ဂျေ ကေ ရိုးလင်း

အင်္ဂလိပ် စာရေးဆရာမ

ဂျွမ်း ရိုးလင်း CH, OBE, HonFRSE, FRCPE, FRSL (အင်္ဂလိပ်: Joanne Rowling ၊ "ရိုးလင်း - rolling"[၁]၊ ၁၉၆၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် မွေးဖွား) ၊ ဂျေ ကေ ရိုးလင်း ဆိုသော ကလောင်အမည်ဖြင့် ပိုမိုထင်ရှား) သည် ဗြိတိသျှလူမျိုး ဝတ္ထုရေးဆရာမ၊ ဇာတ်ညွှန်းရေးဆရာမနှင့် ထုတ်လုပ်သူတစ်ဦး ဖြစ်၍၊ ဟယ်ရီပေါ်တာ ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည် စာအုပ်အတွဲ ရေးသားခြင်းအတွက် လူသိများသည်။ အဆိုပါစာအုပ်များသည် ဆုပေါင်းများစွာ လက်ခံရရှိထားကာ အုပ်ရေ သန်း ၅၀၀ ထက်မနည်း ရောင်းချပြီး ဖြစ်သည်။[၂][၃] သမိုင်းတစ်လျှောက် အရောင်းရဆုံးသော စာအုပ်အတွဲလည်း ဖြစ်လာပြီး ရုပ်ရှင်အတွဲရိုက်သည်အထိ အောင်မြင်ခဲ့လေသည်။[၄] ထိုဇာတ်ကားများတွင်လည်း ဇာတ်ညွှန်းပိုင်းဆိုင်ရာတွင် ရိုးလင်း၏ သဘောတူလက်ခံ အကြံပေးမှုအတိုင်း ဆောင်ရွက်ပေးခဲ့ရပြီး၊[၅] သူမသည် ထိုရုပ်ရှင်အတွဲစဉ်၏ နောက်ဆုံးဇာတ်ကားများတွင် ထုတ်လုပ်သူတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သည်။[၆] ရော်ဘတ် ဂယ်လ်ဘရစ် ဟူသည့် ကလောင်နာမည်ကိုလည်း အသုံးပြုသည်။

ဂျေ ကေ ရိုးလင်း
J. K. Rowling

CH OBE  FRCPE FRSL
၂၀၁၀ ခုနှစ်၊ ဧပြီလက တွေ့ရသော ရိုးလင်း
မွေးဖွားဂျွမ်း ရိုးလင်း (Joanne Rowling)
(၁၉၆၅-0၇-၃၁) ၃၁ ဇူလိုင်၊ ၁၉၆၅ (အသက် ၅၈)
ယိတ် (Yate)၊ ဂလော်ဆီစတာရှိုင်းယား (Gloucestershire)၊ အင်္ဂလန် (England)
ကလောင်အမည်
  • ဂျေ ကေ ရိုးလင်း (J. K. Rowling)
  • ရော်ဘတ် ဂယ်လ်ဘရစ် (Robert Galbraith)
အလုပ်အကိုင်ဝတ္ထုရေးဆရာမ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်သူ၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာမ၊ ပရဟိတသမား
နိုင်ငံလူမျိုးဗြိတိသျှ (British)
ပညာရေးအိက်ဆက်တာတက္ကသိုလ် (University of Exeter) (၁၉၈၆ ဘီအေဝိဇ္ဇာဘွဲ့)
ကာလ၁၉၉၇ - လက်ရှိအချိန်အထိ
စာပေအမျိုးအစားဆန်းကြယ်စိတ်ကူးယဉ်၊ ဒရမ်မာ၊ အရွယ်ရောက်လူငယ်ဆိုင်ရာ စိတ်ကူးယဉ်၊ ရသစုံဇာတ်လမ်း၊ မှုခင်းရသ
ထင်ရှားသည့်လက်ရာများဟယ်ရီပေါ်တာ စာအုပ်အတွဲ
အိမ်ထောင်ဖက်
  • ဂျော့ အရန်တီစ် (Jorge Arantes)
    (လက်ထပ် 1992; divorce 1995)
  • နေးလ် မာရေး (Neil Murray)
    (လက်ထပ် 2001)
သားသမီး၃ ဦး

လက်မှတ်
ဝက်ဘ်ဆိုဒ်
jkrowling.com

အင်္ဂလန်နိုင်ငံ၊ ဂလော်ဆီစတာရှိုင်းယား၊ ယိတ်တွင် မွေးဖွားခဲ့သူ ရိုးလင်းသည် ၁၉၉၀ ခုနှစ်အတွင်းက မန်ချက်စတာ (Manchester) မှ လန်ဒန်မြို့ (London) သို့သွားသော ရထားတစ်စီး၏ အချိန်နှောင့်နှေးနေမှုအတွင်း ဟယ်ရီပေါ်တာအတွဲအတွက် အကြံဉာဏ်များ ပေါ်လာစဉ်အချိန်က သူမသည် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) တွင် သုတေသနပညာရှင်နှင့် ဘာသာစကားနှစ်မျိုးတတ်သော အတွင်းရေးမှူးအဖြစ် အလုပ်လုပ်နေခဲ့သည်။ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့သော ပထမဆုံးပွဲဦးထွက်စာအုပ် ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး စာအုပ်မထွက်မီအထိ ခုနစ်နှစ်တာကာလအတွင်း သူမမိခင်၏ သေဆုံးမှု၊ သူမ၏ ပထမမြောက်ကလေးကို ဖွားမြင်မှု၊ ပထမခင်ပွန်းမှ ကွာရှင်းပြတ်ဆဲမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို တွေ့မြင်ခံစားခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင်မူ အတွဲစဉ်၏ နောက်ဆုံးစာအုပ် ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင် ထွက်ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ အရွယ်ရောက်ပြီးသူများအတွက် စာအုပ်ငါးအုပ် ရေးသားခဲ့သည်။ ၎င်းတို့မှာ အမှတ်မထင် ငေးငိုင်ခြင်း (The Casual Vacancy) (၂၀၁၂) နှင့် မှုခင်းဝတ္ထုများဖြစ်သော (ရော်ဘတ် ဂယ်လ်ဘရစ် ကလောင်အမည်ဖြင့် ရေးသည်) ဥဩခေါ်သံ (The Cuckoo's Calling) (၂၀၁၃)၊ ချည်မျှင်ပိုးကောင် (The Silkworm) (၂၀၁၄)၊ ဆိုးယုတ်ခြင်း၏ အသက်မွေးမှု (Career of Evil) (၂၀၁၅)၊ သေလောက်သည့် အဖြူ (Lethal White) (၂၀၁၈) တို့ဖြစ်ကြသည်။[၇]

ရိုးလင်း၏ ကမ္ဘာ့ပထမဆုံး ဘီလျံနာ စာရေးဆရာ ဖြစ်လာမှုသည် နေ့ချင်းညချင်း သူဌေးဖြစ်သည့် ဘဝဟုပင် ဆိုနိုင်သည်။[၈] မည်သို့ပင်ဆိုစေကာမူ သူမသည် ပိုင်ဆိုင်မှုမှ အများအပြားကို အလှူအတန်းပြုလုပ်ရာတွင် ရက်ရက်ရောရော လှူဒါန်းပေးကမ်းပစ်မှုကြောင့် ဘီလျံနာဂုဏ်ပုဒ် ပျောက်ခဲ့ရ၏။ သူမသည် ဘီလျံနာမဖြစ်တော့သည်ပင်လျှင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်နေသေးပေသည်။[၉] သူမသည် ယူနိုက်တက်ကင်းဒမ်း၏ အသက်ရှင်လျက်ရှိသေးသော စာရေးဆရာများတွင် စာအုပ်အရောင်းရဆုံးသော စာရေးဆရာမ ဖြစ်ပေသည်။[၁၀] ၂၀၁၆ ခုနှစ် ဆန်းဒေးတိုင်းမ်၏ သူကြွယ်စာရင်း (Sunday Times Rich List) က သူမ၏ ပိုင်ဆိုင်မှုကို ပေါင်သန်းပေါင်း ၆၀၀ မျှရှိမည်ဟု ခန့်မှန်းပြီး၊ ယူကေ၏ ၁၉၇ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့၏။[၁၁] တိုင်းမ်မဂ္ဂဇင်း (Time magazine) က သူမကို ၂၀၀၇ ခုနှစ်၏ အထူးချွန်ဆုံးပုဂ္ဂိုလ် (Person of the Year) စာရင်းတွင် ထိပ်ဆုံးနေရာတစ်ခုမှ ဖော်ပြခဲ့သည်။ သူမက ပရိသတ်များကို ပေးအပ်ခဲ့သော လူမှုရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဆိုင်ရာဉာဏ်ကွန့်မြူးမှုတို့အတွက် ထိုသို့သတ်မှတ်ပေးခြင်း ဖြစ်၏။[၁၂] ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတွင်မူ ရိုးလင်းကို ထိပ်တန်းမဂ္ဂဇင်းအယ်ဒီတာများက "ဗြိတိန်တွင် ဩဇာအညောင်းဆုံး အမျိုးသမီး" အဖြစ် ဖော်ပြခဲ့သည်။[၁၃] သူမသည် ကောမစ် ရီလိဖ် (Comic Relief) ၊ ဝမ်း ပေးရန့် ဖမ်မလီးစ် (One Parent Families) နှင့် မာတီပယ်လ် စက်လာရော်ဆစ် စိုဆီတီ အော့ဖ် ဂရိတ် ဗြိတိန် (Multiple Sclerosis Society of Great Britain) အပါအဝင် အလှူအတန်းအသင်းအဖွဲ့များကို ပံ့ပိုးကူညီပေးခဲ့ပြီး၊ သူမ၏ ကိုယ်ပိုင်ပရဟိတအသင်း လူးမို့စ် (Lumos) ကိုလည်း တည်ထောင်ထားသည်။



ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ