်လည်း ဘိသိက်မခံရသေးချေ။ ထို့ကြောင့် ချားအား ပြင်သစ်ဘာသာဖြင့် ဒိုဖန်ဟုခေါ်လေသည်။ ချားသည် ဘဏ္ဍာရေးအလွန်ချို့တဲ့သောကြောင့် ဆင်းရဲစွာနေထိုင်ရသည်။ သို့ဖြစ်၍ အင်္ဂလိပ်တို့၏ ရန်စွယ်ကို စွမ်းစွမ်းတမံ တွန်းလှန်နိုင်မည့် အင်အားတောင့်တင်းသော စစ်တပ်ကြီးများကို ဖွဲ့စည်းကာ ရွပ်ရွပ်ချွံချွံ မတိုက်ခိုက်နိုင်ခဲ့ချေ။ ထိုအချိန်တွင် ပြင်သစ်တစ်နိုင်ငံလုံးလိုလိုပင် အင်္ဂလိပ်တို့လက်အောက် ရောက်နေပြီးလျှင် အော်လီယန်းမြို့ကြီးမှာလည်း ကျဆုံးလုဆဲဆဲ ဖြစ်နေလေသည်။

ချား၏ အမိန့်ဖြင့် ဂျုန်းသည် သောင်းတပ်ကြီးကို ကွပ်ကဲအုပ်ချုပ်ခွင့်ရလေသည်။ ထို့ကြောင့် ချပ်ဝတ်တန်ဆာတို့ကိုဆင်မြန်းကာ ဂျုန်းသည် ပြင်သစ်အလံတော်ကြီးကို တလူလူ ဝင့်ထူပြီးလျှင် တပ်ဦးမှနေ၍ ရဲဝံ့စွာ ချီတက်လေတော့သည်။ နောက်ပါတပ်သားများလည်း များစွာစိတ်အားတက်ကြွလျက် လိုက်ပါကြသည်။ ဂျုန်း၏တပ်ကြီးသည်လည်း တိုက်ပွဲတစ်ခုပြီးတစ်ခု အောင်မြင်လျက်ရှိသည်။ ၁၄၂၉ ခုနှစ်၊ မေလတွင် ရန်သူ့လက်တွင်းသို့ ကျလုဆဲဆဲ အော်လီယန်းမြို့ကြီးကို ကယ်တင်နိုင်ခဲ့သည်။ ဂျုန်းကိုယ်တိုင် ရှေ့ဆောင်လျက် တိုက်ခိုက်သဖြင့် ရန်သူတို့အရေးနိမ့်၍ ဆုတ်ခွာထွက်ပြေးကြရသည်။ ယင်းသို့ဖြင့် အော်လီယန်းမြို့တိုက်ပွဲမှာ နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့လေသည်။

ထိုတိုက်ပွဲကြီး အပြီးတွင် မိမိကြည်ညိုလေးစားလှသော ချားကို ဘုရင်အဖြစ် ဘိသိက်ခံနိုင်အောင် ဆောင်ရွက်သည်။ ပြင်သစ်ဘုရင်တို့သည် ရိမ်းမြို့တွင် ဘိသိက်ခံရမြဲအစဉ်အလာရှိရာ ထိုမြို့ဆီတွင် ရန်သူတို့ မရှင်းလင်းသော်လည်း ဂျုန်းက တာဝန်ယူစောင့်ရှောက်ကာကွယ်ပြီးလျှင် ထိုမြို့၌ ချားကို ဘိသိက်ခံစေသည်။ ယင်းသို့ဖြင့် ဂျုန်းသည် ယောက်ျားကောင်းတို့ ဆောင်ရွက်နိုင်ခဲသော ကိစ္စများကိုပင် အောင်မြင်ခဲ့သဖြင့် သူ၏ ဂုဏ်သတင်းမှာ လွန်စွာ ထင်လင်းခဲ့လေသည်။ ထို့နောက်တွင် သူကြားနေကြဖြစ်သော ညွှန်ကြားချက်များ ကို မကြားရတော့သဖြင့် သူ့အလုပ်ပြီးပြီဟု ယူဆကာ နေရပ်သို့ပြန်မည်ပြု၏။ သို့သော် ချားဘုရင်က တားထားသေးသဖြင့် တိုက်ပွဲများတွင် ဆက်လက်ခေါင်းဆောင်နေရပြန်သည်။ ဤသို့ အံ့ဖွယ်သရဲကိစ္စတို့ကို ဆောင်ရွက်ခဲ့သောဂျုန်းမှာ နောက်ဆုံး တွင် ဒုက္ခနှင့် တွေ့ရသည်။ ကွန်ပြိန်မြို့ကို ဗာဂန်ဒီပြည်သားတို့ ဝန်းရံထားရာ ထိုမြို့ကို ကယ်တင်ရန်အတွက် ဂျုန်းသည် ခေါင်းဆောင်လျက် တိုက်သော်လည်း စစ်ရေးနိမ့်၍ ဂျုန်းမှာ အဖမ်းခံခဲ့ရလေသည်။ ထိုအခါ ဂျုန်းကူညီ၍ ဘုရင်ဖြစ်လာသော ချားသည် သူအား ကယ်ဆယ်ရန် မကြိုးစားခဲ့ချေ။

ထို့ကြောင့် ကယ်မည့်သူကင်းဝေးသော ဂျုန်းကို ဗာဂန်ဒီ ပြည်သားတို့က အင်္ဂလိပ်တို့အား ရောင်းချလိုက်လေသည်။ ဂျုန်းကြောင့် စစ်ရေးနိမ့်သော အင်္ဂလိပ်တို့သည် ရှူအန်းမြို့တွင် ဂျုန်းကိုချုပ်နှောင်ထားကြသည်။ အင်္ဂလိပ်တို့၏ နှိပ်စက်ညဉ်းပန်းခြင်းကိုလည်း ဂျုန်းခံရ၏။ အင်္ဂလိပ်တို့က ဂျုန်းကို စုန်းမဖြစ်၍သာ ဤမျှအံ့ဖွယ်သရဲများကို ထူးကဲစွာ ဆောင်ရွက်နိုင်သည်ဟု စွဲချက်တင်၍ထားလေသည်။ ကူညီအားပေးမည့်သူ မရှိသော်လည်း ဂျုန်းသည် ရဲဝံ့တည်ကြည်စွာဖြင့် ပြန်လည်ချေပခဲ့၏။ သို့ရာတွင် ၁၄၃၁ ခုနှစ်၊ မေလတွင် မီးရှို့သတ်ခြင်းကို ခံရလေသည်။ ဂျုန်းအနိစ္စရောက်ပြီး၍ အနှစ် ၅ဝဝ ခန့် ကြာမှ ဂျုန်း၌ အပြစ်မရှိဟု ပြန်လည်ဆုံးဖြတ်ကာ ဗရင်ဂျီဂိုဏ်း သူတော်စင်စာရင်းတွင် သွတ်သွင်းကာ စိန်ဂျုန်းအဖြစ် ကိုးကွယ်ကြသည်။ ယင်းသို့ဖြင့် ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သည့် အာဇာနည်ဂျုန်းမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းခဲ့ရပေသည်။[၄]

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ